ငါသာတန်ခိုးရှင်ဖြစ်ကြည့်
၈၀နီးလို့သေခါနီးတဲ့ဟိုလူကြီးကို
မသေနိုင်အောင်လုပ်ထားလိုက်မယ်
ဒင်းပြုခဲ့သမျှမကောင်းမှုအစုစုအတွက်
ပြည်သူ့ခုံရုံးမှာအစစ်ဆေးခံနိုင်အောင်ပေါ့ ၊
ငါသာတန်ခိုးရှင်ဖြစ်ကြည့်
တိုင်းပြည်ကိုဂျောက်ထဲဆွဲချကြတဲ့ရာဇ၀တ်ကောင်တွေကို
ထောင်သွင်းအကျဉ်းချထားလိုက်မယ်
ပြည်သူတွေမလှုပ်ရဲအောင်ဆွဲသွင်းဆွဲသွင်းနဲ့
ထောင်ဆိုတဲ့အရသာကိုယ်ချင်းစာနိုင်အောင်ပေါ့ ၊
ငါသာတန်ခိုးရှင်ဖြစ်ကြည့်
ဒို့ပြည်ကိုအုပ်ချုပ်တဲ့လူတွေကို
နေရာချင်းလဲထားလိုက်မယ်
တရားမ၀င်အာဏာလုယူထားသူတွေနဲ့
ပြည်သူကရွေးချယ်ခဲ့တဲ့ပြည်သူ့ကိုယ်စားလှယ်တွေကိုပေါ့ ၊

No comments:
Post a Comment