**(ဟာဒယနှလုံး -တခဏပြုံး)**
ကျွန်တော့် အစ်ကို ဝမ်းကွဲတစ် ယောက်က သူ လက်ထပ်ဖို့ ရည်ရွယ် ထားတဲ့ သူရဲ့ ရည်းစားကို အလွန်ကို အပြစ်မြင် တတ်တဲ့ သူ့အမေနဲ့ မိတ် ဆက်ပေးဖို့ စီစဉ်တယ်။ ဒါပေမယ့် သူ့အမေဆီက ဘက်မလိုက်တဲ့ အမြင် ကို သိရဖို့အတွက် အခြားမိန်းကလေး သူငယ်ချင်းသုံးယောက်ကိုပါဖိတ်လိုက် တယ်။ သူ့ရည်စား ဘယ်သူလဲဆို တာကိုလည်း သူ့အမေကို မပြောထား ဘူး။ တွေ့ဆုံပွဲ ပြီးသွားတဲ့အခါ သူက သူ့အမေကို မေးလိုက်တယ်-]ကျွန် တော် လက်ထပ်ချင်တာ ဘယ်သူလဲ ဆိုတာ အမေ ခန့်မှန်းနိုင်လား”
“ဆံပင်အတိုနဲ့ တစ်ယောက် မဟုတ်လား“
“ဟုတ်ကဲ့၊ အမေ ဘယ်လို သိလဲ“
“ဘာကြောင့်လဲဆိုတော့ အဲဒီ တစ်ယောက်ကို ငါလုံးဝမကြိုက်လို့ပဲ လေ” တဲ့။
**Linn pwint kyal**

No comments:
Post a Comment