ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 15, 2011

“အသွားဖြောင့်ပါရစေယမင်းရေ”

>

“နေညိုချိန်တိမ်တောက်တဲ့အခါရွာလမ်းနံဘေးမှာ ”ဆိုတဲ့ သီချင်းစာသားထဲကလို ငါတို့ရွာရဲ့ ရွာလယ်လမ်း ကို ကတ္တရာခင်းပြီးတဲ့နောက် ရေစုပ်စက်နဲ့ရေတင် “စာဥ”တို့သူငယ်ချင်းမတွေ ရေခပ်မဆင်းပဲ chatting၀င် နေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း (globalization) ခေတ်ကြီးကိုရောက်လာပြီးတဲ့ အချိန်မှာပေါ့ ၊ တိုးတက်လာတဲ့ ကမ္ဘာ့ ဘတ်စ်ကား(ဟာ…ဟုတ်ပါဘူး)ကမ္ဘာ့ ရွာ ကြီးထဲမှာ ငါတို့ဆယ်အိမ်စုကနေ စီးပွားရေး ဈေးကစားလို့ မလေးရှားကို အပြေးသွားပြီး စီးပွားရှာ၊ ကြီးပွားလာကြတဲ့ မလေးရှားပြန်တွေ ရဲ့ သူဌေးသား ဟန်တွေကို နင့်အမေကြီးက စီးပွားရေးအတွက်ချော်ပြီးသားမက်တော်ချင်နေပြီတဲ့ ယမင်းရေ……….(..ကြိတ်လိုက်စမ်းကွ )

အခုအချိန်မှာမလေးရှားပြန်တွေရဲ့ ခြေတစ်လှမ်းကကုဋေတစ်သန်းလို့ထင်ရလောက်အောင် ရင်းဂစ်သံတ ညံညံ ပေးနေ လေတော့နင့်အတွက် ငါအမှန်အကန်လေးရပြီပေါ့…..ယမင်းရယ်….(ရင်…ရင်)၊အခုတော့ငါ့မှာ အာဆီယံ ဆိုတဲ့ အသင်းကြီးရဲ့မျက်နှာကိုမှမထောက်(မသိရင်အတွင်းရေးမှုးချုပ် နဲ့ပဲ အိမ်နီးနားချင်းနေဖူး သလိုလို) ကွာလာလမ်ပူ ရောက်ခဲ့တဲ့သူဟာငါ့အတွက်တော့မဟာရန်သူပါပဲယမင်းရယ် ၊ ဒါ့ကြောင့် ဟိုးအရင်တိတ်တခိုး နဲ့ ကြိတ်ပိုးခဲ့ရတဲ့ အတိတ်ဆိုးတွေကို ထားခဲ့ပြီး အခုလို ၀ရုန်းသုန်းကား အမြန်လေးနဲ့ အသုံးအနှုန်းစကား အမှန် ရေးပြီး၊နင့်ဆီကိုအချေး(ချီး)အငှားမပါတဲ့ ရည်းစားစာကို အဆွေးတချို့နဲ့ရေး ပို့လိုက်ရပါတယ်…..(ပလို့…ဂျိ )။

ဒီမှာယမင်း နင်တို့သားအမိအရမ်းလေးစားတဲ့မလေးရှားပြန်တွေစီးတဲ့ဆိုင်ကယ်အင်ဂျင်ဝမ်းတူးဖိုက်(125)ကအ ပြင်အဆင်တွေအရမ်း ထူးပြီးမိုက်နေလို့လား…။ ဟိုးအရင် ငါကြိတ်ပိုးနေခဲ့တုန်းက ခိုင်းချင်ရာခိုင်းမညည်းမညူ အပြေးအလွှား သွားပေးနေတုန်းကတော့ အကြမ်းပတမ်းခံတဲ့ ၀မ်းတန်း(110)အမှန်လေးလို့ ပြောခဲ့တဲ့ ငါ့ဆိုင် ကယ်လေးကိုနင်ကမေ့သွားပြီလား ယမင်းရယ်၊ “မြင်နိုင်ရင်လေကိုယ့်ရင်ထဲ…တားဆီးကြည့်မနေနဲ့”လို့ လေးဖြူ ဆိုခဲ့တဲ့သီချင်းထဲကလိုကိုယ့်ရဲ့ “မျှော်လင့်ခြင်းလေးရေ”၊ “အချစ်ကိုမင်းနဲ့တွေ့မှသာတန်ဖိုးထား ချစ်တတ်တာ ယုံပါ”လို့ Rဇာနည်လိုပြောပြရင်းရသ ရဲ့ “တစ်ခါတုန်းက”သီချင်းလို “ငါရေးတဲ့ဒီစာ မင်းရယ်စရာကနေဖတ်နေ မှာလား..ကိုရင်ညိန်း ဆိုတဲ့ချာတိတ်....…ယမင်းရဲ့အသံကို ကြားယောင်နေမှာ… ..ခဏလောက်ဖြေပါ… ပြာနက်နက် အသားရောင်တွေကြား……..စီးပွားရှာပြီးပြန်လာတဲ့ ဘာကြောင့်ဒီက မလေးရှားပြန်တွေရဲ့စကား နားယောင်နေမှာလဲ ” လို့ ယမင်းရေ…..။

ယမင်းရေ…ဒေးဗစ်ဘက်ခမ်းကဗစ်တိုးရီးယားကိုပြောသလို၊အောင်အောင်ဦးကခင်ငြိမ်းချမ်းကိုပြောသလို ၊တွမ်ခရုစ် ကကေတီဟုမ်းစ်ကိုပြောသလို ၊လူမင်း က ခင်စံပယ်ဦးကိုပြောသလိုနင့်ကိုငါပြောချင်တယ်ယမင်း ရယ်ကချင်လို “နမ့်ဖောခိုင်ဆောရအိုင်”၊ ရှမ်းလိုတော့ “ပီနန်းဟောင်အားစူး”၊ ကရင်လိုတော့“ယယ်အဲနယ်”တဲ့ ၊ကိုရီးယားလို “ဆာဒါးနယ်ယော”၊ ရုရှားလို“ယာလူးဗလူးဆီဗျာ”တဲ့ ၊တရုတ်လိုတော့“၀ါ အိုက်ညီ”၊ အင်္ဂလိပ်လိုက“အိုင်လပ်ဗ်ယူ”တဲ့ ၊ ယမင်းရေ …ငါ ဗမာလိုပဲပြောမယ်ဟာ။နင့်ကိုငါချစ်တယ် ယမင်းရယ်……တကယ်ပါ ။

“ပိုးအိစံ” ကတော့“အချစ်ဆိုတာရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ” တဲ့ ၊“တာရာမင်းဝေ” ကတော့“အချစ်ဆိုတာ ဘုရားသခင် မတွေ့ရှိခဲ့တဲ့ အရောင်”ဆိုပဲ ၊ “ထွန်းအိန္ဒြာဗို”ကျတော့“အချစ်ဆိုသည်မှာ …အံ့သြမှု့များနဲ့ ဆန်းကြယ်သောအရာ” လို့ပြောတယ် ၊အဲ….“သွန်းနေစိုး” ကတော့ တစ်မျိုး အချစ်ဆိုတာ “၀က် ခြံပေါက်တာနဲ့ တူတယ်”တဲ့ ။“မပေါက်ဖူးသေးတော့ပေါက်ချင်တယ်”ဆိုပဲ (သေးတော့မဟုတ်ဘူးနော်..)၊အဲ နောက်ပြီး“အငဲ” က“အချစ်ဆိုတာဘုရားကပေးတဲ့ ဆုလာဘ်အလား”တဲ့ ၊“စိုင်းစိုင်းခမ်းလှိုင်”ကတော့ ပြတ်တယ် (စကား…စကား)၊“အချစ်ကိုဖွင့်ဆိုတဲ့..definition တွေအကုန်လုံးမှား”တဲ့ ၊“အချစ်ဆိုတာ တွက်လို့မရတဲ့ပုစ္ဆာ” ဆိုပဲ ။ ကျွတ်…ကျွတ်…သနားလိုက်တာကွယ် ၊ ခမျာ မသိရှာဘူးကိုး…၊ ဒီမှာယမင်းရေ…..ငါပြောပြမယ်ကွ ယောင်္ကျားမရမချင်း မှတ်ထား “အချစ်ဆိုတာမလေးရှားသွားမယ့် ဗီဇာ”လို့ ။ (ဟာ့ ကိုရင်ညိန်း မင်း တော်လှချည်လား ဟ )။

