ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 12, 2011

ပြူတင်းပေါက်(၀မ်းနည်းကြေကွဲဖွယ်ဇာတ်လမ်း၊ ဘာသာပြန်)

>

ပီတာသည် အဆုတ်ရောဂါနဲ့ ပြင်းထန်စွာ ဝေဒနာ ခံစားနေရသည်။ သူ့ကို ဆေးရုံသို့ ပို့လိုက်ကြပြီး အဆောင်သေးသေးလေးထဲတွင် ပြူတင်းပေါက် တစ်ခုသာရှိသော ကုတင်ပေါ်မှာ တင်ထားလိုက် ကြသည်။ ဒေါက်တာတွေက နေ့လည်ခင်းတိုင်း တစ်နာရီကြာမျှ ကုတင်ပေါ်မှာ ထထိုင်ခွင့်ပြုထား ပေးသည်။

“ခုလို ထထိုင်ခွင့်ပြုရတာဟာ အဆုတ်ကနေမှ အ ရည်တွေကို တဖြေးဖြေးဆုတ်ယူဖို့ အထောက်အကူ ဖြစ်မည်ဖြစ်ကြောင်း၊ မင်းကိုယ်မင်း တတ်နိုင်သမျှ သက်သောင့်သက်သာဖြစ်အောင် နေဖို့လိုကြောင်း၊ ပြူတင်းပေါက်ကနေ ၀င်လာတဲ့ လေကောင်းလေသန့်တွေကိုလည်း တစ်ဝကြီး ရှုသွင်းဖို့လိုကြောင်း”ဟု ဒေါက်တာများ ပြောကြားထားသည်။

ထိုညမှာတင် အခြားလူနာတစ်ယောက် ထိုအဆောင်သေးသေးလေးမှာပဲ ထပ်တင်လိုက်ကြပြန်သည်။ ပီတာ့ကုတင်ရဲ့ကပ်လျက်ဘေးမှာပဲ နေခိုင်းလိုက်ကြသည်။ သူကတော့ ကားမတော်တဆမှုနဲ့ သူ့ဒဏ် ရာက တော်တော်လေးကို ပြင်းထန်နေပါသည်။ သူ့ကို အချိန်တော်တော်ကြာအောင် ကုသခံရမှာဖြစ်ပြီး ဆေးရုံမှာတင် တော်တော်အချိန်ပေးရလိမ့်မည် ဖြစ်သည်။

ဒေါက်တာတွေက သူ့ကို “ဘယ်လိုအကြောင်းပဲ ဖြစ်ဖြစ် ထထိုင်ဖို့တော့ စိတ်မကူးလေနဲ့၊ ဟိုရွှေ့ ဒီရွှေ့ဖို့တောင် မလုပ်ပါနဲ့”ဟူ၍ ပြောကြထားသည်။ “ခင်ဗျားရဲ့ ဒဏ်ရာက အတော်လေးကို ပြင်းထန် နေပါတယ်၊ ပြားပြားဝပ်နေအောင် လှဲနေရမယ်၊ ကျောရိုးကို တော်တော်ကြာ ကုသရပါလိမ့်မယ်”ဟု ထပ်လောင်းပြောကြားသွားပါသည်။

နောက်နေ့မနက် နတ်စ်မတွေ၊ ဒေါက်တာတွေ လူနာကို ကြည့်ရှုဖို့ Round လှည့်ကြသောအခါ ထိုလူနာနှစ်ယောက် အပြန်အလှန်စကားပြောဖို့ စတင်ပါတော့သည်။

“ခင်ဗျား နာမည်ဘယ်ခေါ်လဲ”

ပြူတင်းပေါက်အောက်နားမှာရှိသော ကုတင်ပေါ်မှာ လှဲနေသော ပီတာက လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ ပထမတော့ တစ်ဘက်လူနာက မတုံ့ပြန်ပါ။ သူက ဘယ်ကလာတဲ့ မေးခွန်း၊ ဘယ်သူ့ကို မေးတဲ့ မေးခွန်းမှန်း မသိလို့ပါ။ သူမြင်နိုင်သမျှသော အရာတွေက သူ့အပေါ်မှာ တဲ့တဲ့ရှိနေသော အေးစက်ဖြူစွပ်သော မျက်နှာကြက်သာ ရှိသည်မဟုတ်ပါလား။

