ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 3, 2011

လူထုကျန်းမာရေး (ပေါ့ပေါ့ပါးပါး ကိုယ်အလေးချိန် ချနည်းများ)

>

**Public Health**

ကိုယ်အလေးချိန်ချရာမှာ အကုန်အကျများတဲ့ ကုသနည်းတွေက နောက်ဆုံး ဖြေရှင်းချက်လို့ မဆိုနိုင်ပါဘူး။ အဆီကျ ပိန်ဆေးတွေ၊ အဆီစုပ်ယူ ဖယ်ရှားတဲ့ ခွဲစိတ်ကုသမှုမျိုးတွေ မသုံးဘဲ သင့်ရဲ့ ဘ၀နေထိုင်မှုပုံစံ (lifestyle) ကို ပြောင်းလဲရုံမျှနှင့် သင့်ခန္ဓာကိုယ်ပုံစံကို ပြောင်းလဲနိုင်ပါတယ်လို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။ ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

အခြေခံကျကျ နေထိုင်ပါ---
သင့်မျက်စိကို ဖွင့်ထားပါ---
ဘယ်အပြုအမူကို မဆို ပြောင်းလဲတော့မယ်ဆိုရင် ပထမဆုံး ခြေလှမ်းကတော့ မိမိပြောင်းလိုတဲ့ အမူအကျင့်နှင့် ပတ်သက်ပြီး ပိုပြီး သိထားဖို့ပဲ ဖြစ်တယ်။ အာဟာရဓာတ် သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဂျွန်ဖော့ယက်ရဲ့ အဆင့် သုံးဆင့်ပါ အစီအစဉ်ကို လိုက်နာဖို့ လိုပါလိမ့်မယ်။ ဒါတွေကတော့-

၁။ ကိုယ်အလေးချိန်ကို နေ့စဉ်ချိန်ပါ။
၂။ သင် စားတဲ့ အစားအစာကို မှတ်တမ်း ပြုထားပါ။
၃။ သင့်ရဲ့ လှုပ်ရှားမှု ဒါမှမဟုတ် လေ့ကျင့်ခန်းကို ခြေရာခံ မှတ်သားပါ။

ကိုယ်လက်လှုပ်ရှားမှု အားလုံးက အရေးပါပါတယ်။---
ဘယ် ကိုယ်လက်လှုပ်ရှားမှုမဆို ကောင်းတာချည်းပါပဲ။ မိမိ ခြံဝင်းထဲရှိ ကားထားရာ နေရာအထိ အသွားအပြန် လျှောက်တာက ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား ထိုင်ကြည့်နေတာထက် ပိုပြီး ကောင်းပါတယ်။

ဖြည်းဖြည်းပေါ့---
ခုအခါမှာ လူတွေက စားစရာ များများရှိတဲ့နေရာကို ခပ်သုတ်သုတ်သွား တ၀တပြဲကြီးစားပြီး အပြေးအလွှား သွားလာနေကြရတယ်။ ဒီအစား သင် ဘာစားနေတယ်ဆိုတာ စဉ်းစားပြီး တကိုက်ချင်း အရသာခံ စားပါလို့ ဟားဗတ်လူထု ကျန်းမာရေးကျောင်း၊ အာဟာရနှင့် ကူးစက်ရောဂါဌာန ပါမောက္ခက ပြောပါတယ်။

မိမိကိုယ်ကို ပိုပြီး အလေးထားပါ---
မိမိ စားတဲ့အစားအစာကို တခြားသူတယောက်ကို ကျွေးမှာလားလို့ မေးရင် အများစုကတော့ ဟုတ်ကဲ့လို့ဖြေမယ် ထင်ပါတယ်။ ဒါပေမဲ့ မိမိစားတဲ့အစာတွေကို အသေအချာ ရိုးရိုးသားသားနှင့် ကျန်းမာရေး ရှုထောင့်ကကြည့်မိ မယ် ဆိုရင် ဒီလို ချာတူးလန်တဲ့ဟာကို ဘယ်သူ့မှ ကျွေးလိုစိတ် ရှိတော့မှာ မဟုတ်ပါဘူး။

