တစ်ခါတစ်ခါမေးလိုက်ချင်တယ် ဘ၀ဟာ ဘာမှမဟုတ်ဘူးလားလို့လေ ကိုယ့်အပေါ်မကောင်းတဲ့ လောကကြီးကိုလည်း လေဟားတိုက်ပြီးတော့ မေးလိုက်ချင်တယ်။။။။။ မင်းအကျင့်ကဒီလိုပဲလား အားနည်းသူတိုင်း ခံစားစေချင်တာကိုလေ ငါထင်ပါတယ် မင်းမရက်စက်တတ်ဘူးဆိုတာ မင်းကတော့ထင်နေမှာပေါ့ ကိုလောကရယ်။။။။။ ငါဟာအချိန်တိုင်ပျော်နေမယ်လို့ ငါမပျော်နေတဲ့အချိန်မှာတော့မင်းကငါ့ကိုမျက်ကွယ်ပြုနေတယ်လေ ငါသာတန်ခိုးရှိရင် မင်းကိုငါ့နေရာမှာ ခဏနေခိုင်းစေချင်တယ်။။။။။ .
မင်းငိုနေမှာတော့ငါမြင်ယောင်နေပါတယ်
ငါလိုတော့ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးနော်
ငါကတော့မတတ်နိုင်တာတွေတတ်နိုင်တာတွေကော
မျက်ကွယ်ပြုထာတာကြာပါပြီ။။။။။
တစ်ခုတော့ ငါဆုတောင်းချင်တယ် ကိုလောကရယ်
မင်းအချိန်ရလို့  တစ်ပါတ်ပါတ်ပြီးရင်လေ
ငါ့နေရာလေးကို တော့တစ်ချက်လောက်ကြည့်သွားပေးပါ
ငါအဆင်ပြေပါ့မလားလို့။။။။။
**လွမ်းသူ.**..........................

No comments:
Post a Comment