**ထိုင်းနိုင်ငံ မိခင်များနေ့အဖြစ်စတင်သတ်မှတ်ကြရာ ထိုင်းတော်ဝင်မိဖုရားကြီး- သီရီခေတ် မွေးနေ့(၁၉၃၂မှ-ယနေ့အထိ)**
“ပူဇာစပူဇနေယျာနံ” ဆိုတဲ့ မင်္ဂလာတရားတော်အတိုင်း ထိုင်းနိုင်ငံရဲ့ မိဘတစ်ဦးဖြစ်တဲ့ မိဖုရားကြီး သီရီခေတ်ရဲ့ (၇၉) နှစ်မြောက် မွေးနေ့ရယ်၊ ထိုင်းနိုင်ငံက မိခင်အားလုံးအတွက် “ထိုင်းမိခင်များနေ့” ရယ်ကို ပေါင်းရုံးပြီး စုပေါင်းဆုတောင်းပွဲနဲ့ မြန်မာအလုပ်သမားရင်သွေးငယ်တွေက သူတို့ရဲ့ မိဘဖြစ်တဲ့ အလုပ်သမားမိဘတွေကို ပူဇော်ကန်တော့ပွဲအခမ်းအနားတရပ်ကိုထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့က နေ့သစ်အလက ကျောင်း
မှာပြုလုပ်ခဲ့ပါတယ်။ နေ့သစ်အလကကျောင်းဆိုတာ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလလောက်ကတည်းက အိမ်ကျူရှင်အနေနဲ့ သန္ဓေတည်ခဲပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့မှာတော့ ထိုင်းပညာရေးဌာနု (MOE) စာရင်းဝင် ရွှေ့ပြောင်းအလုပ်သမားကျောင်းတစ်ကျောင်း ဖြစ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်၊ နိုင်ဝင်ဘာလ (၉) ရက်နေ့က ကျောင်းသား ၁၅ ဦးနဲ့ ပြောင်းဂိုဒေါင်ဟောင်းတစ်ခုမှာ စတင်ခဲ့တဲ့ဒီကျောင်းဟာ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ MOE ကို စာရင်းတင်တဲ့အခါကျောင်းသား (၁၅၀) ခန့်ရှိလာပါတယ်။ အဲဒီလိုနဲ့ ၂၀၁၁ ခုနှစ်၊ မတ်လ ပညာသင်နှစ်အထိကျောင်းသား (၄၀၀) ခန့် ဖြစ်တည်လာပါတယ်။ ကျောင်းဟာလည်း အလကကျောင်းအဆင့်ဖြစ်လာပြီး မဲဆောက်မြို့၊ ဝှေ့မှတ်ရွာ၊ လောစုရပ်ကွက်မှာ တည်ထားခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ “မြ၀တီစစ်ပွဲ” ပေါ်ပေါက်တဲ့ အခါမှာ နေ့သစ်အလကကျောင်းဟာ (အာပီဂျေ - ရ) အမျိုးအစားကျည်ခွံကြီး နှစ်လုံးကျရောက်ခဲ့ပါတယ်။
အဲဒါကြောင့် HWF ဆိုတဲ့ အလှူရှင်က ဝှေ့မုတ်ရွာ၊ အမှတ် (၄) ကုတို့ဆိပ် (မြန်မာတို့အခေါ်အဝေါ်-မိုးကုတ်ဂိတ်) ရှေ့နားက “အုန်းပင်တန်းစု” မြေငှားရမ်းဖို့ ကိစ္စကို ဒေသန္တရဖွံ့ဖြိုးရေးနဲ့ ကျေးလက်စည်ပင်သာယာရေးဌာန (အောဘောတော)က လုံခြုံရေး အကြောင်းပြုချက်နဲ့ နေရာရွှေ့ပြောင်းပြီး ဌားရမ်းခိုင်းခဲ့ပါတယ်။အဲဒါကြောင့် အခုဓာတ်ပုံထဲမှာ ပါရှိတဲ့ “နေ့သစ်အလက” ကျောင်း ဟာ မဲဆောက်မြို့ ၊ ထဆိုင်လွတ်ရပ်ကွက် မြူနီစီပါယ်ရုံးဘေးနားက မြေကွက်မှာ အခု(၂၀၁၁- ၂၀၁၂) ပညာသင်နှစ်မှာမှ ကျောင်းဆောင်သစ်အနေနဲ့ ရွှေ့ပြောင်းအခြေစိုက်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကျောင်းသား ၅၁၀ ယောက်တို့ဟာ မကြာမီထွန်းသစ်လာမယ့် ပိတောက်ပင်တန်း ကျောင်းဆောင်လမ်းအဖြစ်လှလှပပချစ်ခင်ဖွယ်ရာလျှောက်လှမ်းကြရမှာပါ။ ဒီနေရာသစ်၊ အိပ်မက်သစ်မှာ School within School ဖြစ်တဲ့ ဘန့်ထအာန် အလက ကျောင်းက ထိုင်းဆရာမတွေက အခမ်းအနားကို မနေ့ကတည်းက လာရောက်ပြင်ဆင်ပေးတဲ့အတွက် ဒီနေ့မှာဆိုရင် “ပထမ အကြိမ် ထိုင်းမိခင်များနေ့” အခမ်းအနားကို မြိုင်ဆိုင်စွာနဲ့၊ မိဘနဲ့ ရင်သွေးများ၊ ဆရာနဲ့တပည်များပန်းတွေ ဝေဆာစွာ ကြိုင်လှိုင်သင်းခဲ့ရပါပြီ။ တစ်ဦးအပေါ်တစ်ဦး ကြည်နူးစွာ ကြည့်ကြရင်းမိဘအချို့နဲ့ ကန်တော့သူ ရင်သွေးငယ် အချို့မျက်ရည်တွေ စို့ကြတာ မြင်ကြရပါတယ်။
ဟောဒီဓာတ်ပုံတွေကို တချက်ရှုစားကြပါဦး။
**မိဘများကို မေတ္တာပန်းရင်ထိုး-ထိုးပေးနေကြစဉ်**
**နေ့သစ်အလက ကျောင်း ဖခင်၊ မိခင်နှင့် ကျောင်းဆရာများစုပေါင်းပုံ**
**“အို… မေမေ” သီချင်းဖြင့် ဖျော်ဖြေနေစဉ်**
**သူငယ်တန်းပြဆရာမတစ်ဦးမှ အမေသီချင်းသီဆိုနေစဉ်**
**အခမ်းအနားမှူးဆရာမဒေါ်ချိုနှင့်အတူတွဲဖက် အခမ်းအနားမှူးတာဝန်ယူသောကျောင်းသားခေါင်းဆောင်သုံးဦးအမှတ်တရ**
**စားကြမယ်ဟေ့ များများနဲ့ကောင်းကောင်း...အခမ်းအနားပြီးလို့ ဗိုက်ကလည်းဆာပြီမဟုတ်လား..**
သတင်းမှတ်တမ်း- မြန်မာပြည်သား

** ကျောင်း၏ဖခင် - ဆရာမိုးမှ “ထိုင်းမိခင်များနေ့” နှင့် မြန်မာပြည်မှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်မိခင်များအား လွမ်းဆွတ် စကား**
**မိဘများကို မေတ္တာပန်းရင်ထိုး-ထိုးပေးနေကြစဉ်**
**နေ့သစ်အလက ကျောင်း ဖခင်၊ မိခင်နှင့် ကျောင်းဆရာများစုပေါင်းပုံ**
**“အို… မေမေ” သီချင်းဖြင့် ဖျော်ဖြေနေစဉ်**
**သူငယ်တန်းပြဆရာမတစ်ဦးမှ အမေသီချင်းသီဆိုနေစဉ်**
**အခမ်းအနားမှူးဆရာမဒေါ်ချိုနှင့်အတူတွဲဖက် အခမ်းအနားမှူးတာဝန်ယူသောကျောင်းသားခေါင်းဆောင်သုံးဦးအမှတ်တရ**
**စားကြမယ်ဟေ့ များများနဲ့ကောင်းကောင်း...အခမ်းအနားပြီးလို့ ဗိုက်ကလည်းဆာပြီမဟုတ်လား..**
သတင်းမှတ်တမ်း- မြန်မာပြည်သား
No comments:
Post a Comment