
• စံနစ်မကျမှုနဲ့ 
စံနစ်တကျလွဲမှားမှုတွေ
မကောင်းဆိုးဝါးတကောင်လို
ခေါင်းထောင်လှောင်ပြောင်တယ်။
• မှုန်ယိုနေတဲ့ အလိုမကျမှုတွေ
မစိုပြေတဲ့ ဘ၀အထွေထွေ
မရေရာ
မသေချာတဲ့
သင်ပုန်းကြီး ဖတ်စာဖြစ်တယ်။
• ပိပြားနေတဲ့
အသိတရားတွေနဲ့ 
တုံးအောက်ကဖါးတွေ
တောင်တွေသယ်မ
ပင်လယ်ထဲ ပစ်ချမယ့် ခါချဉ်ကောင်တွေ
ခေတ်ကဗျာကို ရွတ်ဆိုတယ်။
• မိတ်အင်ဘားမား
ရိုဘော့ (Robot) များလည်း
ကိုယ်ဖေါ့ပညာနဲ့ 
ကမ္ဘာတခွင်ပြဲပြဲစင်
ကျွန်အင်ပါယာ စာရင်းဝင်တယ်။
• ချက်ကြိုးနဲ့ 
ရှက်ကြိုးမှားဖြတ်
ဆင်ဆာလွှတ်မျက်နှာများစွာ
ကာရိုက်တာ (Character) လွဲမှားတဲ့
ဒါရိုက်တာ ရိုက်ချက်ဖြစ်တယ်။
• ဓါတ်စာ အကျွေးမှားကာ
အဖျားတက်နေတဲ့
အနာဂတ် ဟတ်ထိရှာတယ်။
• ချဉ်ခြင်းတက်မှုကို
သက်ပြင်းတွေနဲ့ ချေဖျက်
ကျေးလက် မြို့ ပြရဲ့ 
ပြည့်ကြပ်နေတဲ့ အပူငွေ့ 
ရင်ပွင့်မတက် ဖွင့်အန်ချတယ်။ ။
** ဧရာ**

• စံနစ်မကျမှုနဲ့ 
စံနစ်တကျလွဲမှားမှုတွေ
မကောင်းဆိုးဝါးတကောင်လို
ခေါင်းထောင်လှောင်ပြောင်တယ်။
• မှုန်ယိုနေတဲ့ အလိုမကျမှုတွေ
မစိုပြေတဲ့ ဘ၀အထွေထွေ
မရေရာ
မသေချာတဲ့
သင်ပုန်းကြီး ဖတ်စာဖြစ်တယ်။
• ပိပြားနေတဲ့
အသိတရားတွေနဲ့ 
တုံးအောက်ကဖါးတွေ
တောင်တွေသယ်မ
ပင်လယ်ထဲ ပစ်ချမယ့် ခါချဉ်ကောင်တွေ
ခေတ်ကဗျာကို ရွတ်ဆိုတယ်။
• မိတ်အင်ဘားမား
ရိုဘော့ (Robot) များလည်း
ကိုယ်ဖေါ့ပညာနဲ့ 
ကမ္ဘာတခွင်ပြဲပြဲစင်
ကျွန်အင်ပါယာ စာရင်းဝင်တယ်။
• ချက်ကြိုးနဲ့ 
ရှက်ကြိုးမှားဖြတ်
ဆင်ဆာလွှတ်မျက်နှာများစွာ
ကာရိုက်တာ (Character) လွဲမှားတဲ့
ဒါရိုက်တာ ရိုက်ချက်ဖြစ်တယ်။
• ဓါတ်စာ အကျွေးမှားကာ
အဖျားတက်နေတဲ့
အနာဂတ် ဟတ်ထိရှာတယ်။
• ချဉ်ခြင်းတက်မှုကို
သက်ပြင်းတွေနဲ့ ချေဖျက်
ကျေးလက် မြို့ ပြရဲ့ 
ပြည့်ကြပ်နေတဲ့ အပူငွေ့ 
ရင်ပွင့်မတက် ဖွင့်အန်ချတယ်။ ။
** ဧရာ**
No comments:
Post a Comment