ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 14, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
**အာဆင်နယ်မှ ဖာဘရီဂတ်စ် ဘာစီလိုနာသို့ပြောင်းရန် နီးစပ်လာ**
(လန်ဒန်၊ သြဂုတ် ၁၁)
အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်အား ဘာစီလိုနာအသင်းက ခေါ်ယူစာချုပ်ရန် နီးစပ်နေပြီဖြစ်ကြောင်း အာဆင်နယ်ကလပ်က သြဂုတ် ၁၁ ရက်၌ သတင်းထုတ်ပြန်သည်။ အသက် ၂၄ နှစ်အရွယ် ဖာဘရီဂတ်စ်အား ဘာစီလိုနာက ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းပေး၍ ခေါ်ယူရန် သဘောတူညီချက် ရရှိထားပြီးဟုဆိုသည်။ ဘာစီလိုနာအသင်းသည် ကနဦးက ပြောင်းရွှေ့ကြေးပေါင် သန်း ၃၀ ပေးခဲ့သော်လည်း ယခုအခါ ပေါင် ၅ သန်းထပ်မံတိုးပေးခဲ့ခြင်း ဖြစ်သည်။ (အင်တာနက်)

**အသက် ၂၁ နှစ်အောက် ယူရိုခြေစစ်ပွဲ ဘီလာရုစ်၊ ဖင်လန်နှင့် ချက်အသင်းတို့ နိုင်ပွဲရရှိ**
(အေသင်၊ သြဂုတ် ၁၁)
အသက် ၂၁ နှစ်အောက် ယူရိုဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲများကို သြဂုတ် ၁၁ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ အုပ်စု(က)မှ ဂရိနှင့် ဘီလာရုစ်တို့ပွဲတွင် ဘီလာရုစ်က သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဘီလာရုစ်အသင်းမှ ခလီဘိုဆိုလော့စ်က ပွဲအစ ၁၂ မိနစ်မှာပင် အဖွင့်ဂိုးသွင်းယူပြီး ၁၈ မိနစ်၌ ပါတိုစကီက ဒုတိယဂိုးသွင်းယူပေးခဲ့သဖြင့် ဘီလာရုစ်တို့နှစ်ဂိုး ရရှိခဲ့သည်။ သို့သော် ပွဲချိန် ၃၈ မိနစ်၌ ပယ်နယ်တီပြစ်ဒဏ်ဘောမှ တစ်ဆင့် ဂရိမှ ပိုတိုရီဒစ်က သွင်းယူခဲ့သဖြင့် ချေပဂိုးရရှိခဲ့သည်။ ဆက်လက်ပြီးပွဲချိန် ၈၇ မိနစ်၌ ဂရိမှ ဖော်တိုနစ်က ဒုတိယချေပဂိုးသွင်းယူပေးခဲ့သဖြင့် နှစ်ဂိုးစီသရေဖြစ်နေခဲ့သည်။ သို့သော်ပွဲချိန် ၉၀ မိနစ်၌ ဘီလာရုစ်မှ ခလီဘိုဆိုလော့စ်က ပယ်နယ်တီမှတစ်ဆင့် ဂိုးသွင်းခဲ့သဖြင့် ဘီလာရုစ်တို့ သုံးဂိုး - နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ အုပ်စု(ခ)မှ ဖင်လန်နှင့် ဆလိုဗေးနီးယားအတွက်ဂိုးကို ပွဲချိန် ကိုးမိနစ်၌ ဗာလီက ပယ်နယ်တီပြစ်ဒဏ်ဘောမှ တစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။ အုပ်စု(ဂ)မှ ချက်နှင့်အင်ဒိုရာအသင်းတို့ပွဲတွင် ချက်အသင်းက ရှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ချက်အတွက် ဂိုးများကို ပွဲချိန် ၆ မိနစ်၊ ၄၀ မိနစ်နှင့် ၇၂ မိနစ်တို့တွ် ခါလစ်တစ်ဦးတည်းသုံးဂိုသွင်းပြီးပွဲချိန် ၁၄ မိနစ်၌ ၀ါဂနာ၊ ၄၇ မိနစ်၌ နီထရန်စကီ၊ ပွဲချိန် ၅၄ မိနစ်၌ ဒါရီဒါ၊ ၈၉မိနစ်၌ ပီတရာ၊ ၉၀ မိနစ်၌ ဘက်ဘာဆာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့သဖြင့် ချက်အသင်း ရှစ်ဂိုးရရှိခဲ့ခြင်းဖြစ်သည်။ အုပ်စု(ဃ)မှ မြောက်အိုင်ယာလန်နှင့် ဖာရိုးကျွန်းစုတို့ပွဲတွင် မြောက်အိုင်ယာလန်က လေးဂိုးပြတ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။ (အင်တာနက်)

**ယူ - ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရူံးထွက်ပွဲစဉ် နိုင်ဂျီးရီးယား၊ စပိန်၊ ဘရာဇီးနှင့် ပြင်သစ်တို့ နိုင်ပွဲရ**
(ဘိုဂိုတာ၊ သြဂုတ် ၁၁)
ယူ - ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့်ရူံးထွက်ပွဲစဉ်များကို သြဂုတ် ၁၁ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ နိုင်ဂျီးရီးယားနျင့် အင်္ဂလန်တို့ပွဲတွင် နိုင်ဂျီးရီးယားက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။ နိုင်ဂျီးရီးယားအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်၌ အက်ဘီဒီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းပွဲချိန် ပြည့်သည်အထိ ချေပဂိုးမသွင်းနိုင်ခဲ့၍ ရုံးနိမ့်ခံရခြင်းဖြစ်သည်။ စပိန်နှင့် တောင်ကိုရီးယားအသင်းတို့ပွဲတွင် ပွဲချိန်ပြည့်သည်အထိ ဂိုးမသွင်းနိုင်ကြသဖြင့် ဂိုးမရှိသရေပွဲဖြစ်ခဲ့သည်။ ထို့ နောက် ပယ်နယ်တီကန်သွင်းဆုံးဖြတ်ရာ စပိန်တို့က ခုနစ်ဂိုး - ခြောက်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ ဘရာဇီးနှင့် ဆော်ဒီအာရေဗျအသင်းတို့ပွဲတွင် ဘရာဇီးတို့က သုံးဂိုးပြတ်အနိုင်ရရှိခဲ့သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)