**ဘိုဂျန်ကာကစ် ရိုးမားသို့ပြောင်းမည်**
(ရောမ၊ ဇွန် ၂၄)
ဘာစီလိုနာအသင်း၏ လူငယ်တိုက်စစ်မှူး ဘိုဂျန်ကာကစ်သည် အီတလီ စီးရီးအေကလပ် ရိုးမား သို့ ပြောင်းရွှေ့ရန် စီးရီးအေကလပ် ရိုးမားသို့ ပြောင်းရွှေ့ရန် အလွတ်သဘောတူညီမှု ရရှိခဲ့ပြီ ဟုသိရသည်။ အပြီးသတ်ပြောင်းရွှေ့နိုင်ရေးအတွက် နှစ်ဦး နှစ်ဖက်မှ တာဝန်ရရှိသူများ ဆက်လက် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ ဘိုဂျန်ကာကစ်သည် ၂၀၀၇ ခုနှစ်ကပင် ဘာစီ လိုနာအသင်းတွင် ပါဝင်ကစား ခဲ့သော် လည်း ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပေ၊ လက်ရှိ အချိန်တွင် ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး တစ်ဦး ခေါ်ယူ ရန် ပြင်ဆင်နေသကဲ့သို့ အသင်းတွင် မက်ဆီ၊ အဖယ်လ်လေ၊ ပက်ဒရိုနှင့် ဒေးဗစ်ဗီလာတို့ရှိ နေ၍ ဘိုဂျန် ကာကစ်အနေဖြင့် အသင်းပြောင်းရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည် ဟုဆိုသည်။ (ESPN)

***ဂျာမနီအသင်း ဗိုလ်စွဲနိုင်ခြေရှိ **
(ဘာလင်၊ ဇွန် ၂၄)
၂၀၁၁ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခြေအရှိဆုံးအသင်းကို ပြရမည်ဆိုလျှင် အိမ်ရှင်ဂျာမနီ အသင်းကိုပဲ ပြရလိမ့်မည်ဖြစ်သည်။ လူကြီးနှင့် လူငယ်အချိုးညီညီပေါင်းစပ်ဖွဲ့စည်းထားသည့် ဂျာမနီအသင်း သည် ရှေ့၊ လယ်၊ နောက် နေရာစုံ၊ ထောင့်စုံတွင် အကောင်းဆုံးပုံစံ၌ ရှိနေသည်။ သို့အတွက် ကြောင့် ပညာ၊ ကမ္ဘာနှင့်အတူ အိမ်ရှင် အားကိုပါ ထည်းပေါင်းမည်ဆိုပါက ဗိုလ်စွဲနိုင်ခြေ အရှိဆုံးအသင်းမှာ ဂျာမနီအသင်း ပင်ဖြစ်မည်ထင်သည်။ ဂျာမနီအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၂၆ ရက်တွင် ကနေဒါအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ (ESPN)

**၂၀၁၁ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမည့် အင်္ဂလန်အသင်း**
(လန်ဒန်၊ ဇွန် ၂၃)
၂၀၁၁ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့် တနင်္ဂနွေနေ့တွင် စတင်ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အသင်း ၁၆ သင်း ပါဝင်မည်ဖြစ်ရာ အုပ်စု(B) မှ အင်္ဂလန်အသင်းအကြောင်း တစေ့တစောင်း ဖော်ပြလိုသည်။ အင်္ဂလန်အသင်း၏ လူစားရင်းတွင် အာဆင်နယ်အသင်းမှ လေးဦး၊ အဲဗာတန်အသင်းမှ လေးဦး၊ ဘရစ္စတိုးအသင်းမှ တစ်ဦး၊ လင်ကွန်းအသင်းမှ သုံးဦး၊ စကိုင်းဘလူးအသင်းမှ သုံးဦ၊ ဘမင်ဂမ်အသင်းမှ သုံးဦး၊ ချယ်လ်ဆီးအသင်းမှ တစ်ဦးနှင့် ဘော့စ်တွန် အသင်းမှ နှစ်ဦးတို့ဖြစ်သည်။
အင်္ဂလန်အသင်းမှ ဂျပန်၊ နယူးဇီလန်၊ မက္ကဆီကိုတိုနှင့် တစ်အုပ်စုတည်းကျရောက်နေ၍ အုပ်စုကို ကျော်ဖြတ် နိုင်ရန် အကောင်းဆုံးအနေအထားတွင် ရှိ နေသည်။ အင်္ဂလန်အသင်း ဗိုလ်စွဲရန် ရေပန်းမစားလှသော်လည်း ဖာရေးဝှိုက်၊ အီနီယိုလာအော်လူကိုတို့ကဲ့သို့ ကစားသမားကောင်းများရှိနေ၍ လျှော့မတွက်သင့်သည့်အသင်းထဲတွင် တစ်သင်းအပါအ၀င်ဖြစ်သည်။ (ESPN)
စုစည်းဘာသာပြန် - ဟန်သစ်

No comments:
Post a Comment