**ပရိုဂရက် အာကာသကုန်တင် ယာဉ် နိုင်ငံတကာအာကာသယာဉ်စခန်းနှင့် ချိတ်ဆက်မိ**
(မော်စကို၊ ဇွန် ၂၄)
ရုရှားအာကာသကုန်တင်ယာဉ် ပရိုဂရက်အမ် - ၁၁ အမ်သည် နိုင်ငံတကာ အာကာသယာဉ်စခန်းနှင့် ဇွန် ၂၄ ရက်အောင်မြင်စွာ ချိတ်ဆက်မိခဲ့ကြောင်း ရုရှားအာကာသယာဉ်ခရီးစဉ် ကွပ်ကဲရေးအရာရှိများ က ပြောကြား သည်။ ၄င်းအာကာသကုန်တင်ယာဉ်သည် ဇွန် ၂၄ မော်စကို စံတော်ချိန် ၂၀ နာရီ ၃၇ မိနစ်၌ နိုင်ငံတကာ အာကာသယာဉ်စခန်းနှင့် ချိန်ဆက်မိခဲ့ခြင်း ဖြစ်သည်။ အာကာသကုန်တင်ယာဉ်နှင့် အတူ လောင်စာ ဆီ၊ သောက်သုံးရေ၊ အစားအစာနှင့် သုတေသနလုပ်ငန်းဆိုင်ရာပစ္စည်းများ တန်ချိန် ၂ ဒသမ ၆ တန်ခန့်ကို သယ်ဆောင်သွားခဲ့သည်။ (အင်တာနက်)
တရုတ်နိုင်ငံ ကွီကျို့ပြည်နယ် အနောက်တောင်ပိုင်းတွင် ဇွန် ၂၄ ရက်နံနက်က မိုးသည်းထန်စွာရွာ သွန်း မှုကြောင့် ရေလွှမ်းမှုများ ဖြစ်ပွားပြီး ၁၂ ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင့် တရုတ်အရာ ရှိများက ပြောကြားသည် မိုးသည်းထန်မှုကြောင့် ကွီကျို့ပြည်နယ်အတွင်း စီရင်စု ၁၉ စုတွင် နေ အိမ်များ ပျက်စီးကာ စိုက်ပျိုးမြေများ ရေလွှမ်းခဲ့ရသည်။ ရေဘေးဒုက္ခကြုံတွေ့နေရသူဒေသခံ ၁၃၁၃၃ ဦးအား ဘေး ကင်းရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။
ရေလွှမ်းမှုကြောင့် အိမ် ၉၃ လုံးပျက်စီးကာ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုအပါအ၀င် စုစုပေါင်း အမေရိ ကန်ဒေါ်လာ ၁၉ ဒသမ ၇ သန်းဖို့ခန့် ဆုံးရှုံးခဲ့ရကြောင်း၊ မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ေ ကြာင်း၊ မြေပြို မှုကြောင့် အိမ်များပျက်စီးခဲ့ရကြောင်း သိရသည်။ (အင်တာနက်)
**တရုတ်နိုင်ငံ၌ မိုးသည်းထန်ပြီးရေလွှမ်း၊ ၁၂ သေဆုံး**
(ကိုင်ယန်၊ ဇွန် ၂၄ )တရုတ်နိုင်ငံ ကွီကျို့ပြည်နယ် အနောက်တောင်ပိုင်းတွင် ဇွန် ၂၄ ရက်နံနက်က မိုးသည်းထန်စွာရွာ သွန်း မှုကြောင့် ရေလွှမ်းမှုများ ဖြစ်ပွားပြီး ၁၂ ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင့် တရုတ်အရာ ရှိများက ပြောကြားသည် မိုးသည်းထန်မှုကြောင့် ကွီကျို့ပြည်နယ်အတွင်း စီရင်စု ၁၉ စုတွင် နေ အိမ်များ ပျက်စီးကာ စိုက်ပျိုးမြေများ ရေလွှမ်းခဲ့ရသည်။ ရေဘေးဒုက္ခကြုံတွေ့နေရသူဒေသခံ ၁၃၁၃၃ ဦးအား ဘေး ကင်းရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။

**ဘဂ္ဂဒက်၌ ဗုံးသုံးလုံးပေါက်ကွဲ၊ ၂၁ ဦးသေဆုံး**
(ဘဂ္ဂဒက်၊ ဇွန် ၂၃)
အီရန်နိုင်ငံ မြို့တော်ဘဂ္ဂဒက်၌ ဇွန် ၂၃ ရက် ညပိုင်းက ဗုံးသုံးလုံး ပေါက်ကွဲ မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ၁၀၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အီရန် ပြည်ထဲရေးသတင်းရပ်ကွက်က ပြောကြားသည်။ အဆိုပါ ဗုံးသုံးလုံးသည် ဘဂ္ဂဒက်နောက်တောင်ပိုင်းရှိ ရှာတာအယ်လ်ရာဘီးယားခရိုင်ရှိ နာမည်ကြီး ဈေးကြီး ဈေးကြီးတစ်ချေးအနီး ပြိုင်တူနည်းပါး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၄င်းသတင်းရပ်ကွက်မှ အမည်အဖော်လိုသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment