ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 13, 2011

စက်ဘီးကလေး

>
စက်ဘီးကလေးတစ်စီး ရှိသည်ဆိုပါစို့။ မြေနီနီ လမ်းကလေးတစ်လမ်း ရှိသည်ဆိုပါစို့။ လမ်းကလေး၏ ဘေးတဘက်တချက်မှာ တောပန်းလေးတွေ မြက်ပင်တွေ အပြိုင်းအရိုင်း ပေါက်ချင်ပေါက်နေမည်။ လယ်ကွင်းတွေဖြင့် စိမ်းချင်စိမ်းနေမည်။ စက်ဘီးကလေး လိမ့်သွားဖို့ လမ်းကလေးတစ်ခုသာ လိုအပ်ပါသည်။

မြေနီလမ်းလေးလား။ ကတ္တရာလမ်းလေးလား။ မြေခံမာပြီး ချောမွေ့သော လမ်းကလေး မဖြစ်လျှင်တော့ သွားရတာ နည်းနည်းခက်မည်။ လမ်းကလေး ပီပီပြင်ပြင် မဟုတ်လျှင် ဘယ်လိုဖြစ်လာမလဲ။ တကယ်တော့ လမ်းကလေးရယ်လို့ ရှိမနေလည်း စက်ဘီးကလေး တစ်စီးသာ ရှိခဲ့လျှင် ဘယ်လိုပဲဖြစ်ဖြစ် တွန်းတွန်းတိုက်တိုက် ဖြတ်ကျော်မသွားနိုင်ဘူးလား။ ဒါဆိုလျှင်တော့ လမ်းကလေး ဖောက်မထားလည်း ကိစ္စမရှိတော့။ စက်ဘီးကလေးက ဆက်လက်ပြေးလွှားနေပါဦးမည်။

စက်ဘီးကလေးဆိုသည်မှာ စက်အားကိုးဖြင့် အလိုအလျောက် ပြေးလွှားနိုင်သော ယာဉ်တစ်စီးမဟုတ်။ ခြေထောက်ဖြင့် နင်းဖို့လိုသည်။ ဖြေးဖြေးနင်း။ မြန်မြန်နင်း။ တစ်ချက်ချင်းနင်း။ အားကုန်နင်း။ မောလျှင် ခဏနားရင်း အရှိန်ကလေးဖြင့် ဆက်လှိမ့်သွား။ အကွေ့ဆို လက်ကိုင်ကို ထိန်း။ ကုန်းဆင်းကလေးဆိုလျှင်တော့ သတိဖြင့် လျှောချရမည်။ ကုန်းမြင့်မြင့်ကို တက်ဖို့ ခပ်ဝေးဝေးကတည်းက အရှိန်ယူထားရမည်။ တစ်ယောက်တည်းလား။ ပေါ့ပေါ့ပါးပါး စီးမှာလား။ တခုခုကို သယ်ဆောင်ပြီး စီးမှာလား။ လက်နှစ်ဘက်လုံး လွှတ်စီးလျှင်တော့ စွန့်စားမှု များလွန်းသည်ဟု မထင်ဘူးလား။

စက်ဘီးကလေးဖြင့် ကျေးလက်ရနံ့ကို သယ်လာချင်ပါသည်။ တ၀က်တပျက်သာ စက်မှုဆန်လာသည့် ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုလို့ပေါ့။ ညနေခင်း၏ ကန်ပတ်လမ်းကလေးမှာ လေပြည်အေးအေးလည်း သာသာ တိုးဝှေ့နေစေချင်သေးသည်။ အဲသည်လိုအချိန်မှာ ကောင်ကလေးက ရှေ့ကနင်းလို့ ကောင်မလေးက ကယ်ရီယာခုံမှာ ထိုင်လို့ ဆိုတာမျိုးပေါ့။ လမ်းက ဆိုးလို့ဖြစ်ဖြစ် အကွေ့ကိုရောက်လို့ဖြစ်ဖြစ် ဒါမှမဟုတ် ကောင်ကလေးကိုက စက်ဘီးလက်ကိုင်ကို တမင် လှုပ်ယမ်းလိုက်လို့ဖြစ်ဖြစ် စက်ဘီးကလေး ယိမ်းခနဲ ဖြစ်သွားတဲ့အခါ…။ ကောင်မလေးက ကြောက်တတ်လို့ ဒါမှမဟုတ် ကြောက်ချင်ယောင် ဆောင်လိုက်တဲ့အခါ ….။