“ခင်ဗျား ကျနော့်ကို ပြောနေတာလား”ဟု တအောင့်လောက်နေပြီးမှ မေးလိုက်သည်။

“ဟုတ်ကဲ့”ဟု ပီတာက ပြန်ပြောလေသည်။ “ကျနော် ခင်ဗျားကုတင်ရဲ့ဘေးမှာ ရှိတယ်လေ၊ ကျနော့် နာမည်က ပီတာပါ”

“ကျနော်က ဂျိုးဆက်ပါ၊ ခင်ဗျား ကျနော့်ကို ဂျိုးလို့ ခေါ်နိုင်ပါတယ်”ဟု တခြားတစ်ယောက်က ပြန်ပြော လိုက်သည်။

နံနက်ခင်းက တဖြေးဖြေးနဲ့ လင်းလာတော့သည်။ လူနာနှစ်ယောက်တို့လည်း ပြောပြီးရင်း ပြောနေကြသည်။ ဆေးရုံမှာ အထူးသဖြင့် ဆရာဝန်တွေက ပြားပြားဝပ်လှဲလျောင်းရမယ်လို့ ပြောထားရင် တခြားဘာလုပ်စရာများ ရှိသေးလို့လည်းနော်။ လူနာနှစ်ယောက်သည် သူတို့ဆေးရုံလာတက်ရတဲ့ အကြောင်းကို မပြောဖြစ်ကြပါ။ သူတို့ပြောဖြစ်တဲ့ အကြောင်းအရာတွေက အခန်းကျဉ်းထဲမှာရှိတဲ့ နံရံလေးခုအကြောင်း၊ သူတို့ဇနီးမယားနဲ့ မိသားစုအကြောင်း၊ သူတို့အိမ်နဲ့ အလုပ်အကြောင်းတွေပဲ ဖြစ်သည်။ သူတို့အားလပ်ရက်မှာ ခရီးသွားနေစဉ် စိတ်ဝင်စားစရာကောင်းတဲ့ နေရာဒေသတွေအကြောင်း၊ မြင်ဖူးခဲ့ လုပ်ဖူးခဲ့တဲ့ အရာတွေအကြောင်း၊ ကျယ်ပြန့်ပြီး အရောင်အသွေးစုံလင်လှတဲ့ အပြင်လောကမှာ အံ့သြဖွယ်ရာ ခရီးတွေအကြောင်းတွေကိုပဲ ပြောဖြစ်နေကြသည်။

နေ့တွေလည်း ငြိမ်းချမ်းလှပစွာ ကုန်ဆုံးသွားပြန်လေသည်။

နေ့လည်ခင်းတိုင်းမှာ ပီတာသည် တစ်နာရီကြာအောင် ထထိုင်ရပါသည်။ သူထထိုင်တဲ့အချိန်မှာ ပြူတင်းပေါက်ရဲ့အရိပ်က ဂျိုးဆက်ရဲ့ကုတင်ပေါ်မှာ ဖြာကျလို့နေသည်။

“အပြင်လောကအကြောင်း ကျနော့်ကို ပြောပြပါဦးလား”ဆိုပြီး ဂျိုးဆက်သည် မျက်နှာကြက်ကို စိုက်ကြည့် နေစဉ်မှာ ပြောလိုက်သည်။ “ခင်ဗျားက ပြူတင်းပေါက်နားမှာ နေရတယ်၊ ခင်ဗျားက သိပ်ကံကောင်းတဲ့ လူစားမျိုးပဲ၊ ဒီနေ့ မျက်နှာကြက်ပေါ်မှာ ဘာမှလည်း ထူးထူးထွေထွေ မရှိပါလား၊ ပင့်ကူတွေလည်း တစ်ကောင်မှ မရှိသလို ယင်ကောင်တွေလည်း တစ်ကောင်မှ မရှိပါလားနော်”