နယ်တကာမှာ ၀ယ်သာ (weather)မကောင်းလို့ ရှိမဲ့စုမဲ့လေးကိုရောင်း ၊ တပြည်တစ်ရွာကို လှစ်ဟပြေးသွားတဲ့ ခေတ္တ မလေးရှားဆိုတဲ့ ငနဲတွေကိုအလေးထားပြီး နင့်ရဲ့အချစ်ကို ဈေးကစားချင်နေပြီလား ယမင်းရယ်…။ ဒီလိုနဲ့ပဲမလေးရှားပြန်တွေရဲ့ အပြေးတအားမြန်တဲ့ ဆိုင်ကယ် လီဗာသံအောက်မှာ(၀ူး….၀ူး) ငါ့ရဲ့ဂီတာသံတွေ မရှု့မလှပျောက်ဆုံးပြီး လူလုံးမလှဖြစ်ရတော့မလား ယမင်းရယ်(အဟင့်..တင် တောင်..တင် တောင်)၊ ၃မိနစ်ပဲစောင့် လို့ပြောတဲ့ “အိန္ဒြာကျော်ဇင်”စတိုင်နဲ့ ၃နှစ်တည်းစောင့် လို့ ပြောခဲ့တဲ့ နင့်စကားတွေက ၃နှစ်စာ ရင်းဂစ်လုပ်လို့ အရင်းပြုတ်သွားပြီလား ယမင်းရယ် ……. ။ ( ကြိတ်လိုက်စမ်းကွ )

ဟိုး ငယ်ငယ်ကတည်းတ ထားခဲ့ဖူးတဲ့ ငါတို့ရဲ့ သံယောဇဉ်တွေကို နင်ကမေ့ရက်နိုင် ပြီလား ယမင်းရယ်။ နင်မမှတ်မိတော့ဘူးလား ?တချိန်တုန်းကငါတို့ နှစ်ယောက်မျက်နှာခြင်းဆိုင်ပြီး“လုံး”ခဲ့တာတွေ ၊“ မုန့်လုံးရေပေါ်” ကိုပြောတာပါ ။ ငါတို့နှစ်ယောက် “ညိ”ခဲ့ကြတာတွေ ၊ ဆီးပင်ပေါ်မှာ ဆီးသီးခူးရင်းနဲ့ လေ ။နောက်ပြီး နင်နဲ့ငါ အကြီးအကျယ်“မှား” ကြတုန်းကလဲ ( ဖိနပ်…ဖိနပ် ) ငါဗွေ မယူခဲ့ပါဘူး ယမင်းရယ် ။ နင့်ဘက်က စည်းကျော် လာတာတောင်မှ ငါက မသိချင်ယောင်ဆောင်နေခဲ့တဲ့ကောင်ပါဟာ ။ ထုပ်စည်းထိုးတုန်းက ပြော တာပါ (အဟီး )။ ငါကနင့်ကို ဟိုး…ငယ်ငယ်လေး “ညအခါ လသာသာ ၊ ကစားမလား နားမလား” ကတည်း ကချစ်ခဲ့တာပါ ။ အခုနင် ကြီး လာတော့( အသက်…အသက် ) ငါက ပိုပြီးချစ်မိတာပေါ့ဟာ ။ ငယ်ကအကြွေး အနှစ်တစ်ရာ မဆပ်သာတဲ့ ( ဟာ မှားကုန်ပါပြီ) ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာတဲ့ ၊ အဲဒါသာ ကြည့်တော့ ယမင်းရေ နင်နဲ့ပတ်သတ်လာရင် ငါ့မှာ အမှားမှားအယွင်းယွင်း နဲ့ ဟိုမေ့ဒီမေ့ ဖြစ်နေပြီကွ ။ အင်းပေါ့လေ အချစ်တွေကလဲ ကြီးလာမှပဲ ကိုး ။(ပေါရဲလိုက်တာ)

ယမင်းရယ်…ငါက နင့်ကို ဟောလိဝုဒ် မင်းသားတွေလို သူရဲကောင်းဆန်ဆန် ချစ်တယ် ။ ဒါပေမယ့် ဟာ ငါလူဆိုးဂိုဏ်းတွေနဲ့ ဖိုက်တဲ့အခါ နင် ကိုးလိုးကန့်လန့်နဲ့ လိုက်မလာနဲ့နော် ။ ကိုရီးယား မင်းသားတွေလို စိတ်ကူးယဉ်ဆန်ဆန်လဲ ချစ်တယ် ။ နင့်မှာတော့ ရိုးတွင်းချဉ်ဆီ် နဲ့ ကင်ဆာ မရှိရဘူးနော် ။ ဘောလိဝုဒ် မင်းသားတွေလိုကခုန်ပြီးတော့လဲ ချစ်တာပဲ ၊ ဒါပေမယ့် ယောင်္ကျားလေးတွေ အများကြီးနဲ့ နင်တစ်ယောက်တည်း ဟိုပေါ်ဒီပေါ် မကရဘူးနော် ။ နောက်ပြီး တရုတ်မင်းသားတွေလိုလည်း ခုန်ပျံကျော်လွှား ပြီးရင်တလှပ်လှပ် ဖြစ်အောင်လည်း ချစ်သေးတာပဲ ၊ နင်ကတော့ ငါ့ထက် အတွင်းအားနဲ့ သိုင်းပညာ အဆင့်မမြင့်ရဘူးပေါ့ဟာ ။

ဒီလိုပါပဲ ယမင်းရယ် ၊ ငါကနင့်ကို မြန်မာလိုလည်း ချစ်တယ် ၊ အင်္ဂလိပ် လိုလည်း လပ်ဗ် (love) တယ်၊ သင်္ချာလို “ပိုက်သာဂိုရပ်စ် ရဲ့ သီအိုရီ” ၊ “ဂေါက်စ် ”လော အရလည်း ချစ်တယ် ( ဘာမှလည်းမဆိုင်ဘူး ) ၊ ဇီဝဗေဒ အရ “ပွင့်တည်းဝတ်မှုန်ကူးခြင်း”ထက်“ပွင့်ခြားဝတ်မှုန်ကူးခြင်း”ကို ကြိုက်လို့လည်း နင့်ကိုငါချစ်တယ် (ကြောက် စရာကြီး “ဟိုက်ဒရိုဂျင်အက်တမ်၂ခုနဲ့ အောက်ဆီဂျင်အက်တမ်၁ခုပေါင်း”ရင် ရေဖြစ်တယ်ဆိုတဲ့ ဓာတုဗေဒ ပုံသေနည်း အရလည်းချစ်တယ် ။ ရူပဗေဒ က “အိုင်စတိုင်းရဲ့ ရီလေတီဗတီသီအိုရီ”၊ “စွမ်းအင် တည်မြဲမှု့နိယာမ” အရလည်း ချစ်တယ်ယမင်း ရယ် ….(ရည်းစားစာရေးနေတာလား ကျူရှင် သင်နေတာလား ? )နောက်ပြီးနင့်ကိုငါကသမိုင်းကြောင်း အရလည်းချစ်တယ် (ငါ့အဖေကနင့်အမေကို ငယ်ငယ်က ရည်းစားစာ ပေးဖူးတယ် ဆိုပဲ ၊ အမေတုန်းက မိုက်ပြီးပြီ ၊သမီးအလှည့်ကျမှ တော့ ထပ် မမိုက်ချင်စမ်းပါနဲ့တော့ ယမင်းရယ် …)သွပ်..သွပ်…သွပ် ။

ပထ၀ီ သဘောအရလည်း ချစ်သေးတာပဲ၊ ဒီရပ်ကွက်ထဲမှာ ယောင်္ကျားမရသေးတဲ့ အပျို ဆိုလို့နင်ပဲ ကျန်တော့တာကိုး ၊ အဲဒါကြောင့် နင့်အမေကြီးက ထောင်နေတာ (လက်မ….လက်မ ) ။ စီးပွားရေး အရလည်းချစ်တယ်ဟာ (အဟီး ဒါကအရေကြီးတယ်ဟ ) ။လူမှု့ရေးအရလည်း ချစ်တာပါပဲ ယမင်းရယ် ။ နင့်အဖေနဲ့ ငါနဲ့ကဘောလုံးပွဲ လောင်းဖော် လောင်းဖက် အရင်းကြီးတွေ ဟ (မျက်နှာပျက်မှာစိုး လို့ပါ ဟာ) ။ ဒါပေမယ့် ယမင်းရယ်….နင့်အမေကြီးက အချစ်အကြာင်းကို မြန်မာလိုလည်း နားမလည် ၊အင်္ဂလိပ်လိုလည်း မသိပဲထုတ်လိုက်တဲ့ နင့်အမေရဲ့သားမက်ရွေးနည်း ပုံသေနည်းကို ၁၀ တန်းမှာ သင်္ချာအမှတ် ၄၀ ရ အောင်ဖြေနိုင်ခဲ့တဲ့ ငါ မှန်အောင်မတွက်နိုင်ခဲ့ပါဘူး ။

ယမင်းရယ် ရိုးမားအသင်းရှုံးတာ (ဟုတ်ပါဘူး) ရောမအင်ပါယာကြီး ပျက်စီးတာ နင့်ကြောင့်မဟုတ်သလို WTC ပြိုကျတာလည်း ငါနဲ့ လုံးဝမသက်ဆိုင်ပါဘူးဟာ ။နောက်ပြီး ထရိုင် (TRI) ပြဲသွားတာ (ဟာ..ဟုတ်သေးပါဘူး )ထရွိုင် (TROY)မြို့ကြီးပျက်စီးတာလည်းနင့်ကြောင့်မဟုတ်သလို အရှေ့အလယ်ပိုင်းပြဿနာ ကငါစခဲ့တာ မဟုတ်ပါဘူး ယမင်းရယ် ၊ အေး….ဒီလိုပါပဲဟာ ဆူနာမီငလျှင်ဟာ ငါ့နှလုံးခုန်သံကြောင့် မဟုတ်သလို ။ ကမ္ဘာကြီးပူနွေးလာတာ ကလည်း နင်တို့အိမ်က လေပန်ကာ ပျက်နေလို့ မဟုတ်ပါဘူး ဟာ…..။

အဲဒီတော့“ငါသိပ်ချစ်ရတဲ့ မိန်းမလှလေးရေ ”နင့်အမေဆိုတဲ့ မတော်ရသေးတဲ့ ငါယောက္ခမကြီးကို ပြောလိုက် စမ်းပါကွာ၊ “ဟိုအသုံးမကျတဲ့ဝက်လိုကောင်”တွေကို “အခွင့်အရေးတွေ ပေးမနေပါနဲ့တော့”လို့ “အတင့်ရဲ လိုက်တာ”(အတင့်ကို ရဲ လိုက်တာမဟုတ်ဘူးနော် ) “ဒီလိုကိစ္စမျိုးတကယ်ရှိသလား ဆိုတာကတော့ ဘုရား သခင်မှပဲ သိမှာ”၊ ဒီလိုဆိုရင်တော့ငါက “အားနာမနေတော့ဘူး”လို့ ငါ့ရဲ့အချစ်ကို “မိုးနတ် မင်းကြီးသိပါတယ်”နင့်အမေကိုလည်း “မိုးနတ်မင်းကြီးကောင်းချီးပေးပါစေ လို့ ဆုတောင်းတယ်ပြော လိုက်ပါကွာ”…….။

ယမင်းရေ….အခုဆို ဘီလ်ဂိတ်က မိုက်ခရိုဆော့ဖ်ကုမ်ပဏီ ကြီးပိုင်သလို ၊ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှီနာဝပ်ထ က မန်စီးတီး ကလပ်အသင်းပိုင်သလို ၊ မိုဟာမက် ယူနွတ်က ဘဏ်လုပ်ငန်း ပိုင်သလို ၊ငါကလည်း မကြာခင်(အဟီး)မလေးရှား သွားခွင့် ဗီဇာ ပိုင်တော့မှာပါဟ ၊ (အဟီး ဟီး နှိုင်းရက်လိုက်တာ )။ သမီးတစ်ကောင်ကို မလေးရှား ပြန်တွေနဲ့ ဈေးကစားဖို့ ကြံနေတဲ့ နင့်အမေရယ် ၊ ၀မ်းတူးဖိုက် (125) လီဗာသံကြားရင် ရင်ခုန်သံမြန်မြန် သွားတယ်ဆိုတဲံ့ နင်ရယ် ၊ ၀ယ်စားရတဲ့ ဆန်ကုန်ပြီး ထမ်းခမပေးရတဲ့ မြေကြီးက လေးနေပြီလို့ပြောလာတဲ့ နင့်ယောက္ခမလောင်းကြီး (အဟီး)ငါ့အမေက ပြောလာတာတွေရယ် ကြောင့်ငါ့မှာ ငါ့ရဲ့ တစ်ရာ့ကိုး ၊ တစ်ရာ့တစ်ဆယ် (၁၀၉/၁၁၀)ဆိုတဲ့ ဘ၀ကိုရောင်းပြီး မလေးရှား ကိုဂျောင်းရ တော့မယ်ကွဲ့ ယမင်းရဲ့ ၊နင်ဝမ်းသာလိုက်စမ်းပါကွာ( ဟရူး ဟရူးလို့ အော်ပြီးတော့ပေါ့ ) ။

နင့်အမေရဲ့ သားမက်ရွေး ချယ်ရေးလောကထဲကို ဗီဇာ တစ်မျက်နှာ တစ်ရွာမှတ်လို့ ခြေစုံ ပစ်ဝင်ခဲ့ပြီ ယမင်းရေ…။ငါ့ရဲ့ ဗီဇာ ဟာ နင့်အမေအတွက်တော့ သိန်း ၅၀၀ ထီ ၊ ဒါမှမဟုတ် မို့မို့မြင့်အောင် ၀တ်တဲ့ ပါတိတ် ဖြစ်နိုင်သလို ၊ ငါ့ရဲ့ဗီဇာဟာ နင့်အတွက်တော့ ၀မ်းတူးဖိုက် ၊ အာစတပ် ဒါမှမဟုတ် ထက်ထက်မိုးဦးကြော်ငြာ တဲ့ရွေဆိုင်က ဆွဲကြိုးလည်းဖြစ်နိုင်တာပဲ ၊ အေးအဲဒီလိုပဲ ငါ့ရဲ့ ဗီဇာဟာ နင့်အဖေ အတွက်တော့ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ စီးရီးအေ ဒါမှမဟုတ်ဘွန်ဒက်လီဂါ ၆ သင်းမောင်းလည်းဖြစ်နိုင်တာပဲ ။အဲဒီတော့ ယမင်းရယ် ၊ဟိုး ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး နင်နဲ့ငါကြား မှာ အတူလုံးခဲ့(မုန့်လုံးရေပေါ်)၊ ညိခဲ့ (ဆူးကိုင်းမှာ ) ၊ အကြီးအကျယ် မှားခဲ့ (ဖိနပ် ) ကြတာတွေ ၊နင်တို့အိမ်အတွက်ငါကုန်ခဲ့ရတဲ့ ဆိုင်ကယ်ဆီဖိုးတွေ ရဲ့မျက်နှာကို မထောက်ရင် နေပါယမင်းရယ် ၊ငါ့ရဲ့ ဒီမလေးရှားသွားမယ့်ဗီဇာလေးရဲ့ မျက်နှာကို ထောက်ပြီးတော့ နင့်အမေကြီး စိတ်ချမ်းသာအောင် ငါ့ကိုပြန်ချစ်လိုက်ပါယမင်းရယ်၊ပြည်တပါးကို သွားမယ့် ငါ့ကိုအသွားမဖြောင့်အောင် မလုပ်လိုက်ပါနဲ့ယမင်းရယ် ၊ နင့်ရဲ့ အချစ် တစ်မတ် ( ဟာ… ဟုတ်ပါဘူး ) ၁၅၀၀ ကို ငါ့ရင်ဘတ်ထဲထည့်ပြီး မလေးရှားကို အသွားဖြောင့်ပါရစေလား ယမင်းရယ် နော်….နော် .လို့ ……။ ။

နင့်အချစ် ၁၅၀၀ ကို ရင်ဘတ်ထဲထည့်ပြီး မလေးရှားကို အသွားဖြောင့် ချင်တဲ့....။

**ကိုရင်ညိန်း ( လောလောဆယ် မြန်မာပြည် )**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)