စေတီဖြူဖြူလေးရှိရာ ကုန်းမြင့်ကလေးအတိုင်း တက်လာမည်။ မြစ်ကမ်းတလျောက် ကမ်းနားလမ်းကလေးအတိုင်း ပြန်ဆင်းသွားမည်။ သစ်သားပြားလေးများ မညီမညာခင်းထားသော တံတားလေး ရှိခဲ့လျှင်တော့ ဂျလိမ်းဂျလိမ်းဖြင့် အသံမြည်ဦးမည်။ ဗွက်အိုင်ကို ကျော်မည်။ ဈေးတန်းကလေးကို ဖြတ်မည်။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်များ။ လမ်းဘေးဈေးသည်များ။ လက်ဖက်ရည်ဆိုင် ခုံပုကလေးများ။ လူတွေ ပိတ်ဆို့လွန်းလျှင်တော့ ခဏဆင်းပြီး တွန်းရပါမည်။ မိုးရွာခဲ့သည်ဆိုပါစို့။ ထီးကို လက်တစ်ဖက်က ကိုင်ပြီး ကျန်လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကို ထိန်းကာ သင်စက်ဘီးစီးဖူးပါသလား။

စက်ဘီးကလေးသည် ကျွီကျွီဟု တမင်တကာ အသံမြည်အောင် ကတ္တရာလမ်းနှင့် ဘီးကို အရှိန်ဖြင့် ပွတ်တိုက်နိုင်စွမ်းမရှိပါ။ ဝေါဝေါဟု စက်သံပေးကာ မီးခိုးဖုန်လုံးများ တလိမ့်လိမ့်ဖြင့် လေထုကို ညစ်ညမ်းအောင် မထားခဲ့ပါ။ စက်ဘီးကလေးက အသစ်ဖြစ်ရန်လည်း မလိုပါ။ သံချေး နည်းနည်းပါးပါး တက်နေနိုင်သည်။ ဘီးဖုံးမှာ ချိန်းဖုံးမှာ ကယ်ရီယာခုံနောက်မှာ မီးတောက်ပုံ ပန်းပွင့်ပုံ ကြယ်ပုံ စတစ်ကာတွေ ဟိုရောက်ဒီရောက် ကပ်ချင်ကပ်ထားမည်။ စက်ဘီးကလေးက အနီရောင် ဒါမှမဟုတ် အစိမ်းရောင် ဖြစ်နိုင်သည်။ ထိုင်ခုံမြင့်မြင့် လက်ကိုင်နိမ့်နိမ့် ဘားတန်းကလေးနှင့် ဖွဲ့စည်းထားသော ပြိုင်ဘီးလေးတော့ မဟုတ်ပါ။ အားကစားကျင့်သော စက်ဘီးကလေးတစ်စီး မဟုတ်ပါ။ စက်ဘီးကလေးစီးလျှင် ဟဲလမက် ဆောင်းစရာမလို။ အားကစားဝတ်စုံ ၀တ်စရာမလို။ ရှေ့ကခြင်းကလေးထဲမှာတော့ ဖြစ်နိုင်လျှင် ပန်းပွင့်မွှေးမွှေးလေးတွေ အပြည့် ထည့်ထား လိုက်ချင်သေးသည်။

ဘယ်သူ့ကိုမှတော့ နာကျင်အောင် ၀င်မတိုက်မိချင်ပါ။ စက်ဘီးကလေးသည် တိုက်ဖို့ မဟုတ်ပါ။ ပြိုင်ဖို့မဟုတ်ပါ။ တနေရာရာကို အရောက်သွားဖို့တောင် ဟုတ်ချင်မှ ဟုတ်ပါမည်။ စက်ဘီးကလေးသည် ရပ်မနေသောအခါ လေကိုတိုးရင်း တလိမ့်လိမ့် ပြေးသွားဖို့သာ ဖြစ်ပါသည်။ အတိတ်တွေ အနာဂတ်တွေ ရည်ရွယ်ချက်တွေ မျှော်လင့်ချက်တွေ ခဏ ခွာချထားခဲ့ပါ။ သတ်မှတ်ချက်တွေ အနက်အဓိပ္ပာယ်တွေ ဆိုလိုရင်းတွေ လုပ်သင့်တာတွေ လုပ်ရမှာတွေ တာဝန်ယူမှုတွေ ကျင့်ဝတ်တွေ … စကားလုံးတွေ အားလုံး ကင်းစင်နေသည့် စက်ဘီးကလေး သက်သက်သာ ဖြစ်ပါသည်။ စိတ်တွေ ခဏအားလပ်တဲ့အခါ စက်ဘီးကလေး တစ်စီးကို နားလည်ရုံလေး ငေးမောမကြည့်ချင်ဘူးလား။ ဟောဒီမှာ.. ဘဲလ် သံ ကလင်ကလင်ပေးလို့ စက်ဘီးကလေး လိမ့်လာနေပြီ။

**ပန်ဒိုရာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)