(မတ်လ ၂ရက်၊ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖေါ်မြို့နယ်ရှိ ရာဘာခြံအလုပ်သမငယ်တစ်ဦးအား အဓ္ဓမပြုကျင့် သတ်ဖြတ်အလောင်းဖျက်ပြီးငွေများလုယက်သည့်တရားခံဟုယူဆရသူ ၃ဦးတို့ ကိုဖမ်းဆီး
ထားကြောင်း ယနေ့ ထိုင်းဘာသာဖြင့်ထုတ်ဝေသည့် ထိုင်းရပ်သတင်းစာတွင်ဖေါ်ပြထားသည်။
နယ်မြေအမှတ်(၆)ကျုံဖေါ်မြို့နယ်၊ဖါးဆယ်မြို့(စိန်ကျောက်)ကျောက်ဖန်ခွက်ကျေးရွာတွင်ရှိသော ရာဘာခြံ
တခြံမှ အသက်၂၂နှစ်အရွယ် မောင်အောင်နှင့် အသက်၂၂နှစ်အရွယ် မ၀င်းတို့  ပြီးခဲ့သည့်ဖေဖေါ်ဝါရီ ၂၇ ရက်
ညဥ့်၁၀နာရီခန့် ကအိပ်နေချိန်တွင်ဖြစ်သည်။
ခြံဘာခြံအတွင်းသို့ အမြဲတမ်းလာရောက်ပြီးအရက်သောက်လေ့ရှိကြသည့်ထိုင်းလမ်းသရဲ၎ဦးတို့ မှ
အနီးအနားရှိ တဲတစ်လုံးတွင် အရက်ထိုင်သောက်ပြီး အရက်ကုန်သွားသဖြင့် ကိုမောင်အောင်နှင့် မ၀င်းတို့ အိမ်
ခန်းအား ကော်ဖီဖျော်သောက်ရန်ရေနွေးလိုချင်ကြောင်းတံခါးခေါက်ပြီးနှိုးခဲ့သည်။
၎င်းလမ်းသရဲတို့တွင်အရက်ကုန်သွားသဖြင့်အရက်ဖိုးတောင်းရန်တံခါးကိုခေါက်ခဲ့ခြင်းဖြစ်သည်။ယခင်၂ကြိမ်
တောင်းခံခဲ့ဖူးသည်။
တံခါးဖွင့်ပေးသည့် ကိုမောင်အောင်အား လမ်းသရဲအုပ်စုမှ အရက်ဖိုးငွေတောင်းခံခဲ့ရာ ငွေမရှိကြောင်း ကိုမောင်အောင်ကပြောဆိုခဲ့သည်။ထိုအခါကိုမောင်အောင်အားပါလာသည့်သေနတ်ဖြင့်ဦးခေါင်းအားရိုက်နှက်သဖြင့်လဲကျသွားခဲ့သည်။ ထို့နောက် လင်မယား၂ဦးစလုံးတို့ အား ရေချောင်းနားတစ်ခုသို့ ခေါ်ဆောင်လာပြီး ကိုမောင်အောင်အား ကြိုးများဖြင့်တုတ်နှောင်လိုက်သည်။
ထို့နောက် ခင်ပွန်းဖြစ်သူရှေ့ တွင် ဇနီးသည် မ၀င်း အား ထိုင်းလမ်းသရဲ ၄ဦးတို့ အလှည့်ကျ အဓ္ဓမပြုကျင့်ခဲ့ကြ
ပြီး သူမအား သတ်ပစ်ကာရေထဲသို့ပစ်ချခဲ့သည်။ မောင်အောင်မှာ သေချင်ယောင်ဆောင်နေခဲ့သဖြင့် အသက်ချမ်းသာရာရရှိခဲ့သော်လည်း ရေနစ်မွန်းသည့်ဒဏ်များကိုခံခဲ့ရသည်။
အဆိုပါဇနီးမောင်နှံတို့ အားရေချောင်းထဲပစ်ချခဲ့ပြီးနောက် ၄င်းတို့ တဲအိမ်သို့လမ်းသရဲများလာရောက်ပြီ
လက်ကိုင်ဖုန်းတစ်လုံးနှင့်ဘတ်ငွေ ၁၄၀၀၀ တို့ အားယူဆောင်သွားခဲ့ကြသည်။
အခင်းဖြစ်ပွားခြင်းကိုသိရှိကြသော အနီးအနားရှိ ရာဘာခြံအလုပ်သမားများက ရဲစခန်းသို့ ဖုန်းဆက်အ
ကြောင်းကြားခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသော ထိုင်းလမ်းသရဲ ၄ဦးအနက် ၃ဦးကို သက်သေခံ
လက်ကိုင်ဖုန်းနှင့်ငွေများနှင့်အတူဖမ်းဆီးမိထားပြီးဖြစ်သည်။အသက်၂၀အရွယ်၂ဦးအသက်၂၆နှစ်တစ်ဦးနှင့်၁၇နှစ်တစ်ဦးတို့ ဖြစ်ကြပြီးထွက်ပြေးလွတ်မြောက်နေသူမှာ နိုင်သီဟဖုန်သီချ ဖြစ်ကြောင်း ဖမ်းမိသူများ ကရဲစခန်းတွင်ထွက်ဆို ထားကြသည်။ လူယုတ်မာ၃ဦးအားဖမ်းမိ ကြောင်းသတင်းခေါင်းစဉ်ရေးသားထားပြီး ပြစ်မှုထင်ရှားပါက လုယက်၊မုဒိမ်းကျင့်၊လူသတ်မှုတို့ ဖြင့်
ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင်ရေးသားဖေါ်ပြထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်းဒေသရှိရာဘာခြံရာဘာခြံများတွင် မြန်မာအလုပ်သမားများအလုပ်လုပ်ကိုင် လျှက်ရှိကြသည်။ မြန်မာအလုပ်သမားများအား ယခုကဲ့သို့ လုယက်၊ဓါးပြတိုက် လူသတ်မှုများမကြာခဏဖြစ်
ပွားလေ့ရှိကြသော်လည်း ထိရောက်သည့်အကာအကွယ်ပေးနိုင်မှုးနှင့်အရေးယူမှုမှာအထူးနည်းပါးဆဲဖြစ်
ကြောင်း ရာဘာခြံအလုပ်သမားများပြောပြချက်အရသိရှိရသည်။

No comments:
Post a Comment