** လာမည့်နွေရာသီတွင် ပေါင်သန်း ၁၀၀ အသုံးပြု၍ မန်ယူအသင်းကို သွေးသစ်လောင်းရန် ဖာရူဆန်ပြင်ဆင် **
(မန်ချက်စတာ၊ မတ်လ ၆ ရက်)
မန်ယူအသင်းနည်းပြ ဖာဂူဆန်သည် မိမိအသင်းအား လာမည့်နွေရာသီတွင် သွေးသစ်လောင်း၍ အသင်းကို တည်ဆောက်ရန် ပြင်ဆင်နေကြောင်းသိရသည်။ အဆိုပါ ပြင်ဆင်မှုအတွက် ဖာဂူဆန်အနေဖြင့် ပေါင်သန်း ၁၀၀ အထိ အသုံးပြုသွားမည်ဟု ဆိုသည်။ ဖာဂူဆန်သည် အကယ်၍ မိမိအနားယူသွားပါက မန်ယူအသင်းကို အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ရန် ခြေစွမ်းခြေစရှိသည့် ပါရမီရှင်ဘောလုံးသမားများကို ခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။ (အင်တာနက်)

** ဒိုင်၏ ဆုံးဖြတ်ချက်အပေါ် အာစင်ဝင်းဂါး စိတ်ပျက်လျက်ရှိ **
(လန်ဒန်၊ မတ်လ ၆ ရက်)
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အမ်းမရိတ်ကွင်းတွင် ဆန်းဒါးလန်းအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို စိတ်ပျက်လျက်ရှိကြောင်းသိရသည်။ အာစင်းဝင်းဂါးက အာရှာဗင်လူမကျွံဘူးဆိုတာ အတိအကျ ပြောရဲပါတယ်၊ ဒါပေမယ့် ကျနော်တို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒီနေ့ပွဲဟာ တရားမျှတမှုမရှိဘူး ဆိုတာသေချာပါတယ်။ ဒီလိုကိစ္စတွေ ပရီးမီးယားလိဂ်မှာ မကြာမခဏကြုံတွေ့နေရပါတယ် ဟု ညည်းထွားပြောဆိုခဲ့သည်။ (အင်တာနက်)

** မန်ယူတို့ သုံးဂိုး- တစ်ဂိုးဖြင့် ရှုံးပွဲကြုံ ၊လီဗာပူးမှ ဒရက်ကွတ်ဇ် ဟက်ထရစ်သွင်းယူ **
(လန်ဒန်၊ မတ်လ ၆ ၇က်)
ပရီးမီးယားလိဂ် ပွဲစဉ်များကို မတ်လ ၆ ရက်နေ့က ဆက်လက်ယှဉ်ပြိုင်ကစားရာ လီဗာပူးနှင့် မန်ယူတို့ပွဲတွင် လီဗာပူးက သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လီဗာပူးတို့ အိမ်ကွင်းတွင် ပွဲအစမှာပင် ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့သည်။ ပထမပိုင်းတွင် ဘာဘာတော့ဗ်နှင့် ရွန်နေတို့ ထိထိရောက် မထိုးဖောက်နိုင်ခဲ့ချေ။ လီဗာပူးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၄ မိနစ်၌ ဒရက်ကွတ်ဇ်က မန်ယူဂိုးဧရိယာအတွင်းမှ အနီးကပ် အသာအယာ ကန်သွင်းယူခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်ချစ်ကြည် **

No comments:
Post a Comment