သူ့အတိုင်း စား---
သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် များများစားပေးပါ။ ဒါပေမဲ့ ယင်းတို့ကို အဆီ၊ ဆား ဒါမှမဟုတ် သကြား လွှမ်းခြုံပြီး စားတာမျိုး မဖြစ်စေရပါ။ အခွံမာသီးများကို ရွေးချယ်စားသောက်မယ် ဆိုရင်လည်း အစိမ်းလိုက် ဆားမပါတာကို ရွေးချယ်ပါ။ လှော်ထားတာမျိုး မဖြစ်ပါစေနဲ့။

အဆီကို လျှော့စားပါ---
ပရိုတင်းနဲ့ ကာဗိုဟိုက်ဒြိတ်များက အလေးချိန် တစ်ဂ၇မ်မှာ လေးကယ်လိုရီ ရှိတယ်။ အဆီ တစ်ဂရမ်မှာကတော့ ကိုးကယ်လိုရီ ရှိတယ်။ ဒါကြောင့် အဆီလျှော့စားရင် အစား မလျှော့ရဘဲနှင့် ကယ်လိုရီအရ နည်းမယ်။ ခန္ဓာကိုယ် အဆီအတက် နည်းမယ်။

လုံးတီး ကောက်နှံများကို အလေးထား---
ကာဗိုဟိုက်ဒြိတ် အနုစား (refined carbs) တွေက စားလိုက်ရင် အူက စုပ်ယူမှုမြန်တဲ့အတွက် အဆီအဖြစ် ပြောင်းလဲသွားတာလည်း မြန်တယ်။ ကာဗိုဟိုက်ဒြိတ် အနုစားတွေထဲမှာ ဆန်ဖြူ၊ ခေါက်ဆွဲ၊ ပေါင်မုန့် စသည်တို့ ပါတယ်။ ဒါကြောင့် အကြမ်းစားဖြစ်တဲ့ လုံးတီး ကောက်နှံများ (whole grains) ကို ရွေးချယ်စားသုံးပါ။

ဟင်းချို ဟင်းခါး များများစား---
အသား၊ ငါး၊ အသီး အရွက်ပြုတ်၊ ဟင်းချို၊ ဟင်းခါးလိုမျိုး အရည်ပါဝင်မှုများတဲ့ အစားအစာကို စားသုံးခြင်းက အစာစားပြီး ရေသောက်ခြင်းထက် ပိုပြီး ဗိုက်ပြည့်မြန်စေပါတယ်။

၂-အချိုး ၁၀၀-ဥပဒေသကို သုံး---
ဗိုက်ပြည့်ဖို့ ဖိုင်ဘာမျှင် များများပါတဲ့ အစားအစာကို စားပါ။ ၁၀၀-ကယ်လိုရီမှာ ဖိုင်ဘာ အနည်းဆုံး နှစ်ဂရမ်ပါတဲ့ ပေါင်မုန့်၊ ဆီရိယာယ်နှင့် ခရက်ကာများကို ရွေးစားပါ။

အချိုရည်မှ ကယ်လိုရီကို လျှော့---
အချိုရည်ခွက်ထဲမှ ကယ်လ်လိုရီများကို လျှော့ပါ။ တနေ့ အချိုရည်တပုလင်း လျှော့ရုံနှင့် တနှစ် ခြောက်ကီလိုဂရမ်လောက် ကိုယ်အလေးချိန် ကျသွားနိုင်ပါမယ်။

ဘယ်အခါနှင့် ဘယ်လို စားမလဲ---
နံနက်စာ စားခြင်းက အခရာကျပါတယ်။ ကျန်အချိန် တနေ့လုံးအတွက် စားသောက်မှုကို ပိုကောင်းအောင် စီမံခန့်ခွဲသွားစေနိုင်ပါတယ်။ သို့သော်လည်း သင် ဘာစားသလဲ ဆိုတာလည်း အရေးကြီးဆဲပါပဲ။ နေ့တနေ့ရဲ့ အစပိုင်း (နံနက်စာ အတွက်) ဒိုးနတ် မုန့်မျိုး စားပြီး အလေးချိန် ကျချင်လို့ကတော့ မဖြစ်ဘူး။

