(7 killed in Cameron Highlands landslide)
**မလေးရှားနိုင်ငံ ကာမီရွန်ဒေသ၌ မြေပြိုမှုဖြစ်ပွား၊ ခုနှစ်ဦးသေဆုံး**
(ကွာလာလမ်ပူ၊ သြဂုတ် ၈)
မလေးရှားနိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အပန်းဖြေစခန်းတစ်ခုဖြစ်သော ကာမီရွန်ကုန်းမြင့်ဒေသတွင် သြဂုတ် ၇ ရက်က မြေပြိုမှုဖြစ်ပွားရာခုနစ်ဦးသေဆုံးခဲ့ကြောင်း မလေးရှားမီဒီယာများက သြဂုတ် ၈ ရက်၌ ဖော်ပြသည်။ ကွာလာလမ်ပူမြို့မြောက်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာ အဆိုပါဒေသရှိကျေးရွာတစ်ရွာ၌ သြဂုတ် ၇ ရက်မွန်းလွဲပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိမ်အချို့ပျက်စီးပြီး ခုနုစ်ဦးသေဆုံးခဲ့ရသည့်အပြင် အခြားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ယင်းကာမီရွန် ကုန်းမြင့်ဒေသသည် လက်ဖက်စိုက်ခင်းများဖြစ်ထွန်းရာ ဒေသဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရာ နေရာတစ်ခုလည်းဖြစ်သည်။ မလေးရှားနိုင်ငံတွင် မကြာမီရက်များက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြေပြိုမှုများဖြစ်ပေါ်လျက်ရှိသည်။ (အင်တာနက်)

(Oil slick spreads from sunken ship off Mumbai)
**မွမ်ဘိုင်းကမ်းလွန်၌ ကုန်သင်္ဘောနစ်မြုပ်။ပင်လယ်ပြင်သို့ ရေနံများယိုစိမ့်ထွက်**
(နယူးဒေလီ၊ သြဂုတ် ၈)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ကမ်းလွန်တွင် ယခုသီတင်းပတ်အစောပိုင်းက နစ်မြုပ်ခဲ့သော ပနားမားအသံလွှင့်ထူထားသည့် ကုန်တင်သင်္ဘောအမ်ဗွီရက်ခ်မှ ရေနံများပင်လယ်ပြင်သို့ ယိုစိမ့်ထွက်လျက်ရှိကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ သြဂုတ် ၈ ရက်၌ သတင်းထုတ်ပြန်သည်။ ၄င်ုးသင်္ဘောမှ ရေနံများ တစ်နာရီလျှင် ၁ ဒသမ ၅ တန်မှ ၂ တန်ခန့်အထိသြဂုတ် ၇ ရက်ညမှ စတင်ကာ ယိုစိမ့်ထွက်ရှိနေကြောင်း၊ ပင်လယ်ရေပြင်၌ ရေနံများ ယိုစိမ့်ထွက်ပေါ် နေမှုအနေအထားမှာ ရေမိုင်ခုနစ်မိုင်ပတ်လည် အကျယ်အ၀န်းခန့် ရှိနေပြီဖြစ်ကြောင်း ယင်းသတင်း၌ ဖော်ပြသည်။ (အင်တာနက်)
**အမေရိကန်နိုင်ငံ ၌ သေနှတ်ပစ်ခတ်မှုဖြစ်ပွား**
(အိုဟိုင်းယိုး၊ သြဂုတ် ၈)
အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် ကော့ပ်လေမြို့တွင် သြဂုတ်လ ၇ ရက်နေ့က သေနတ်သမားတစ်ဦး၏ ရမ်းကား ပစ်ခတ်မှုကြောင့် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအ၀င် လူ ခုနစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက သေနတ်သမားအား ပစ်ခတ်ခဲ့ကြောင်း ကော့ပ်လေရဲတပ်ဖွဲ့က သြဂုတ်လ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဖြစ်ပွားမှုမှာ သြဂုတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က သေနတ်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း အရေးပေါ်ဖုန်းနံပါတ် ၉၁၁ သို့ အကြောင်းကြားသတင်းပို့မှုကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီး အခင်းဖြစ်ပွားရာသို့ ချက်ချင်းသွားရောက်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment