**ဗြဟ္မ (မြတ်သောအကျင့်)**
ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည်
ဗြဟ္မာ ရှိသည် မည်ကုန်၏၊

လက်ဦးဆရာ ရှိသည်မည်ကုန်၏၊

အိမ်ဦးနတ်ရှိသည် မည်ကုန်၏၊
ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသားအမျိုးသမီးတို့သည်
အဝေးမှ ဆောင်အပ်သော အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။
ရဟန်းတို့...
* ''ဗြဟ္မာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
* ''လက်ဦးဆရာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
* ''အိမ်ဦးနတ်'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
* ''အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ''ဟူသော အမည်သည် အမိအဖတို့၏
အမည်တည်း။
ထိုသို့ အမည်ရခြင်းသည် အဘယ် ကြောင့်နည်းဟူမူ-
ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူး ရှိကုန်၏၊
အသက်ကိုစောင့်ရှောက် တတ်ကုန်၏၊ ကျွေးမွေး တတ်ကုန်၏၊ ဤလောကကို ညွှန်းပြတတ်
ကုန်၏ ဟု မိန့်တော်မူ၏။
အမိအဖတို့ကို သားသမီးတို့၏ 'ဗြဟ္မာ' ဟူ၍ လည်းကောင်း၊ 'လက်ဦးဆရာ' ဟူ၍
လည်းကောင်းဆိုထိုက်ကုန်၏၊။
'အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံတို့' ဟု ဆိုထိုက်ကုန်၏၊ ။
အမိအဖတို့သည် သားသမီးတို့အား အစဉ်သနားတတ် ကုန်၏။
ထို့ကြောင့်သာလျှင် ပညာရှိသားသမီးသည် ထို အမိအဖတို့ကို ရှိလည်း ခိုးရာ၏၊
ထမင်းဟင်းဖြင့် လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့် လည်းကောင်း၊အဝတ်
အရုံဖြင့် လည်းကောင်း၊ အိပ်ရာ နေရာဖြင့်လည်းကောင်း၊ အမွှေး နံ့သာ လိမ်းကျံ
ပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊
ခြေဆေးပေးခြင်းဖြင့် လည်းကောင်း အရိုအသေ ပြုလျက် ပူဇော်ရာ၏။
အမိအဖတို့၌ ထိုသို့ လုပ်ကျွေးမွေးမြူခြင်းကြောင့် ထို သားသမီးကို
ယခုဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကြကုန်၏၊
ထို သားသမီးသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျှော်ရလေ သတည်း။ 63
၃ - ဗြဟ္မသုတ်၊ ပတ္တကမ္မ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
ဗုဒ္ဓဓမ္မ ဦးလောကနာထ
တရားကိုလှူဒါန်းပူဇော်ပါသည်
**ရွှေအိမ်စည်**
--
Posted By မောင်ပါလ to မောင်ပါလ at 6/18/2011 04:35:00 AM
t

1 comment:
ရေအလွယ်တကူမရနိုင်လျှင် ရေဖြင့်ဆေးပါဆိုသည်မှာ ဘာကိုဆိုလိုပါသလဲခင်ဗျာ...
Post a Comment