တခါ လွဲချော်ရုံနှင့် မစွန့်လွှတ်ပါနဲ့---
ဓာတ်စာစားတော့မယ်ဆိုရင် ကျွန်ုပ်တို့အများစုက စည်းကမ်း ကလနားထားပြီး လုပ်လေ့ရှိကြပါတယ်။ အဲဒီမှာ စည်းမျည်း စည်းကမ်းတခုကို ချိုးဖောက်လိုက်တာနှင့် ဓာတ်စာစားတဲ့ အစီအစဉ်ကို စွန့်လွတ်လိုက်တော့တာပဲ။ ဒါပေမဲ့ သိထားရမှာကတော့ အမှားဆိုတာ လုပ်မိတတ်တာပဲ။ ဖြစ်မိတတ်တာပဲ။ အရေးကြီးတာက အဲဒီအမှားကို ဘယ်လိုပြုပြင်ပြီး ရှေ့ဆက်ရမယ် ဆိုတာပါ။

အကာအကွယ် ယူထား---
ရာသီဥတု မကောင်းတဲ့အခါ ကျွန်ုပ်တို့တတွေက ရာသီဥတုဒဏ်မှ ကာကွယ်ဖို့ မိမိကိုယ်ကို တာဝန်ယူကြတာပဲ မဟုတ်လား။ (ထီးဆောင်းသွားတာတို့ စသဖြင့်ပေါ့) ထို့အတူ ကျွန်ုပ်တို့ တတွေက မကောင်းတဲ့ အာဟာရဓာတ် ၀န်းကျင် ရာသီဥတုမျိုးမှာ နေနေကြရတာ၊ အဲဒီ ၀န်းကျင်ထဲကို နေ့တိုင်း သွားလာ လှုပ်ရှားနေကြပြီး မ၀အောင် မျှော်လင့်နေတာကတော့ ရူးမိုက်ရာ ကျပါတယ်-လို့ ယေးလ် တက္ကသိုလ်မှ အ၀လွန်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ကတ်ဇ်က ပြောပါတယ်။

ဒါကြောင့် ဒေါက်တာ ကတ်ဇ်က အပြင်ထွက်တဲ့အခါမှာ လုံးတီး ဆီရီယာယ်၊ မုန်လာဥနီ၊ အခွံမာသီးများ၊ သစ်သီး ၀လံများနှင့် အဆီမပါ ဒိန်ချဉ်ကို ထုပ်ပိုး ယူဆောင်ခြင်း မရှိဘဲ အိမ်မှ ထွက်ခွာလေ့ မရှိဘူးလို့ သိရပါတယ်။

ဆုံးဖြတ်ချက် ကောင်းကောင်း ချမှတ်ပါ---
ကယ်လိုရီနည်း အစာများနှင့် စတင်ပါ---
ထမင်းမစားမီ သားငါး၊ ဟင်းသီး ဟင်းရွက်ပြုတ်၊ ဟင်းချို၊ ဟင်းခါး ဒါမှမဟုတ် အဆီနည်းတဲ့ ကယ်လိုရီ ၁၅၀-ထက် ပိုမပါတဲ့ အသီးအရွက်သုပ်နှင့် စတင်ပါ။ ဒါဆိုရင် ပင်မ ထမင်းဟင်းကို လျှော့စားပေလိမ့်မယ်။ ယခုဖော်ပြတဲ့ ပွဲကြို အစာတွေက ကယ်လိုရီ နည်းပေမဲ့ ပရိုတင်း၊ ဖိုင်ဘာမျှင် မြင့်မားစွာ ပါဝင်ပြီး ဗိုက်လည်း ပြည့်ပါတယ်။

ပြည့်ဝ အဆီတွေကို လျှော့---
အသွင်ပြောင်း အဆီ၊ ပြည့်ဝအဆီများ (trans and saturated fats) နှင့် စက်ရုံထွက် အစားအစာများကို လျှော့စားပါ။ ဒါတွေက အသည်းရောင်ခြင်းကို လှုံ့ဆော်ပေးပြီး ဆီးချို သွေးချိုရောဂါ၊ ကိုလက်စထရောပမာဏ မြင့်မားခြင်းနှင့် သွေးတိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။ သဘာဝ အစားအစာများနှင့် ရောင်ရမ်းခြင်းကို ပြေစေတဲ့ အိုမီဂါ ၃-အဆီအက်ဆစ်ကို ပိုမို စားသုံးပေးပါ။

