**ဟယ်ရီပေါ်တာဇာတ်ကား လန်ဒန်မြို့၌ မိတ်ဆက်ပွဲ ပြုလုပ်**
ဟယ်ရီပေါ်တာ စာအုပ်များရေးသားပြီး ကမ္ဘာကျော်စာရေဆရာမကြီးဖြစ်လာသူ ဂျေကေရိုးလင်းနှင့် ဟယ်ရီပေါ်တာ မင်းသမီးချောလေး အမ်မာဝပ်ဆန်း၊ မင်းသား ဒန်နီရယ်လ်ရက်ဒ်ကလစ်နှ်င့ ရူပက်ဂရန့်တို့သည် ဟယ်ရီပေါ်တာ ဇာတ်ကားများတွင် နောက်ဆုံးရိုက်ကူးခဲ့သည့် Harry Potter and the Deathly Hallows; Part – 2 ဇာတ်ကားကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ဇူလိုင် ၇ ရက်က ပထမဆုံးမိတ်ဆက်ပြသသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ (အင်တာနက်)

**ရှေဂစ်ဗင် ဗီလာအသင်းသို့ ပြောင်းရွှေ့**
(လန်ဒန်၊ ဇူလိုင်လ ၉)
မန်စီးတီးအသင်း၏ ဒုတိယဂိုးသမားဖြစ်သူ ရှေးဂစ်ဗင်သည် ပေါင်လေးသန်းဖြင့် ဗီလာအသင်းသို့ ပြောင်းရွှေ့သွားပြီးဖြစ်သည်။ အသက် (၃၅) နှစ် ရှိပြီဖြစ်သည့် ရှေးဂစ်ဗင်သည် ဗီလာအသင်းတွင် တစ်ပတ်လုပ်ခ ပေါင် နှစ်သောင်းခွဲရရှိမည်ဖြစ်သည်။ ရှေးဂစ်ဗင်သည် အရည်အချင်းရှိသည့် ထိပ်တန်းဂိုးသမား တစ်ဦးစြဖ်သော်လည်း မန်စီးတီးအသင်းတွင် ဂျိုးဟတ်ရှိနေ၍ ဒုတိယနေရာသို့ ရောက်နေခဲ့ရခြင်းဖြစ်သည်။ လက်ရှိဗီလာအသင်း၏ ပထမဂိုးသမား ဖရတ်ဖရီဒယ်လ်မှာ အသက် (၄၀) ရှိနေပြီဖြစ်၍ ၄င်းနေရာတွင် အစားထိုးနိုင်ရန် ရှေးဂစ်ဗင်ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ (The Sun)
**စမောလင်း မန်ယူနှင့် စာချုပ်သက်တမ်းတိုး**
(မန်ချက်စတာ၊ ဇူလိုင်လ ၉)
မန်ယူအသင်း၏ လူငယ်ခံစစ်မှူး စမောလင်းသည် အသင်းနှင့် စာချုပ်သက်တမ်း ငါးနှစ်ထပ်မံတိုးမြှင့်ချုပ်လိုက်ပြီဖြစ်သည်။ ၂၀၁၀ ခုနစ်က ဖူလ်ဟမ်အသင်းမှ မန်ယူသို့ ရောက်ရှိလာခဲ့သည့် အသက် (၂၁) နှစ်အရွယ် စမောလင်းသည် နောက်တန်းဗဟိုခံစစ်နေရာတွင် စိတ်ချယုံကြည်ရသည့် ကစားသမားတစ်ဦးဖြစ်သည်။ ယခုချုပ်ဆိုလိုက်သည့် စာချုပ်သစ်ကြောင့် စမောလင်းသည် အိုးထရက်ဖို့ဒ်တွင် ၂၀၁၅ - ၂၀၁၆ ဘောလုံးရာသီအထိရှိနေတော့မည်ဖြစ်သည်။ (The Sun)
**အာဆင်နယ်အသင်း နာဆရီကို လစာတိုးပေး၍ စာချုပ်တိုးမြင့်ရန်ကမ်းလှမ်း**
(လန်ဒန်၊ ဇူလိုင်လ ၉)
အာဆင်နယ်အသင်းသည် အသင်းမှ ထွက်ခွာရန်ပြင်ဆင်နေသည့် ကွင်းလယ်ကစားသမား နာဆရီကို ဆက်ထိန်းထားနိုင်ရန် ဆန္ဒပြင်းပြလျက်ရှိနေသည်။ ထို့အကြောင့် အာဆင်နယ်အသင်းသည် နာဆရီအား တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းတစ်သောင်းပေးကာ စာချုပ်ဆိုရန် ကမ်းလှမ်းလိုက်ပြီဖြစ်သည်။ နာဆရီကို ခေါ်ယူရန် အဓိကပစ်မှတ် ထားနေသည့် အသင်းများမှာ မန်ယူ၊ မန်စီးတီးနှင့် ချယ်လ်ဆီးတို့ပင်ဖြစ်သည်။ ထိုအထဲတွင်မှ မန်စီးတီးအသင်က ပေါင်သန်း ၂၀ ဖြင့် အဆိုပါ ကစားသမားကို ခေါ်ယူနိုင်တော့မည်ဟု သတင်းများပေါ်ထွက်လျက်ရှိနေသည်။ အာဆင်နယ်အသင်းသည် ၄င်းတို့၏ အသင်းခေါ်ဆောင် ဖာဘရီဂကစ်ကို ထိန်းထားနိုင်ရန်မှာ မသေချာမရေရာဖြစ်နေချိန်တွင် နာဆရီကိ ပါလက်လွှတ်ရမည်ကို စိုးရိမ်လျက်ရှိနေသည်။ (The Sun)
စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:
Post a Comment