“လမ်းသစ်ကျောင်းကလေး တက်ချင်စရာ”
မယ့်ချရောတိုက်နယ်မှာ
ပြောင်းခင်း၊ ဘောက်ရုံ ကျော်ကာဖြတ်
အဲဒါ ရောက်ပြီမှတ်…”
မင်္ဂလာပါခင်ဗျာ။ ။ ဒီကနေ့ တနင်္ဂနွေ အလုပ်ပိတ်ရက်၊ (တကယ်တော့ ထိုင်း-မြန်မာနယ်စပ် တလွှားမှာက အလုပ်လုပ်ရတာပါပဲဗျာ)
အဲဒီ တနင်္ဂနွေနေ့မှာ ထိုင်း-မြန်မာစပ်က “သခွားသီး” မြို့တော် တနေရာမှာ မိုးကြီးပြီး ရေကြီးနေတဲ့ကြားထဲက မြန်မာအလုပ်သမားတွေရဲ့ ရင်သွေးငယ်တွေအတွက် “လမ်းသစ်ကျောင်း (New Road Learning Centre)” ဆိုတာ ဖွင့်လှစ်တယ်ဆိုပဲဗျ။
မိုးကလည်း ဒီရက်ပိုင်းမှာ တစ်နေ့ကို ငါးကျော့၊ ခြောက်ကျော့ အနည်းဆုံး ရွာနေတဲ့ကြားက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရဲ့ မြောက်ဖက် (၂၉) ကီလိုမီတာအကွာအဝေးမှာရှိတဲ့ မယ်ရမတ်မြို့နယ် မယ့်ချရောတိုက်နယ်၊ မယ်ရမတ်မြို့နယ် အမှတ်(၆)ရပ်ကွက်ဘက်မှာ ဟောဒီ “လမ်းသစ်”ကျောင်းဆိုတာကို မင်္ဂလာရှိစွာ ဖွင့်လှစ်လိုက်တာတဲ့ဗျ။ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)က ကြီးမှူးပြီး မဲဆောက်မြို့မှာက “နေ့သစ်” အလယ်တန်းကျောင်း၊ အဲဒီ အကိုကြီးနေ့သစ်အလကရဲ့ ညီလေးကျောင်းအနေနဲ့ ဟောဒီ “လမ်းသစ်”မူလတန်းကျောင်းကို ဖွင့်လှစ်ခဲ့တာ တဲ့ဗျ။
**“သခွားသီး”မြို့တော်**
............................................................
ကဲ… ပြောနေတာ ကြာပါတယ်ဗျာ။ မယ်ရမတ်မြို့နယ်လိုမျိုး၊ မယ့်ချရောတိုက်နယ်လိုမျိုး၊ သခွားသီးတွေလှိုင်လှိုင်ပေါတဲ့ “သခွားသီး”မြို့တော်ဘက်မှာ မြန်မာအလုပ်သမားကလည်း (၁၅၀၀၀)ခန့် ရှိတာရော၊ သူတို့ရဲ့ ရင်သွေးငယ်ကလေး (၆၀၀) လောက်ရှိနေတာရောက ဟောဒီကျောင်းက ထိုင်းကျောင်းဆီမှာ စိတ်အားငယ်ကြသူတွေအတွက် အားဆေးတစ်ခွက် အိပ်မက်တစ်ခုပဲပေါ့ဗျာ….။
ကဲ… ဟောဒီ ဓာတ်ပုံတွေရှုစားပြီး ပီတိပွားလိုက်ကြပါဦး…..။
** ထိုင်းရပ်ကွက်လူကြီးနဲ့ New Day School- New Road School စုပေါင်း အမှတ်တရ**
** မုန့်ဟင်းခါးစားရင်း အားတက်နေကြသူတွေ**
** ကျောင်းဖွင့်ပွဲနဲ့ ဒါရိုက်တာရဲ့ အမှာစကား**
“လမ်းသစ်ကျောင်းကလေး တက်ချင်စရာ”
မယ့်ချရောတိုက်နယ်မှာ
ပြောင်းခင်း၊ ဘောက်ရုံ ကျော်ကာဖြတ်
အဲဒါ ရောက်ပြီမှတ်…”
သတင်းမှတ်တမ်း- သောင်ရင်းနဂါး (မြန်မာပြည်သား)

No comments:
Post a Comment