(ဇွန်လ ၂၆ ၊၂၀၁၁)
မဲဆောက်မြို့မြောက်ဘက် ၂၉ ကီလိုအကွာတွင်ရှိသောမယ်ရမတ်မြို့နယ်၊မယ့်ချရောတိုက်နယ် အမှတ်(၆)
ရပ်ကွက်တွင်လမ်းသစ်အမည်ရှိစာသင်ကျောင်းအသစ်တစ်ကျောင်းအားမဲဆောက်မြို့အခြေစိုက်
မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က စီစဉ်ဖွင့်လှစ်လိုက်သည်။
အဆိုပါကျောင်းတွင် မူကြိုမှ တတိယတန်းအထိ ကျောင်းသား ၄၀ ဦးတက်ရောက်သင်ကြားနေပြီး ကျောင်း
ဆရာ ၂ဦးနှင့် ဆရာမတစ်ဦးတို့ ပြသကြမည်ဖြစ်ကြောင်း (JACBA )ဥက္ကဌ ဦးမိုးကြိုးကပြောသည်။
“ တောင်ယာတွေ စိုက်ခင်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့သားသမီးတွေ လေလွင့်
လူငယ်တွေမဖြစ်စေဖို့ ၊စာသင်နိုင်ဖို့ လိုတယ်၊မြန်မာပြည်မှာလည်းစာမသင်နိုင်ခဲ့ဘူး။ဒီမှာလည်းမသင်နိုင်
တော့ ဒီကလေးတွေရဲ့အနာဂတ်က အထူးစိုးရိမ်ရပါတယ်။ဒါကြောင့် ကျနော်တို့က ဒီတောင်ယာတွေမှာလုပ်
နေတဲ့ကျောင်းသားမိဘတွေကိုစည်းရုံးပြီးတော့ဖြစ်မြောက်အောင် ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်”
မြန်မာပြည်နေရပ်မျိုးစုံမှ ရောက်ရှိလာကြပြီးတောင်ယာစိုက်ခင်းများတွင် အလုပ်အကိုင်ဝင်ရောက်လုပ်ကိုင်
နေကြသည့်မြန်မာအလုပ်သမားမိဘများအနေဖြင့် မိမိတို့၏သားသမီးများအား ပညာတတ်စေရန်ရည်ရွယ်ပြီး
မိမိတို့၏သားသမီးများအားစာသင်ရန် တိုက်တွန်းသင့်ကြောင်း၊သားသမီးများရှေ့ရေးအတွက် ဦးစားပေးကြ
စေလိုကြောင်း ကျောင်းဖြစ်မြောက်ရေးကော်မတီများကဆိုသည်။
အဆိုပါ ကျောင်းတွင် ကျောင်းဆရာ ၃ဦးအနက် တစ်ဦးဖြစ်သော ဆရာဦးတေဇာလင်းက“မြန်မာ
အလုပ်သမားတွေက သူတို့ သားသမီးတွေကို ကျောင်းထားချင်တာတွေ့ ရတယ်။ဒါကြောင့် ကျနော်တို့ 
အကောင်အထည်ဖေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ကျောင်းသားမိဘတွေက တရားဝင်အစိုးရကျောင်းဖြစ်စေချင်
ကြတယ်။ဒီဘက်မှာက ကျူရှင်ကျောင်းတွေရှိကြတယ်လေ၊၊တိုက်နယ်မှုးတေ၊ွ ရပ်ကွက်အာဏာပိုင်တွေ
က လိုလိုလားလားထောက်ခံအားပေးကြတယ်”ဟုပြောသည်။
ထိုင်းဘာသာသင်ပေးသည့်ဆရာမ ဒေါ်လုလု၊ဆရာဦးလေးလေးနှင့် ဦးတေဇာလင်းတို့ ၃ဦးက ပြသကြ မည်ဖြစ်သည်။လောလောဆယ်တွင် JACBA (ဂျပန် ရုံးခွဲ)မှ မဖြူ ကလာရောက်ပြီး အဆိုပါကျောင်းဆရာ ၃ဦးအတွက်စားသောက်စရာရိက္ခာများအားဖြည့်ဆည်းပေးထားခြင်းဖြစ်သည်။အဆိုပါကျောင်းသားများ
အားကျောင်းဝင်ကြေးဘတ်၁၀၀ စီသတ်မှတ်ထားပြီး လစဉ်ကျောင်းစရိတ်ဘတ်၅၀ စီသတ်မှတ်ထားသည်။ အဆိုပါ ကျောင်းအနီးပတ်ဝန်းကျင်တွင် မြန်မာအလုပ်သမား၃၀၀၀ ထက်မနည်းရှိပြီး ကျောင်းတက်ရမည့်က
လေး၂၀၀ ထက်မနည်းရှိကြောင်း ဆရာ ဦးတေဇာလင်းကပြောသည်။ယခုနှစ်ကျောင်းဖွင့်ရာသီတွင်
မဲဆောက်နှင့်တာ့ခရိုင်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများတက်ရောက်သင်ကြားနိုင်သည့်
ထိုင်းပညာရေးဌာနအသိအမှတ်ပြုကျောင်းပေါင်း ၇၅ ကျောင်းရှိကြောင်း ဦးမိုးကြိုးကပြောသည်။
JACBA ကဖွင့်လှစ်ထားသည့် New Dayအလယ်တန်းကျောင်းတွင်
ဆရာ/မ၁၄ဦးသင်ကြားပြသလျှက်ရှိပြီးကျောင်းသားဦးရေ ၅၂၀ ခန့်သင်ကြားလျှက်ရှိသည်။ထိုကျောင်းမှာ
မဲဆောက်မြို့ထဆိုင်လွတ်ရပ်ကွက်တွင်ရှိသည်။
မဲဆောက်နှင့်နယ်စပ်ဒေသတို့တွင် ဖွင့်လှစ်ပြသလျှက်ရှိသော စာသင်ကျောင်းတို့ မှ အရည်အချင်းပြည့်မီကြ
သည့်ကျောင်းသား/သူအချို့ထိုင်း၊သြစတီလျှားနှင့်အမေရိကန် တက္ကသိုလ်တို့ တွင် အဆင့်မြင့်ပညာရပ်များ
အားသင်ကြားလျှက်ရှိကြောင်းလည်းသိရှိရသည်။
သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment