ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 11, 2011

အိုမန်-မြန်မာ ဘောလုံးပွဲ သတင်းမှန်

>

(ဘလူးစကိုင်းဖောရက်စ် ဘလော့ဂ်က အိုမန်-မြန်မာ ဘောလုံးပွဲ သတင်းမှန်ကို အောက်ပါအတိုင်း ဖော်ထုတ်ရေးသားလိုက်ပါတယ်။)
ယမန်နေ့က ရန်ကုန်၌ ကစားခဲ့ကြသည့် မြန်မာ၊ အိုမန်ဘောလုံးပွဲတွင် မြန်မာပြည်သူတို့၏ စိတ်သဘောထားကောင်းမြတ်မှုနှင့် အားကစားကို ချစ်မြတ်နိုးမှုအား ကမ္ဘာက သိအောင် ထင်ထင်ရှားရှား ပြသခွင့်ရခဲ့ကြ သည်။ အခွင့်အရေးကို လက်လွတ်မခံပဲ မြန်မာ့စိတ်ရင်းစေတနာကို
ထုတ်ဖေါ်ခဲ့ကြသည့် ပရိတ်သတ်ကြီးအား နိုင်ငံတော်အစိုးရကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကြီးကိုယ်တိုင် ရုပ်မြင်သံကြားက ချီးမွန်းပြောဆိုရန် စီစဉ်နေသည်။

အိုမန်အသင်းက မြန်မာထက် သာကြောင်း မြန်မာပရိတ်သတ်များက ကြိုတင် သဘောပေါက်ထား၍ ပွဲပြီးဆုံးသည်အထိ ကန်ခွင့်မပေးခဲ့။ မြန်မာကွင်း၌ ကန်ခွင့်ရချိန်အတွင်း အိုမန်အသင်းကို အမောမဖေါက်
စေလို။ မြန်မာပရိတ်သတ်ကြီးက သူတို့သောက်ရန် ၀ယ်ယူထားသော ရေဘူးများကို သူတို့မသောက်ပဲ အိုမန်ဘောလုံးသမားတို့ သောက်ရန် တက်တက်ကြွကြွဖြင့် စွန့်လွှတ်လှူဒန်းခဲ့ကြသည်။

တချို့ပရိတ်သတ်များကလည်း ၄င်းတို့အိမ်က ယူဆောင်လာခဲ့ကြသော ထီးများကို အိုမန်အသင်းသားတို့ ကွင်းအလယ်၌ နေပူမှာစိုးသဖြင့် လှမ်း၍ ပစ်ပေးခဲ့ကြသည်။ တချို့ကလည်း အိမ်အပြန် ခြေဗလာဖြင့် ပြန်မည်
ဟု ဆုံးဖြတ်ပြီး ကိုယ်တိုင်စီးလာသည့် ဖိနပ်များကိုချွတ်၍ ပစ်ပေးခဲ့ကြ၏။ အိုမန်အသင်း ဘောလုံးပွဲပြီးသည်အထိ ဆက်၍ကန်စရာ မလိုတော့ကြောင်း၊ ဘောကန်ဖိနပ်များကို လဲ၍ ကွင်းအလယ်၌ သက်သက်သာသာ နေကြပါရန်လည်း ဟစ်အော် တောင်းပန်ခဲ့ကြ၏။ မြန်မာအသင်းအနေနှင့်လည်း ဆက်၍ ကန်လျှင် ရှုံးမည့်အတူတူ စောစောနားသော် စောစောသက်သာသည်ဟု စေတနာထားပြီး ဘောပွဲကို ရပ်နားကြရန် လေးဘက်လေးတန် စင်ပေါ်က အော်ဟစ် အသနားခံခဲ့ကြသည်။

အိုမန်ဘောသမားများအတွက် မြန်မာ့ကွမ်းကို မိတ်ဆက်ပေးသည့် အနေနှင့်လည်း ကွမ်းထုပ်များ၊ ကွမ်းဘူးများအပြင် ဗိုက်ဆာနေသူတို့ အသင့် စားသုံးနိုင်ရန် မြန်မာအစားအသောက်များကိုပါ ကွင်းပတ်ပတ်လည်က ပစ်ချပေးခဲ့ကြလေသည်။

မြန်မာပြည်တွင်းဖြစ် အုတ်နီခဲများ၏ အရည်
အသွေးကို အချိန်ရတုန်းရခိုက် လေ့လာသွားစေချင်သည့် သဘောဖြင့် လည်း ရသမျှအုတ်ခဲအကျိုးအပဲ့တို့ကို အိုမန်ဘောသမားများထံ အရောက် ပေးပို့ခဲ့ကြသည်။

မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကလည်း ဤမျှစေတနာကြီးမား သဘောထား ကောင်းလှသည့် မြန်မာပရိတ်သတ်ကြီးအား ကွင်း အလည်ကို ထွက်ကာ ရှိခိုးဦးခိုက် ကျေးဇူးတင်ခဲ့သည်။ လုံခြုံရေးရဲများ ကလည်း ပရိတ်သတ်ကြီး၏ အားပေးမှုကို ထောက်ခံသည့်အနေဖြင့် ဘောလုံးကွင်းအနှံ့ ချီတက်ပြခဲ့ကြသည်။

သို့သော် လူကိုသေကျေစေနိုင်သည့် ဓါးရှည်၊ ဓါးကောက်များကို နိုင်ငံ တော်အလံတွင် ထည့်သွင်းအသုံးပြုထားသည့် အစ္စလမ်ဝါဒီ အိုမန် ဘောသမားများသည် မြန်မာပရိတ်သတ်၏ မေတ္တာစေတနာကို လုံးဝ သဘောမပေါက်ခဲ့။ ၄င်းတို့အား တိုက်ခိုက်သည်ဟု တဘက်သတ် စွပ်စွဲ ပြောဆိုခဲ့ကြသည်။

ဖီဖါခေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည်လည်း မြန်မာ့ယဉ်ကျေးမှုကို လုံးဝ နားမလည်။ မြန်မာတို့အား အရေးယူမည့်သဘော ချိန်းချောက်ပြောဆိုခဲ့သည်။ အစာရေစာနှင့် လက်ဆောင်ပစ္စည်းများပေးခဲ့ကြသည်ကိစ္စ
ကို စုံစမ်းစစ်ဆေးမည်ဟုပင် မရှက်မရွံ့ ထုတ်ဖေါ်ပြောဆိုခဲ့လေသည်။

မြန်မာတို့သည် အားကစားစိတ်ဓါတ် ပြင်းထန်ကြသူများဖြစ်ကြောင်း ကမ္ဘာက ကောင်းကောင်း မသိ။ ပေးထားသည့် နာမည်ကိုယ်၌က “အားကစား” ။ အားသည့်အခါတိုင်း ကစားသည်ဟု အဓိပ္ဗါယ်ရသည်
ကို နိုင်ငံတကာက နားမလည်ကြ။ ဤမျှ အဓိပ္ဗါယ်လေးနက်ပေါ်လွင်သည့် နာမည်ကို ပေးပြီး အားကစား၏ဂုဏ်ကို မြှင့်တင်ခဲ့သည်ကို သဘောမပေါက်ကြ။

အိုမန်ဘောလုံးပွဲ အဖြစ်အပျက်ကြောင့် ယခုဆိုလျှင် မြန်မာတမျိုး သားလုံးက အားကစားလောက တခုလုံးကို စွန့်လွှတ်ပစ်ရန်အထိပင် စဉ်းစားပြောဆို နေကြလေပြီ။ နောက်ဆုံးရရှိသော သတင်းများအရ နေပြည်တော်အရပ်တွင် ကြီးကြီးမားမား တည်ဆောက်ထားသည့် ပြည်သူ့လွှတ်တော်အတွင်း သမ္မတကြီးအပါအ၀င် တိုင်းပြည်ခေါင်းဆောင်များက ဘောလုံးကိစ္စ အရေးပေါ်လွှတ်တော်အစည်းအဝေး
ခေါ်ယူကျင်းပနေသည်ဟု သိရသည်။

မြန်မာစစ်ခေါင်းဆောင်များကလည်း ဘောလုံးကန်သည့်နိုင်ငံများ အားလုံးကို စစ်ရေးအရ တုံ့ပြန်သွားဖို့ ဒေါသတကြီး အဆိုတင်သွင်း နေကြသည်ဟု ဆိုသည်။ အတိုက်အခံ နိုင်ငံရေးပါတီများကလည်း
နိုင်ငံရေးအကြောင်းကို လုံးဝ မစဉ်းစားကြတော့ဘဲ ဘောလုံးအကြောင်းကိုသာ နေ့ရောညပါ ဆွေးနွေးပြောဆိုနေကြကြောင်း၊ အစိုးရနှင့် အရာရာ သဘောထား ကွဲလွဲနေကြသော်လည်း ဘောလုံးကိစ္စ၌ တထပ်တည်း ဆန္ဒရှိနေသဖြင့် ဘောလုံးကို အခြေခံ၍ အမျိုးသားပြန်လည်သင့်မြတ် ရေး ဖြစ်ပေါ်လာရန် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု
ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။

**SOE HTUT**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)