**ဂျွန်ကာရူး ၀က်စ်ဟမ်းနှင့် ငါးနှစ်စာချုပ်ချုပ်ဆို**
(လန်ဒန်၊ သြဂုတ် ၈)
ဝက်စ်ဟမ်းအသင်းသည် ဗီလာအသင်းနှင့် စတုတ်စီးတီးအသင်းတို့တွင် ကစားခဲ့ဖူးသည့် တိုက်စစ်မှူး ဂျွန်ကာရူးကို ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် (၃၁)နှစ် ရှိပြီဖြစ်သည့် အဆိုပါ နော်ဝေသားသည် ဗီလာအသင်းသို့ မရောက်မီ ပြင်သစ်ကလပ်လိုင်ယွန် အသင်းတွင်လည်း ကစားဖူးသည်။ ၀က်စ်ဟမ်းကစားသမားအားလုံးနှင့် ရင်းနှီးပြီးသားဖြစ်၍ မိမိအတွက် အခက်အခဲမရှိနိုင်ကြောင်း၊ ကွင်းမန်နေဂျာ၊ ကွင်းကစားသမားများနှင့်အတူတကွ လက်တွဲရမည်ကို ကျေနပ်ကြောင်း ပြောကြားသည်။ (Goal)
**ဘောလုံးလောက အပြောင်းအရွှေ့**
သြဂုတ် ၄ ရက်မှ ၆ ရက်အထိ ဘောလုံးလောက အပြောင်းအရွှေ့များမှာ - ကော့စ်တယ် ပန်တီလီမွန်(ဂိုး)တီမီဆိုယာရာမှ မန်စီးတီး၊ အဲလစ်ဆန်ဒရိုခရစ်စင်ဇီ(နောက်တန်း) ရိုးမားမှ ဘာရီ၊ အက်ဒရီယံစတိုင်း(ကွင်းလယ်)ရိုးမားမှ ဘာရီ၊ မာတင်ညို(ကွင်းလယ်) ကာတာနီးယားမှ စီဆီနာ၊ မိုက်ကယ် ရက်ချက်ဆင်(ကွင်းလယ်)နယူးကာဆယ်မှ လေတန်အောရင့်၊ မီလန်ဂျိုဗာနိုဗစ်(နောက်တန်း) လီဗာပူးမှ အန်ဒါလက်ခ်ျ၊ ဆီနီ(နောက်တန်း)ရိုးမားမှ ဘာရီ၊ မန်နီနီ(ကွင်းလယ်)နာပိုလီမှ၊ ဆီနာ၊ ဂါဗားပတ်စတိုး(ကွင်းလယ်)ပါလာမိုမှ PSG၊ ယူရီဇာကော့ဗ်(ကွင်းလယ်) ချယ်လ်ဆီးမှ အန်ဇိုင်းမာခါချီကာလာ၊ မာတင့်ဖူလော့ပ်(ဂိုး) အစ်ဝှစ်ခ်ျမှ ၀က်စ်ဘရွန်းနှင့် လန်ဇာဖိန်း(ကွင်းလယ်) ပါလာမိုမှ ကာတာနီးယားတို့ဖြစ်ကြသည်။ (Goal)
**စုစည်းဘာသာပြန်- ဟန်သစ်**

No comments:
Post a Comment