
**လှိုင်းတွေငြိမ်သက်
ပင်လယ်ကြီးလည်း အဲဒီ့မနက်မှာ
ဦးညွှတ်ကြိုဆိုမယ်....
**ကျေးငှက်လေးတွေသင်းဖွဲ့
တေးသီကြဖို့ အဲဒီ့မနက်မှာ
အချင်းချင်း သံစဉ်ညှိကြမယ်...
**လောကအလင်းရှင်
နေမင်းသခင်လည်း အဲဒီ့မနက်မှာ
ရွှေရောင်အဆင်းနဲ့
အလင်းပုဝါတစ
လွှမ်းခြုံပေးလို့ ကြိုဦးမယ်...
**ညရဲ့ဧကရီ ငွေလမင်းနဲ့
ကြယ်ကလေးတွေက
ညပွဲသဘင်အတွက်
ညီညာကကြိုး အလှဆင်လို့
ကောင်းကင်ကပွဲ ကျင်းပမယ်...
**တလောကလုံး
အလှဆုံးပန်းတို့ရဲ့သခင်
မွေးနေ့ရှင်အတွက်
ဆုမွန်ခြွေကြရအောင်...
**ကမ္ဘာသူ ကမ္ဘာသားတို့ရေ..
ငြိမ်းချမ်းမယ့် ပန်းတခင်း
တို့အတူတူ ပျိုးကြစို့
အဲဒီမနက်မှာ..........။
**ညီမင်းသစ်**

**လှိုင်းတွေငြိမ်သက်
ပင်လယ်ကြီးလည်း အဲဒီ့မနက်မှာ
ဦးညွှတ်ကြိုဆိုမယ်....
**ကျေးငှက်လေးတွေသင်းဖွဲ့
တေးသီကြဖို့ အဲဒီ့မနက်မှာ
အချင်းချင်း သံစဉ်ညှိကြမယ်...
**လောကအလင်းရှင်
နေမင်းသခင်လည်း အဲဒီ့မနက်မှာ
ရွှေရောင်အဆင်းနဲ့
အလင်းပုဝါတစ
လွှမ်းခြုံပေးလို့ ကြိုဦးမယ်...
**ညရဲ့ဧကရီ ငွေလမင်းနဲ့
ကြယ်ကလေးတွေက
ညပွဲသဘင်အတွက်
ညီညာကကြိုး အလှဆင်လို့
ကောင်းကင်ကပွဲ ကျင်းပမယ်...
**တလောကလုံး
အလှဆုံးပန်းတို့ရဲ့သခင်
မွေးနေ့ရှင်အတွက်
ဆုမွန်ခြွေကြရအောင်...
**ကမ္ဘာသူ ကမ္ဘာသားတို့ရေ..
ငြိမ်းချမ်းမယ့် ပန်းတခင်း
တို့အတူတူ ပျိုးကြစို့
အဲဒီမနက်မှာ..........။
**ညီမင်းသစ်**
No comments:
Post a Comment