
"လူ ဆိုတာ
စိတ်ကူး ပလ္လင် တိမ်ထဲတွင်
မိမိသာ အမြင့်မြတ်ဆုံး
ဘုရင် ပဲ ထင် . . .
အကွက်တွေ ဆင်
ဂုဏ်တင့်ရာ ကြောင်း
မိမိ ကိုယ် မကြည်လျှင်
အမြင်ကပ် ၍ စောင်း . . .
မအောင်မြင်လျှင် ရှောင်
နိုင်နေ ရင် မောင်
ခင်မင်သရောင်
ဖယ်ခွာလေ နောင် . . .
အယောင်ဆောင်
မျက်နှာချို သွေး
လိုချင်တာ ရခဲ့ရင်
ကျေးဇူးတွေ ပေး . . .
ဒေါသရောင်
မျက်နှာကို ပြင်း
အကူအညီ မပေးမိရင်
ပြောလိုက်တဲ့အတင်း . . .
လူဆိုတာ
ကောင်း နေရင် နတ်နဲ့ တူ
ဆိုးပြန်လျှင် ခွေးရှုံးသူ . . .
. . . လူ . . ."
**မာဃလုလင် **

"လူ ဆိုတာ
စိတ်ကူး ပလ္လင် တိမ်ထဲတွင်
မိမိသာ အမြင့်မြတ်ဆုံး
ဘုရင် ပဲ ထင် . . .
အကွက်တွေ ဆင်
ဂုဏ်တင့်ရာ ကြောင်း
မိမိ ကိုယ် မကြည်လျှင်
အမြင်ကပ် ၍ စောင်း . . .
မအောင်မြင်လျှင် ရှောင်
နိုင်နေ ရင် မောင်
ခင်မင်သရောင်
ဖယ်ခွာလေ နောင် . . .
အယောင်ဆောင်
မျက်နှာချို သွေး
လိုချင်တာ ရခဲ့ရင်
ကျေးဇူးတွေ ပေး . . .
ဒေါသရောင်
မျက်နှာကို ပြင်း
အကူအညီ မပေးမိရင်
ပြောလိုက်တဲ့အတင်း . . .
လူဆိုတာ
ကောင်း နေရင် နတ်နဲ့ တူ
ဆိုးပြန်လျှင် ခွေးရှုံးသူ . . .
. . . လူ . . ."
**မာဃလုလင် **
No comments:
Post a Comment