ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 13, 2011

အပြစ်ပြောသူကို ချစ်သောသူလို့ မှတ်ထင်နိုင်ပါစေ

>

ဆုံးမသင့်ရာ၊ ဆုံးမပါ၊ ခါခါဘယ်မပြတ်။

ယုတ်မာအကျင့်၊ မပြုလင့်၊ တားသင့်သည်သာမှတ်။

ထိုဆုံးမမှု၊ တားသည့်သူ၊ ဂုဏ်ယူချစ်ခင်အပ်၊

ထိုကျင့်မူရာ၊ သူယုတ်မာ၊ စိတ်မှာမကျေနပ်။

ရှိတတ်သည်များ၊ သတိထား၊ မမှားလွန်မွန်မြတ်။

~~~~~~~~~~~~ ~~~~~~~~~~~~

လူတို့သည် မိမိအား အပြစ်ဟု သဘောထားနိုင်သည့် စကားမျိုးကို ဆိုပြောလာလျှင် မနှစ်သက်နိုင်၊ လက်ခံလိုက်နာခြင်း။ ပြုပြင် ပြောင်းလဲခြင်း စသည်များကို လုပ်ဆောင်ခြင်း မရှိကြပါပေ။

အမှန်တကယ် အကျိုးလိုလားစွာ စိတ်ထားဖြင့် ပြောစေကာမူ မိမိအပြစ်ဟု ဆိုပါချေက ထိုပြောသူကို ပြန်လည်ကာ အမျက်ပွားခြင်း၊ မုန်းတီးသောစိတ်များဝင်ခြင်းနှင့် ထိုသူအား ဆက်ဆံရေး နယ်ပယ်တွင် မြင်တွေ့လိုသောစိတ်များ ကုန်ခမ်းခြင်း အနေအထား ရောက်တတ် ကြသည်မှာ ဓမ္မတာပင်။ အပြစ်ကို အပြစ်ဟုမြင်သာ ထင်ရှားအောင် ထောက်ပြ ပြောဆိုသူတို့သည် အကယ်စင်စစ် မိတ်စစ် မိတ်ကောင်းအမှန်ဖြစ်၍၊ အပြစ်တည်းဟူသော အညစ်အကြေး အတင်မခံရစေရန် သတိပေးပြောဆိုခြင်း မရှိသူတို့မှာ မိတ်တုမိတ်ယောင်သာ ဖြစ်ကြပေရာ အမှားကျူးလွန်သူဖြစ်ခါ အနည်းနှင့်အများ ဒုက္ခဆင်းရဲ ရောက်စေရန် ရေငုံနှုတ်ပိတ် နေတတ်ကြသည်။

လူတို့၏ သဘောမှာကား မှားမှန်းသိသော်လည်း ထိုအမှားကိုပင် ခုံမင် နှစ်ခြိုက် ပြုလိုက်ရမှ ကျေနပ်နှစ်သိမ့်နိုင်ကြသည့် အနေအထားရှိကြသည်၊ မတားဆီး မိပိတ်ပင်၊ လိုက်လျော တိုက်တွန်းပြုသူကိုပင်လျှင် ခုံမင်နှစ်ခြိုက်ကာ ပိုမိုပေါင်းသင်းဆက်ဆံကြလေသည်။

ထိုသဘော စိတ်ထားမျိုးရှိသူတို့ကို ဘုရားအမှူးရှိသော သူတော်မြတ် သူတော်စင်တို့က လူမိုက်အနေဖြင့်စွဲထင် ပယ်လတ်ကြကုန်ပြီး၊ အမှန်စင်စစ် ပညာရှိသူတော်စင် သူတော်မြတ် ဖြစ်ပါမူ ပြုပြင်သော ဆုံးမခြင်း သက်ဝင်သည့် အပြစ်ပြောစကားတို့ကို လေးစားစွာ နှစ်လိုနာယူခြင်း ရှိကြပြီး ပြုပြင်ပြောင်းလဲ ဆင်ခြင်ခြင်းများနှင့်အတူ ထိုသူကိုပင် ကျေးဇူးတင် ရှိကာ လေးစားမြတ်နိုးမူ ထားကြသည်ပင်။

ဗုဒ္ဓရှင်တော်၏ လက်ယာတော်ရံ အဂ္ဂသာဝကကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် သာမည သာမဏေငယ်လေး၏ အမှတ်မထင် ပြောဆိုသည့် စကားတစ် ခွန်းကိုပင် အလေးအနက်ပြုကာ ပြုပြင်ရုံမျှမက နောက်တွင်လည်း ထိုသို့မြင်သိသော ချို့ယွင်းမှုတို့ကို အသိပေး ပြောဆိုပါရန်ကိုလည်း မိန့်ဆို တော်မူခဲ့ဖူးပေသည်။

ဤသည်ကား မွန်မြတ်တော်မူလှသည့် သူတော်သူမြတ်တို့၏ သဘောထားနှင့် စိတ်မြတ်တရား တို့ပင်ဖြစ်သည်။

ဆုံးမသွန်သင် လမ်းကောင်းမြင်နိုင်ဖို့ ညွှန်ပြသည့် သဘောအနေဖြစ်သော အပြစ်ကို ထောက်ပြခြင်းများကို နှစ်လို နာယူနိုင်ခြင်း မရှိချေက သူတော်စင်တို့၏ ပစ်ပယ်ခြင်းနှင့် လက်တွေ့ ကြုံကြရမည့် အမှားလမ်းတို့သည်သာဖြစ်လျက် လူမိုက်စာရင်း အပ်နှင်းပြီးသူ ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ထိုလူမိုက်စာရင်းဝင် လူမျိုး မဖြစ်ကြစေရန် မိမိတို့၏ ချို့ယွင်းချက်များကို စေတနာမှန် စိတ်ထားမှန်ဖြင့် အမှားကင်းစေသော လမ်းကို ညွှန်ပြနိုင်သူ၊ ညွှန်ပြသူတို့ကို အစစ်အမှန် ရွေးချယ်ပြီး ပေါင်းသင်းကြကာ မိမိတို့ ဘ၀လမ်းကို သန့်စင်သည့်၊ အမှားနည်း သည့် လူမျိုးဖြစ်ကြအောင် ကြိုးပမ်းကြပါဟု…………

**ကိုရင်လေးBlog**

မေမွန်ကျော်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)