** ဒိုကြီးကို ဂုဏ်ပြုသောအားဖြင့် ဘရာဇီးနှင့် ရိုမေးနီးယား ဂုဏ်ပြုပွဲကစားမည် **
(ဘရာဇီးလီးယား၊ မတ်လ ၃ ရက်)
ဘောလုံးကစားခြင်းမှ အနားယူသွားပြီဖြစ်သည့် ကမ္ဘာကျော် ဘရာဇီးကစားသမား ရိုနယ်ဒို(ဒိုကြီး)ကို ဂုဏ်ပြုသည့်အနေဖြင့် လာမည့် ဇွန်လ ၇ ရက်နေ့တွင် ဘရာဇီးအသင်းနှင့် ရိုမေးနီးယားအသင်းတို့ ဂုဏ်ပြုပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ (အင်တာနက်)
** အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီ သုံးပတ်ခန့်နားရမည် **(လန်ဒန်၊ မတ်လ ၃ ရက်)
အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဗန်ပါစီသည် ဘာမင်ဂမ်နှင့် ကစားခဲ့သည့် ကားလင်းဖလားပြိုင်ပွဲတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် အနည်းဆုံး သုံးပတ်ခန့် အနားယူရတော့မည်ဖြစ်သည်။ (အင်တာနက်)
** လေတန်အောရင့်ကို ဂိုးပြတ်ဖြင့် အနိုင်ရသည့် အာဆင်နယ် ကွာတားဖိုင်နယ်တွင် မန်ယူနှင့်တွေ့ဆုံမည် **
(လန်ဒန်၊ မတ်လ ၃ ရက်)
အက်ဖ်အေဖလား ပဉ္စမအဆင့်ပြန်ကန်ပွဲတွင် အာဆင်နယ်က ချာမက်ခ်၊ ဘန်တနာ၊ ကလစ်ချီတို့၏ ဂိုးများဖြင့် အသင်းငယ်လေး လေတန်အောရင့်ကို ငါးဂိုးပြတ်ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသည်။ အခြားပဉ္စမအဆင့် ပွဲစဉ်တစ်ပွဲဖြစ်သည့် မန်စီးတီးနှင့် ဗီလာတို့ပွဲတွင် မန်စီးတီးက ယာယာတိုရေး၊ ဘာလော့တယ်လီနှင့် ဒေးဗစ်ဆေးလ်ဗားတို့၏ ဂိုးများဖြင့် ဗီလာကို သုံးဂိုးပြတ်သွင်း၍ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်သွားပြီဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ဟန်သစ် **

** ဒိုကြီးကို ဂုဏ်ပြုသောအားဖြင့် ဘရာဇီးနှင့် ရိုမေးနီးယား ဂုဏ်ပြုပွဲကစားမည် **
(ဘရာဇီးလီးယား၊ မတ်လ ၃ ရက်)
ဘောလုံးကစားခြင်းမှ အနားယူသွားပြီဖြစ်သည့် ကမ္ဘာကျော် ဘရာဇီးကစားသမား ရိုနယ်ဒို(ဒိုကြီး)ကို ဂုဏ်ပြုသည့်အနေဖြင့် လာမည့် ဇွန်လ ၇ ရက်နေ့တွင် ဘရာဇီးအသင်းနှင့် ရိုမေးနီးယားအသင်းတို့ ဂုဏ်ပြုပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ (အင်တာနက်)
** အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီ သုံးပတ်ခန့်နားရမည် **
(လန်ဒန်၊ မတ်လ ၃ ရက်)
အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဗန်ပါစီသည် ဘာမင်ဂမ်နှင့် ကစားခဲ့သည့် ကားလင်းဖလားပြိုင်ပွဲတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် အနည်းဆုံး သုံးပတ်ခန့် အနားယူရတော့မည်ဖြစ်သည်။ (အင်တာနက်)
** လေတန်အောရင့်ကို ဂိုးပြတ်ဖြင့် အနိုင်ရသည့် အာဆင်နယ် ကွာတားဖိုင်နယ်တွင် မန်ယူနှင့်တွေ့ဆုံမည် **
(လန်ဒန်၊ မတ်လ ၃ ရက်)
အက်ဖ်အေဖလား ပဉ္စမအဆင့်ပြန်ကန်ပွဲတွင် အာဆင်နယ်က ချာမက်ခ်၊ ဘန်တနာ၊ ကလစ်ချီတို့၏ ဂိုးများဖြင့် အသင်းငယ်လေး လေတန်အောရင့်ကို ငါးဂိုးပြတ်ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသည်။ အခြားပဉ္စမအဆင့် ပွဲစဉ်တစ်ပွဲဖြစ်သည့် မန်စီးတီးနှင့် ဗီလာတို့ပွဲတွင် မန်စီးတီးက ယာယာတိုရေး၊ ဘာလော့တယ်လီနှင့် ဒေးဗစ်ဆေးလ်ဗားတို့၏ ဂိုးများဖြင့် ဗီလာကို သုံးဂိုးပြတ်သွင်း၍ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်သွားပြီဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ဟန်သစ် **
No comments:
Post a Comment