ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 18, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**အချိန်ကြာမြင့်စွာ လကြတ်ခြင်း ဖြစ်ပေါ် ၊ကမ္ဘာ့နိုင်ငံများအများအပြားမှ မြင်တွေ့ခဲ့ရ**
(ဟနွိုင်း၊ ဇွန် ၁၆)
၂၁ ရာစု၏ (၅) ကြိမ်မြောက် အချိန်အကြာဆုံးလကြတ်ခြင်းကို ဇွန် ၁၆ ရက်နံနက်စောစောပိုင်းက ကမ္ဘာ့နိုင်ငံအများအပြားမှ ပြည်သူများမြင်တွေ့ခဲ့ကြရကြောင်း နာဆာမှ သတင်းထုတ်ပြန်သည်။ လကြတ်ခြင်းသည် ဇွန် ၁၆ ရက်နံနက် ၀ဒသမ ၂၂ မိနစ်က စတင်ဖြစ်ပေါ်ခဲ့ပြီး နံနက် ၃ နာရီ ၁၂ မိနစ်၌ အပြည့်အ၀လကြတ်ခြင်းဖြစ်ပေါ်ခဲ့သည်။ ထို့သို့ အပြည့်အ၀ လကြတ်နေမှုမှာ နံနက် ၄ နာရီ ၀၂ မိနစ်အထိဖြစ်ပြီး နံနက် ၆ နာရီ၌ လကြတ်မှုပြီးဆုံးခဲ့သည်ဟု ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှ အာကာသရေးရာသုတေသနအဖွဲ့ အကြီးအကဲအင်ဂျင်နီယာ ဒန်တန်ဒိုင်က ပြောကြားသည်။ (အင်တာနက်)

** တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ ရေလွှမ်းမှုများဖြစ်ပွား ပြည်သူအများအပြား ရေဘေးဒုက္ခကြုံတွေ့နေရ**
တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ မြောက်ကိုတာဘာကိုပြည်နယ်တို့တွင် မိုးသည်းထန်းစွာ အဆက်အပြတ် ရွာသွန်းမှုကြောင့် ရေလွှမ်းမှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူအများအပြား ရေဘေးဒုက္ခများနှင့် ကြုံတွေ့နေရကြောင်း ဒေသဆိုင်ရာ အရာရှိများက ဇွန် ၁၆ ရက်၌ ပြောကြားသည်။ တရုတ်နိုင်ငံ ကျန်စီ၊ ကျီကျင်း၊ အန်ဟွေးနှင့် ဟူဘေး ပြည်နယ်တို့၌ ဇွန် ၁၄ ရက်မှ စ၍ မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ပြည်သူ ၇၇၀၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့နေရသည်။ ကျန်စီပြည်နယ်တွင် အိမ် ၁၃၂၀ ခန့် ရေနစ်မြုပ်လျက်ရှိပြီး ဒေသခံ ၅၂၀၀ အား ကယ်ဆယ်ရေးစခန်းများကို ပို့ဆောင်ပေးထားသည်။
ဖိလစ်ပိုင်နိုင်ငံ ကိုတာဘာတိုမြို့တွင် မိုးသည်းထန်ပြီး ရေလွှမ်းမှုကြောင့် အိမ် ၉၁ လုံးပျက်စီးခဲ့ကာ မိသားစုဝင် ၁၇၀၀၀ ကျော်တို့ အိမ်မဲ့အိမ်မဲ့ ဖြစ်နေကြောင်း၊ စာသင်ကျောင်း ၄၇ ကျောင်းမှာ ကျောင်းမှာ ရေနစ်မြုပ်လျက်ရှိကြောင်း ပီကစ်မြို့တွင် မိသားစုဝင် ၅၇၂၉ ဦးနှင့် တူလူနန်မြို့တွင် မိသားစုဝင် ၂၈၆၄၅ ဦးတို့လည်း ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

**အပိုင်စီးခံခဲ့ရသော အီဂျစ်ကုန်တင်သင်္ဘော ပြန်လည်လွတ်မြောက်လာ**
(နယူးဒေလီ၊ ဇွန် ၁၆)
ပြန်ပေးဆွဲခံထားရသည့် အီဂျစ်နိုင်ငံ မှတ်ပုံတင်ထားသော အမ်ဗီဆူးအက်အမည်ရှိ ကုန်တင်သင်္ဘော နှင့် သင်္ဘောသားများကို ဆိုမာလီပင်လယ်ဓားပြများက ဇွန် ၁၅ ရက်၌ ပြန်လွှတ်ပေးလိုက်ကြောင်း အိန္ဒိယရေကြောင်း အရာရှိများက ဇွန် ၁၆ ရက်၌ ပြောကြားသည်။ ၄င်းကုန်တင်သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြများက အိန္ဒိယသမုဒ္ဒရာ အတွင်း လွန်ခဲ့သည့် ၁၀ လခန့်က သင်္ဘောသား ၂၂ ဦးနှင့်အတူ အပိုင်စီးသွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောသားများတွင် အိန္ဒိယနိုင်ငံသား ခြောက်ဦး၊ ပါကစ္စတန် သင်္ဘောသား လေးဦးအပါအ၀င်အီဂျစ်နှင့် သီရိလင်္ကာ နိုင်ငံများမှ သင်္ဘောသားများ ပါဝင်ကြောင်း သိရသည်။ (အင်တာနက်)

**ဂျပန်နိုင်ငံ၌ ဖမ်းဆီးရမိသော ဝေလငါးများ ရေဒီယိုသတ္တိကြွမှုရှိနေ**
(တိုကျို၊ ဇွန် ၁၆)
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရှိ ကူရှီရိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော မင်ကီဝေလငါးနှစ်ကောင်၌ ရေဒီယိုသတ္တိကြွ ဆီးဇီယံဒြပ်စင်ကို ရှာဖွေတွေ့ရှိရကြောင်း ကျိုဒိုသတင်းဌာနက ဇွန် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ဝေလငါးများအတွင် ရေဒီယိုသတ္တိကြွမှု ဓာတုဗေဒဒြပ်စင်မှ ဘေးဥပဒ်ပေးနိုင်သော အဆင့်တွင် မရှိသော်လည်း ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံမှ ပေါ်ထွက်လာသော ဓာတ်ရောင်ခြည် ဘေးအန္တရာယ်မှာ ယခုအချိန်အထိ ပြီးဆုံးမရှိသည်ကို ဖော်ညွှန်းနေသည်ဆိုသည်။ ဂျပန်နိုင်ငံသည် ၁၉၈၇ ခုနစ်တွင် ဝေလငါးများကို စီးပွားဖြစ် ဖမ်းဆီးခြင်းမပြုလုပ်ရန် ပိတ်ပင်ခဲ့သည်။ ၁၉၈၇ ခုနစ်တွင် အာဏာသက်ဝင်ခဲ့သော နိုင်ငံတကာဝေလငါး ဖမ်းဆီးမှုပိတ်ပင်ရေး သဘောတူညီချက်အရ ယင်းသို့ ပိတ်ပင်ခဲ့ဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

--

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)