ထမင်း အစားထိုး အာဟာရနှင့် တချို့ အလုပ်ဖြစ်---
တချို့လူတွေအတွက် ကိုယ်အလေးချိန် ကျဖို့နှင့် ဆက်လက်ထိန်းဖို့အတွက် Slim Fast သို့မဟုတ်-Ensure လိုမျိုး ထမင်း အစားထိုးအာဟာရများ (meal replacemest)က ပိုပြီး လွယ်ကူတာ တွေ့ရပါတယ်။

မကြာခဏ စားပါ---
နှစ်နာရီခြား စသဖြင့် အစာပေါ့ပေါ့ပါးပါး စားခြင်းက ၀မ်းမဟာစေပါဘူး။ ကျန်းမာရေးနှင့်ညီတဲ့ အစားအစာများကို မကြာခဏ စားပေးခြင်းက အဆာကြာကြာ ပိုခံပါတယ်။

ကြိုက်တဲ့အစာကို ရှာထား---
မိမိကြိုက်တတ်တဲ့ အစားအစာ အနည်းငယ်ကို ရွေးချယ်ပြီး စွဲမြဲ စားသောက်ပါ။ ယင်းအစာကို တပတ်တပတ်မှာ ရက်အနည်းငယ် စားသုံးပေးပါ။ စားတာက ဗိုက်ဆာလို့ စားတာ ဖြစ်ရပါမယ်။ အရသာ အသစ်အဆန်းများကို မြည်းစမ်းချင်လို့ စားတာမျိုး မဖြစ်စေရပါ။

စနေ တနင်္ဂနွေနေ့များကို သတိထား---
အသက် ၁၉-နှစ်မှ ၅၀-နှစ်အတွင်းရှိ အရွယ်ရောက်သူများက ရက်သတ္တပတ် အားရက်တရက်မှာ ၁၁၅-ကယ်လ်လိုရီလောက် ပိုစားကြတာ တွေ့ရတယ်လို့ သုတေသီတဦးက ပြောပါတယ်။ ဒီလိုမျိုး ရက်တွေ ဆိုတာက သောကြော၊ စနေနှင့် တနင်္ဂနွေ နေ့တွေပဲ ဖြစ်ပါတယ်။

သင့်မှာ တာဝန် အရှိဆုံး---
ဘယ်လိုနည်းနဲ့ အလေးချိန် ကျပါစေ---
ကိုယ်အလေးချိန် ကျစေတဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ဘယ်နည်းပဲ လုပ်လုပ် အရေးမကြီးပါ။ သင့်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ရနေသမျှ အိုကေပါပဲ။ အခရာ ကျတာကတော့ လှုပ်လှုပ်ရှားရှား နေထိုင်ပြီး ကိုယ်အလေးချိန် ကျနေစေဖို့ပဲ ဖြစ်တယ်။

တာဝန်ယူ ပြုပြင်ပါ---
ကျွန်ုပ်တို့ တတွေက ကျွန်ုပ်တို့ စားတဲ့ အစားအစာ အပေါ် ထိန်းချိုပ်လိုကြတယ်။ တားမြစ်ထားတဲ့ အစားအစာလို့ ဆိုမယ့်အစား ကျန်းမာရေးအတွက် ပိုပြီးကောင်းတာတွေကို စားမယ်လို့ ပြဋ္ဌာန်းချက်မျိုး ရှိရမယ်။ တနေ့နေ့ တချိန်ချိန်မှာ စိတ်အလိုလိုက်မိလို့ မစားသင့်တာ စားမိပေမဲ့ ကျဆုံးသွားပြီ ဆိုတာမျိုး မရှိပါဘူး။ နောက်ပိုင်း အချိန်တွေမှာ ပိုပြီး ကျန်းမာစေတဲ့ အစားအစာကို စားမယ်ဆိုပြီး ပြုပြင်ဖို့ပါပဲ။

***ကျော်လေး***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)