ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 16, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ….

>

(East German soldiers remove paving blocks on Friedrich Strasse in East Berlin on 13 August 1961 to prepare for the building of the wall. Photograph: Str/AP)
** ဂျာမနီတွင် ဘာလင်တံတိုင်းတည်ဆောက်မှု အထိမ်းအမှတ် အခမ်းအနားကျင်းပ **
(ဘာလင်၊ သြဂုတ်လ ၁၄ ရက်)
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က ဘာလင်တံတိုင်းတည်ဆောက်ခဲ့ခြင်းသည် ယနေ့ နိုင်ငံသားအားလုံးကို လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီအတွက် ရပ်တည်ရန် အမြဲတစေ သတိပေးနေမည်ဖြစ်ကြောင်း ဘာလင်တံတိုင်းတည်ဆောက်မှု နှစ် (၅၀)ပြည့် အခမ်းအနား၌ မြို့တော်ဝန်က စနေနေ့တွင် ပြောကြားခဲ့သည်။ တံတိုင်းကြီးက ဘာလင်မြို့တော်ကို ပိုင်းခြားခဲ့ခြင်းသည် နိုင်ငံကို ခွဲစိတ်လိုက်သကဲ့သို့ မြို့တော်၏ လမ်းများ၊ အိမ်းနီးချင်းများ၊ မိသားစုများကိုလည်း ခွဲခြားလိုက်ခြင်းဖြစ်သည်ဟု မြို့တော်ဝန် ကလော့ဝိုဝီရိတ်က ပြောကြားသည်။ (အေပီ)

(US Army suicides reach record in July)

(A US army soldier sheds a tear during military formation -file photo)
** အမေရိကန်ကြည်းတပ်၌ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်း ၂၀၁၁ ခုနှစ်ဇူလိုင်လတွင် အမြင့်မားဆုံးဖြစ် **
(၀ါရှင်တန်၊ သြဂုတ်လ ၁၄ ရက်)
အမေရိကန်ကြည်းတပ်၏ အမြဲတမ်းတပ်ဖွဲ့များနှင့် အရန်တပ်ဖွဲ့ဝင်များအတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း တနင်္ဂနွေနေ့ အင်တာနက်သတင်း၌ ဖော်ပြသည်။ အမေရိကန်ကြည်းတပ်က ၂၀၀၉ ခုနှစ်မှစတင်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် နှုန်းထားကို လစဉ်ထုတ်ပြန်ခဲ့ချိန်မှစ၍ ယခုနှစ် ဇူလိုင်လအတွင်း သေနှုန်းမှာ အမြင့်ဆုံးဖြစ်သည်။ ယင်းလအတွင်း အမြဲတမ်းတပ်ဖွဲ့ဝင် ၂၂ ဦးနှင့် အရန်တပ်ဖွဲ့ဝင် ၁၀ ဦးတို့သည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြသည်။ ယင်းကဲ့သို့ သေဆုံးရခြင်းအကြောင်းရင်းကို တိကျစွာ အတည်ပြုပေးနိုင်ရန် ရှာဖွေစစ်ဆေးလျက်ရှိကြောင်း အမေရိကန် ကြည်းတပ်က ကြေညာခဲ့သည်။ (အင်တာနက်)

** အင်ဒိုနီးရှား၌ ပါပင်ဒင်ယန်မီးတောင် လှုပ်ရှားလာ ၊ဓာတ်ငွေ့နှင့် မီးခိုးများ ဝေဟင်သို့ မှုတ်ထုတ်နေ **
(ဂျကာတာ၊ သြဂုတ်လ ၁၄ ရက်)
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဂါရုဒ်မြို့အနီး ပါပင်ဒါယန်မီးတောင်သည် သြဂုတ်လ ၁၃ရက်နေ့က လှုပ်ရှားလာပြီး မီးခိုးများဝေဟင်သို့ မှုတ်ထုတ်နေသဖြင့် အရေးပေါ်သတိပေးချက် အဆင့် ၂ ကို ထုတ်ပြန်ထားရကြောင်း ဂျကာတာပို့စ်သတင်းစာတွင် သြဂုတ်လ ၁၄ ရက်နေ့က ဖော်ပြသည်။ မီးတောင်လှုပ်ရှားမှု သတိပေးချက်ကို သြဂုတ်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်မှ စတင်ထုတ်ပြန်ခဲ့ပြီး ယခုအခါ သတိပေးချက်အဆင့် တိုးမြှင့်လိုက်ရခြင်းဖြစ်ကြောင်း မီးတောင်နှင့် ဘူမိဘေးအန္တရာယ်ဆိုင်ရာဌာနမှ ထုတ်ပြန်သော သတိပေးချက်၌ ဖော်ပြထားသည်။ (အင်တာနက်)

** ပိုလန်အလယ်ပိုင်း၌ ရထားလမ်းချော် ၊ခရီးသည်လေးဦးသေဆုံး၊ ၃၀ ဦးဒဏ်ရာရရှိ **
(၀ါဆော၊ သြဂုတ်လ ၁၄ ရက်)
ပိုလန်နိုင်ငံအလယ်ပိုင်းတွင် သြဂုတ်လ ၁၃ ရက်နေ့က ရထားတစ်စင်းလမ်းချော်မှု ဖြစ်ပွားရာ ခရီးသည်လေးဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများက သြဂုတ်လ ၁၄ ရက်နေ့၌ ဖော်ပြသည်။ အဆိုပါ ရထားသည် ၀ါဆောမြို့မှ ပိုလန်နိုင်ငံတောင်ပိုင်း ကာတိုဝစ်မြို့သို့ သြဂုတ်လ ၁၄ ရက်နေ့က မောင်းနှင်လာစဉ် ပီရိုထရက်ကောထရိုင်ဘူနာစကီမြို့အနီးတွင် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

** အိမ်သုံးပစ္စည်းများအတွင်း မူးယစ်ဆေးဝါးများထည့်ယူလာ ဗျူနိုအေရီလေဆိပ်၌ သိမ်းဆည်းရမိ **
(ဗျူနိုအေရီ၊ သြဂုတ်လ ၁၄ ရက်)
အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီမြို့ နိုင်ငံတကာလေဆိပ်၌ ပီရူးနိုင်ငံသားတစ်ဦး ယူဆောင်လာသော တင်းနစ်ရိုက်တံတစ်ခု မူလီနှင့် အခြားအိမ်အသုံးအဆောင်ပစ္စည်းများအတွင်းမှ မူးယစ်ဆေးဝါးများကို လေဆိပ်အကောက်ခွန်အရာရှိများက သြဂုတ်လ ၁၃ ရက်နေ့၌ သိမ်းဆည်းရမိခဲ့ကြောင်း အာဂျင်တီးနားရဲတပ်ဖွဲ့က သြဂုတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ၄င်း ပီရူးနိုင်ငံသားသည် ခရီးဆောင်အိတ်အတွင်း အိမ်သုံးပစ္စည်းများထည့်သည့် သေတ္တာငယ်အတွင်း၌ မူလီ၊ တံခါးမင်းတုပ်နှင့် အခြားပစ္စည်းများကို အခေါင်းပြုလုပ်ကာ မူးယစ်ဆေးဝါးများထည့်တွင်းပြီး မှောင်ခိုသယ်ဆောင်လာခြင်းဖြစ်သည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)