ပီတာက သူ့ကို “ဒီနေ့ဟာ တော်တော်တောက်ပတဲ့ နေ့တစ်နေ့ပါပဲ၊ ပြူတင်းပေါက်ကို ကျော်ပြီးကြည့် လိုက်မယ်ဆိုရင် ပန်းခြံတစ်ခုဟာ လှပတဲ့ရေကန်နဲ့အတူ တည်ရှိလို့နေပါတယ်။ ရေပေါ်မှာ ဗြန်းဗြန်း မြည်အောင် သွားနေတဲ့ ဘဲတွေ၊ ငန်းဘဲတွေ၊ ပြီးတော့ ရေကန်ပတ်ပတ်လည်မှာ ထူထပ်ပြီး အစိမ်းရောင် သန်းနေတဲ့ မြက်ခင်းပြင်တွေ၊ ပန်းပင်တွေရှိတယ်။ ရေကန်ရဲ့ တလက်လက်တောက်ပြောင်နေတဲ့ ရေပြင်ပေါ်မှာ တစ်ချို့ကလေးတွေလည်း သူတို့ရဲ့လှေငယ်လေးတွေကို လွှတ်တင်နေကြပါတယ်။ ဒီလိုနက်နဲတဲ့ အပြာရောင်ဟာ ကောင်းကင်ထက်တောင် ပိုနက်နေသေးတယ်။ ရောင်ပြန်ဟပ်နေတဲ့ နေရောင်တွေကြောင့် ပိုပြီးတော့တောင် တောက်ပနေပါသေးတယ်”

ဂျိုးဆက်သည် သူ့အမြင်အာရုံထဲမှာ တောက်ပြောင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ပြူတင်းပေါက်ရဲ့ အပြင်ဘက်ရှုခင်းလေးတွေကို မြင်ယောင်နေပြီး အခန်းထဲမှာ နွေးနွေးထွေးထွေး သက်သောင့်သက်သာ ခံစားလိုက်ရသည်။

“လူငယ်စုံတွဲလေးတွေက လက်ချင်းချိတ်ကာ လမ်းလျှောက်နေကြတယ်”ဟု ပီတာက ဆက်ပြောလိုက် သည်။ “ပြီးတော့ အခု ကောင်လေးတစ်ယောက်က ကြက်သွေးရောင် နှင်းဆီတစ်ပွင့်ကို ကောက်ယူ လိုက်ပြီး သူ့ချစ်သူရဲ့ လက်ထဲကို ကမ်းပေးနေတယ်၊ မြောက်များစွာသော ပန်းတွေ၊ ပြီးတော့ အသက် ရှုမှားလောက်စရာ အရောင်အသွေးစုံလင်လှတဲ့ ပန်းတွေ”

“ပီတာရေ ရေကန်ရဲ့တခြားတစ်ဘက်မှာ ဘာရှိသေးလဲဟေ့”

“ပန်းခြံရဲ့တခြားတစ်ဖက်မှာလား” “ဘာဖြစ်လို့လဲ၊ လူသွားလူလာတွေ ပြည့်နှက်နေတဲ့ လမ်းသွယ်လေး တစ်ခု၊ အနီရောင်ဘတ်စ်ကားကြီးတွေ တဂျုန်းဂျုန်းတဂျိုင်းဂျိုင်း မြည်လျက် သွားနေကြတယ်။ အ၀ါရောင် တက်စီတွေလည်း တခြားကားတွေကို ကွေ့ပတ်ရှောင်ကွင်း သွားလာနေကြတယ်။ တက်စီသမား တွေကတော့ မြို့တွင်းလမ်းတွေမှာ တခြားကားသမားတွေထက် ပိုပြီး လမ်းကျွမ်းကျင်နေကြတယ်။ ရှုပ် ထွေးပွေလီတဲ့ လမ်းကျဉ်းရဲ့ဟိုဘက်မှာက မှင်သက်ရှုမောဖွယ်ကောင်းတဲ့ မိုးခြေမျဉ်း၊ ဟောင်းနွမ်းပြီး မီးခိုးရောင် သန်းနေပြီဖြစ်တဲ့ အဆောက်အဦးတွေ၊ တလက်လက်တောက်ပြောင်နေတဲ့ တိမ်ကို ထိလု မတတ် မှန်အသစ်ကလေးတွေ၊ သံမဏိတွေ။ ဂုဏ်ယူဝင့်ကြွားစွာ နတ်ပြည်နတ်နန်းကို ညွှန်ပြနေတဲ့ Church တစ်ခုရဲ့ ထိပ်ဆုံးပိုင်း စုလစ်မွန်းချွန်တွေ၊ လုံးဝန်းတဲ့ အမိုးခုံးခုံးတွေဟာ ပိုပြီး တည်ကြည် ခန့်ငြားလှတယ်၊ မိုးမျှော်တိုက်တွေ၊ ထိုးထိုးထောင်ထောင် အင်တနာတိုင်တွေ၊ အဲဒါတွေဟာ Signal တွေကို ပို့လွှတ်ဖို့နဲ့ လက်ခံဖို့ ဖြစ်တယ်။ အဲဒီအရာအားလုံးဟာ ခန်းနားထည်ဝါတဲ့ ဖွဲ့စည်းတည် ဆောက်ပုံပါပဲ”

ထို့နောက် နတ်စ်မများ ၀င်လာပြီး “ကဲ ပီတာရေ၊ ပြန်လှဲလျောင်းဖို့ အချိန်တန်ပါပြီ၊ နာရီပြည့်သွားပြီ” သူတို့က ပီတာ့ကို အသာအယာ အိပ်ယာပေါ် ပြန်လှဲပေးလိုက်ကြသည်။

ဂျိုးဆက်သည် ပီတာက အပြင်လောကရဲ့ အလှတရားတွေဟာ ဘယ်လောက်ထိလှပနေတယ်ဆိုပြီး ပြောပြနေတဲ့ တစ်နာရီကြာ အချိန်ခဏလေးသည် သူ့ကို သက်သောင့်သက်သာ ရှိစေပါသည်။

နောက်ထပ်ရက်များ ကုန်လွန်သွားပြန်သည်။ ဆေးရုံအခန်းကျဉ်းထဲက ဘ၀တွေလည်း ပုံမှန်လည် ပတ်နေဆဲ ဖြစ်၏။ နတ်စ်မတွေ ၀င်လာပြီး ပီတာ့ကို ထထိုင်ဖို့ ထူပေးပြန်သည်။ ပီတာက ပြောပြစရာတွေကို စတင်ပြန်သည်။ “ဟို အထက်လမ်းပေါ်မှာ လူတွေ တန်းစီလှည့်လည်နေကြတယ်၊ တိမ်ပုံပန်းသဏ္ဌာန်တွေ ကောင်းကင်ပေါ် ဖြတ်သွားနေကြတယ်၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သက်တန့် ရောင်၊ ငှက်တွေလည်း ကျီစယ်နောက်ပြောင်မှု အမျိုးမျိုးနဲ့ ရေကန်ထဲမှာ မြူးတူးခုန်ပေါက်နေကြတယ်၊ ပန်းခြံထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ လူတွေလည်း ပိုမိုများပြားလာတယ်”

မြင်ကွင်းတွေ တစ်နေ့တစ်မျိုး မရိုးနိုင်လောက်အောာင် ရှိနေသည်။ နေ့တိုင်း ဂျိုးသည် မျက်နှာကြက်ပေါ် ငေးကြည့်နေပြီး သို့မဟုတ် မျက်လုံးကို မှိတ်ကာ မြင်ကွင်းတွေကို စိတ်ထဲပုံဖော်နေမိတော့သည်။ ဒီလိုနဲ့ တဖြေးဖြေးချင်း ဂျိုးဆက်ရဲ့ကျန်းမာရေးဟာ တစ်နေ့တစ်ခြား ကောင်းမွန်လို့လာပါသည်။

ရက်တွေတော်တော်လွန်ပြီး တစ်မနက်မှာတော့ နတ်စ်မတွေက ပီတာ့ကို ထထိုင်ဖို့ လာမကူကြတော့ပါ။ ပီတာလည်း အဲဒီမှာ မရှိတော့ပါဘူး။

ဂျိုးဆက် အဆိုးဆုံးကို ကြောက်ရွံ့နေမိသည်။

“ပီတာဘယ်မှာလည်း” နတ်စ်မတွေကို အဲဒီမနက်မှာ မေးလိုက်သည်။ နတ်စ်မတစ်ယောက်က ၀မ်းနည်း ဖွယ်သတင်းကို သူ့ကို ဖွင့်ပြောလိုက်သည်။ ပီတာ အဲဒီညမှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဂျိုးဆက် ရင်ကျိုးသွားသည်။ ရှည်လျားလှတဲ့နေ့တွေကို ဖြတ်သန်းဖို့ ပီတာ့အကူအညီမပါတော့တဲ့ မနက်ခင်းတိုင်း ဟာ မလှပနိုင်တော့ပါ။

နောက်တစ်နေ့မနက်မှာတော့ သူ့ကို ပြူတင်းပေါက်တွေရှိတဲ့ဘက်ကို ပြောင်းပေးဖို့ တောင်းဆိုလိုက် သည်။ သူအခု ပိုပြီးတော့တောင် ကောင်းမွန်လာသည်။ ပိုပြီး သန်မာလာလေသည်။ သိပ်မကြာမီမှာပဲ သူ့ဘာသာသူ ထထိုင်နိုင်ပြီး ပြူတင်းပေါက်အပြင်ဘက်ကို စူးစိုက်ငေးကြည့်နေမိသည်။

ဒီလိုနဲ့ပဲ ဂျိုးဆက်သည် ကုတင်ကို ပြူတင်းပေါက်နား ရွှေ့လိုက်သည်။ နေ့လည်ခင်းမှာတော့ နတ်စ်မတစ် ယောက်ရဲ့ အကူအညီနဲ့ အိပ်ယာမှာ ထထိုင်လိုက်သည်။ ပြူတင်းပေါက်အပြင်ဘက်ကို ပထမဦးဆုံး ကြည့်လိုက်လေသည်။ သူမြင်နိုင်တဲ့အရာတွေအားလုံးက ဆေးရုံနဲ့ကပ်လျက် အဆောက်အဦးတစ်ခုရဲ့ အုဌ်နံရံသာ ဖြစ်သည်။

ဂျိုးဆက် နတ်စ်မတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

“နတ်စ်မရေ ကျနော့်ကို ပြောပြပါဦးလား” “ပြူတင်းပေါက်အပြင်ဘက်မှာ အရုပ်ဆိုးဆိုးနံရံကြီးတစ်ခုကို ဘယ်တုန်းကများ ဆောက်ထားကြတာလည်း”

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကလေ”ဟု နတ်စ်မတစ်ယောက်က ပြန်ပြောလိုက်သည်။

“ဒါပေမယ့် မဖြစ်နိုင်ဘူးနော်”ဆိုပြီး ဂျိုးဆက်က အံ့အားသင့်သွားပါသည်။ “တလောကမှပဲ ပီတာက ကျနော့်ကို ကြွေကျနေတဲ့သစ်ရွက်တွေက ဘယ်လို အ၀ါရောင် ပြောင်းသွားပုံတွေ၊ ပန်းခြံထဲက မြက်ခင်း ပြင်ပေါ်မှာ ကော်ဇောနီတွေ ခင်းထားတဲ့အကြောင်းတွေကို ပြောပြနေသေးတယ်လေ”

“ပီတာလား”နတ်စ်မက အံ့အားသင့်စွာ ပြောလိုက် သည်။ “သနားစရာကောင်းတဲ့ ပီတာက ခင်ဗျားကို ဘာတွေများ ပြောပြနေလို့လဲ”၊ “သူက ကြည့်ချင် ဦးတော့ သူက မျက်စိမမြင်ရရှာဘူး၊ အဲဒီအုဌ်နံရံ တွေကိုတောင် သူမမြင်နိုင်ဘူး”

ဂျိုးဆက်သည် ခေါင်းအုံးပေါ်သို့ သက်သာစွာ လှဲချ လိုက်သည်။ ကြီးမားသော မျက်ရည်တစ်စက်သည် သူ့ပါးပြင်ပေါ်သို့ လှိမ့်ကာလှိမ့်ကာ စီးဆင်းသွားပါ တော့သည်။

(ဒီဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်ဇာတ်လမ်းမျိုးကို ဖတ်ဖူးကြလိမ့် ထင်ပါတယ်။ မမေကတော့ ကိုယ်ပိုင်သံစဉ်လုပ်ဖို့ အားပေးပါတယ်။ ဒါပေမယ့် ရေးဖို့အကြောင်းအရာမပေါ်သေးတော့ ဘာရေးရမှန်း မသိတာနဲ့ ဘာသာပြန်တွေပဲ တင်တင်ဖြစ်တယ်။ ဘာသာပြန်တော့ ကိုယ့်အတွက် မီးနင်းလေးတွေ၊ ၀ါကျသုံးပုံလေးတွေတော့ ကျန်ပါတယ်။ ကိုယ်ပိုင်သံစဉ်လေးလည်း ဖန်တီးပါဦးမယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေနော်။ ဒီဇာတ်လမ်းရဲ့ မူရင်းက Oxford Reading Cycle 6 Page No. 109 မှာရှိပါတယ်။ စာအုပ်ထဲမှာတော့ ဒီလောက်မကပါဘူး။ လေးပုံထဲက တစ်ပုံကို ချန်လှပ်ထားခဲ့ပါတယ်။ သိပ်ထူးမယ် မထင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတစ်ပုံက အီးမေးလ်အကြောင်းတွေ ရေးထားလို့ပါ။)

Posted by တောက်ပကြယ်စင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)