ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 17, 2011

လူထုကျန်းမာရေး (အလုပ်ကြောင့်ဖြစ်သော စိတ်ဖိစီးမှုများ လျော့ပါးသက်သာစေရန်.)

>
**Public Health**

ယှဉ်ပြိုင်မှုတွေများတဲ့ ဒီနေ့ခေတ်မှာ အလုပ်မှရတဲ့ ဖိစီးမှုတွေဟာ လျစ်လျူရှုထားလို့မရတဲ့ ပြဿနာတစ်ရပ် ဖြစ်နေပါပြီ။ သင်နှစ်သက်တဲ့ အလုပ်မျိုးကို လုပ်နေရရင်တောင် စိတ်ဖိစီးမှုဖြစ်ရတဲ့ အခြေအနေတွေကို တစ်ခါတစ်ရံတော့ ကြုံရမှာပဲ။
လုပ်ငန်းခွင်တိုင်းလိုလိုမှာ စိတ်ဖိစီးမှုကို ကြုံတွေ့ရနိုင်ပါတယ်။ အလုပ်မှာ ဖိစီးမှုဖြစ်ရတဲ့အကြောင်းရင်းတွေက သင်ရဲ့စွမ်းဆောင်ရည်ကို စိန်ခေါ်နေတဲ့ အလုပ်တွေ၊ အလုပ်ပြီးရမယ်လို့ သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်၊ အမှားတွေ လုပ်မိခြင်း၊ လုပ်စရာအလုပ်တွေ ပုံနေခြင်း၊ လေ့ကျင့်သင်ကြားရခြင်းနဲ့ ရုံးတွင်း ပဋိပက္ခ စတာတွေ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သင်ဟာ အလုပ်ကြောင့်ဖြစ်တဲ့ ဖိစီးမှုပြဿနာကို မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် စိတ်ဖိစီးမှုလည်း လျော့ပါးသက်သာပြီး အလုပ်မှာလည်း ပိုမို ပျော်ရွှင်ကျေနပ်လာပါလိမ့်မယ်။ ဒီအခါ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာပါ လိမ့်မယ်။ တချို့လူတွေဟာ လုပ်ငန်းခွင်မှာ သူတို့အနားက လူတွေကို ဆူပူတာ၊ စကားများတာ၊ ရန်ဖြစ်တာ စတဲ့ နည်းလမ်းတွေနဲ့ သူတို့ရဲ့ စိတ်ဖိစီးမှုကို ပွင့်အန်ထုတ်တတ်ပါတယ်။

လူအများကြီးနဲ့ လုပ်ရတဲ့ လုပ်ငန်းခွင်မှာ ဒီလိုပြဿနာတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမဲ့ သင်ဟာ ဖိစီးမှုကို မှန်မှန်ကန်ကန်နဲ့ ညင်ညင်သာသာ ဖွင့်ထုတ်တတ်မယ်ဆိုရင်တော့ ဒီပြဿနာတွေမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။ အလုပ်ထဲမှာဖိစီးမှုဖြစ်လာတဲ့အခါ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပါ။

**အသက်ရှူဖို့ သတိရပါ **
အသက်ရှူခြင်းဟာ အသက်ရှင်သန်ဖို့အတွက် မရှိမဖြစ် အရေးကြီးပါတယ်။ ဒါ့အပြင် ထိထိရောက်ရောက် အသက်ရှူပေးမယ်ဆိုရင် သင့်စိတ်ကို တည်ငြိမ်အေးချမ်းအောင်လည်း ကူညီနိုင်ပါတယ်။
နှာခေါင်းမှ အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းပါ။ သင့်အဆုတ်တင်မကဘဲ သင့်ဝမ်းဗိုက်တစ်ခုလုံးပါ လေတွေနဲ့ ပြည့်နေပြီလို့ ခံစားရတဲ့အထိ နက်နက်ရှိုင်းရှိုင်း ရှူသွင်းပါ။ ပြီးရင် ပါစပ်ကနေ လေတွေကို ပြန်ရှူထုတ်လိုက်ပါ။ အကြိမ်အနည်းငယ် ဒီလိုလုပ်ပြီးရင် သင်တည်ငြိမ်လာပြီး ဖိစီးမှု လျော့သွားတာကို ခံစားရပါလိမ့်မယ်။

**ဖိစီးမှုပြေပျောက်စေတဲ့ ဘောလုံးလေးတစ်လုံးကိုညှစ်ပါ**
ဒီနေ့ခေတ်မှာ သေးငယ်ပြီး အလေးချိန်ပေါ့တဲ့ ဘောလုံးလေးတွေကို စိတ်ဖိစီးမှု ခံစားရတဲ့အခါ လက်ထဲမှာ ညှစ်နေဖို့အတွက် တီထွင်ထုတ်လုပ် ထားကြပါတယ်။ ဒီလို လက်ထဲမှာ ဘောလုံးကို ညှစ်နေတာဟာ ပထမတော့ ကလေးကလားဆန်သလို ခံစားရနိုင်ပေမယ့် တကယ်အကျိုးရှိတဲ့ နည်းဖြစ်ပါတယ်။

**အလုပ်မှ ဖိစီးမှုတွေကို အလုပ်မှာထားခဲ့ပါ **
သင်ဟာ စိန်ခေါ်မှုများတဲ့ အလုပ်ကနေ အိမ်ပြန်လာတဲ့အခါ သင်ရဲ့ဖိစီးမှုတွေအားလုံးကို အလုပ်မှာပဲ ထားခဲ့ပါ။ အိမ်ထိယူမလာပါနဲ့။ ဒါက ပြောရတာ လွယ်ပေမယ့် လုပ်ရတာတော့ နည်းနည်းခက်မှာပါ။
သင်ဟာ အလုပ်ကြောင့်ရတဲ့ ဖိစီးမှုတွေကို နေ့စဉ်နဲ့အမျှ ဖြေလျှော့ သက်သာအောင်လုပ်မယ်ဆိုရင် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရတာနဲ့ ဒေါသအိုး ပေါက်ကွဲရတာမျိုးမဖြစ်အောင် ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။ ဒီအခါ သင်ကိုယ်တိုင်ရဲ့ ကျန်းမာရေး၊ သင့်ပတ်ဝန်းကျင်မှ လူတွေနဲ့ သင်ရဲ့ ဆက်ဆံရေးနဲ့ သင့်ကိုယ်သင်နဲ့ ပတ်သက်တဲ့ ခံစားမှုတွေဟာ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
တချို့လူတွေဟာ စိတ်ဖိစီးမှုခံစားရတာ သက်သာအောင် ဆေးဝါးတွေကို အသုံးပြုတတ်ကြပါတယ်။ ဒါပေမဲ့ သင်ခံစားရတဲ့ စိတ်ဖိစီးမှုကို သက်သာအောင် သင့်ဘာသာသင် လုပ်နိုင်စွမ်းရည် သင့်မှာရှိပါတယ်။ အသက်ရှူ လေ့ကျင့်ခန်းလုပ်တာ၊ သင့်ကို လုပ်ဆောင်တာနဲ့ သင့်မှာရှိတဲ့ အရာတွေနဲ့ အရည်အချင်းကို ကိုယ်တိုင်တန်ဖိုးထားတာတွေက ကောင်းမွန်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

Ref : Good Health

**Nwe Ni**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)