**ဆူနာမီဖြစ်နိုင်ခြေအများဆုံးနိုင်ငံ အင်ဒိုနီးရှား ဖြစ်လာ**
(ဂျကာတာ၊ သြဂုတ် ၁၁)
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ဆူနာမီသဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေအများဆုံးနိုင်ငံ ဖြစ်လာကြောင်း အမျိုးသားသဘာဝဘေးလျော့ပါရေးအေဂျင်စီက ဂျကာတာမြို့၌ သြဂုတ် ၁၀ ရက်တွင် ပြောကြားသည်။ “အင်ဒိုနီးရှားနိုင်ငံဟာ ဆူနာမီဖြစ်နိုင်တဲ့ နိုင်ငံတွေထဲမှာ နံပါတ်တစ်နေရာမှာရှိပါတယ်၊ ဒါဟာ နိုင်ငံပေါင်း ၁၆၂ နိုင်ငံရဲ့ ဆူနာမီဆိုင်ရာအခြေခံအကြောင်းတရားတွေအပေါ်မှာ ပညာရှင်တွေက တွက်ချက်ထားတာပါ” ဟု အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီအကြီးအကဲ နုဂရိုဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ (အင်တာနက်)
**ဘာလီဗုံးခွဲမှု ကြိုးကိုင်သူ အင်ဒိုနီးရှားသို့ပြန်ပို့**
(အစ္စလမ္မာဘတ်၊ သြဂုတ် ၁၁)
၂၀၀၂ ဘာလီဗုံးခွဲတိုက်ခိုက်မှုတွင် ကြိုးကိုင်သူဟု စွပ်စွဲခံထားရသူတစ်ဦးအား ပါကစ္စတန်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ သြဂုတ် ၁၁ ရက်တွင် ပြန့်ပို့လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ “ဘာလီအကြမ်းဖက်တိုက်ခိုက်ရေးခေါင်းဆောင်ဟု သံသယရှိသူ အူမာပါတက်ခ်ကို ပါကစ္စတန်နိုင်ငံက မနေ့ညကပဲ ပြန်ပို့လိုက်ပါတယ်” ဟု အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နင်းရေးအေဂျင်စီ အကြီးအကဲအန်ဆာရက်အမ်ဘိုင်းက ပြောကြားလိုက်သည်။ (အင်တာနက်)
**ငလျက်ဒဏ်ခံရသည့် ခရစ်ချတ်ခ်ျမြို့ အိမ်နိမ့်များပြန်ဆောက်**
(ခရစ်ချတ်ခ်ျ၊ သြဂုတ် ၁၁)
ငလျက်ဒဏ်အပြင်းအထန်ခံခဲ့ရသည့် ခရစ်ချတ်ခ်ျမြို့လယ်တွင် ငလျင်ဒဏ်ခံနိုင်သည့် အထပ်နိမ့်အိမ်များတည်ဆောက်သွားရန် စီစဉ်ထားကြောင်း ခရစ်ချတ်ခ်ျမြို့တော်ကောင်စီက သြဂုတ် ၁၁ ရက်၌ ကြေညာသည်။ ယင်းမြို့တွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ရစ်ခ်ျတာစကေး ၆ ဒသမ ၃ ရှိ ငလျင်လှုပ်ခဲ့ရာ လူပေါင်း ၁၈၁ဦး သေဆုံးခဲ့ရသည်။ နယူးဇီးလန်ဒေါ်လာနှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ) အကုန်ကျခံပြီး အနှစ် ၂၀ အတွင်း အပြီးတည်ဆောက်သွားမည်ဟု ဆိုသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ဇော်ဦးခိုင်
(Indonesia Tsunami disaster )

No comments:
Post a Comment