(Damn! Why Ha Ji Won always looks cool in her dramas or movies? Even in “Sector 7” she’s just wearing overall and a simple white shirt with short messy hair but she still looks )
**ကြည့်ရှုသူပရိသတ်များဆုံးစံချိန်တင်ခဲ့သည့် Sector 7 ရုပ်ရှင်ကား**
ကိုရီးယားစိတ်ကူးယဉ် သိပ္ပံအက်ရှက် ဇာတ်ကား Sector 7 သည်လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း တောင်ကိုရီးယားနိုင်ငံ၌ ရုံတင်ပြသခဲ့ရာ ကြည့်ရှုသူပရိသတ်အများဆုံး ဇာတ်ကားအဖြစ်ရပ်တည်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကိုရီးယားနိုင်ငံ၏ ကြည့်ရှုသူပရိသတ်အများဆုံးဇာတ်ကားများ စာရင်းကိုတနင်္လာနေ့က ထုတ်ပြန်ကြေညာရာတွင် ဟာဂျီဝန်၊ အန်ဆန်ကီ၊ အိုဂျီအိုတို့ ပါဝင်သရုပ်ဆောင်ထားသည့် Sector 7 ရုပ်ရှင်ဇာတ်ကားသည် စတင်ရုံတင်ပြသခဲ့သည့် သြဂုတ် ၄ ရက်မှ ရက်အထိကြည့်ရှုသူပရိသတ် ၁၁၅၄၁၅၈ ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ဤဇာတ်ကားတွင် ရေနံရှာဖွေရေးသင်္ဘောကြီးတစ်စင်းပေါ်၌ လူသားများနှင့် သဘာဝလွန် ဒဏ္ဍာရီဆန်ဆန်သတ္တ၀ါကြီးတစ်ကောင်တို့ တိုက်ခိုက်ပုံများကို ဖန်တီးရိုက်ကူးထားသည်။ (အင်တာနက်)

(Chelsea land £18m Lukaku)
**အန်ဒါလက်ခ်ျ တိုက်စစ်မှူး ချယ်လ်ဆီးအသင်းခေါ်ယူ**
(လန်ဒန်၊ သြဂုတ် ၁၀)
ချယ်လ်ဆီးအသင်းက အန်ဒါလက်ခ်ျ လူငယ်တိုက်စစ်မှူး ရိုမီလူလူကာကူးအားစာချုပ်ချုပ်ရန် သဘောတူညီလိုက်ပြီ ဖြစ်သည်။ အသက် ၁၈ နှစ်အရွယ်ရှိ လူကားကူသည် ဆေးစစ်ဆေးပြီးနောက် မကြာမီ ချယ်လ်ဆီးသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ အန်ဒါလက်ခ်ျက ၄င်း၏ တိုက်စစ်မှူး လူကာကူးအား ချယ်လ်ဆီးသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ သို့သော် ပြောင်းရွှေ့ကြေးကိုမှု ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ တိုက်စစ်မှူး လူကာကူးအား ပြီးခဲ့သည့်လက ပေါင် ၁၈ သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သည်။ သို့သော် အန်ဒါလက်ခ်ျက ယင်းပြောင်းရွှေ့ကြေးထက် ပိုပြီး တောင်းဆိုခဲ့ကြောင်း သိရသည်။ “တိုက်စစ်မှူး လူကာကူးဟာ လူငယ် တိုက်စစ်မှူး တွေထဲမှာတော့ အလားအလာ ရှိတဲ့ ကစားသမားပါပဲ” ဟု ချယ်လ်ဆီးနည်းပြ ဗီးလက်ဘို့စ်က ပြောကြားသည်။ (အင်တာနက်)
**တောင်ပံကစားသမား ချန်ဘာလိန်းအား အာဆင်နယ်နှစ်ရှည်စာချုပ်**
(လန်ဒန်၊ သြဂုတ် ၁၀)
ဆောက်သမ်ပတန် တောင်ပံကစားသမား အလက်ဇ် အောက်စ်လာဒီချန်ဘာလိန်းအား အာဆင်နယ်အသင်းက နှစ်ရှည်ကစားသမားအဖြစ် စာချုပ်လိုက်ပြီ ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ တောင်ပံကစားသမား ချန်ဘာလိန်းအား အင်ဆင်နယ်က ပြောင်းရွှေ့ကြေး ထုတ်ဖော်ကြေညာခြင်းမရှိသော်လည်း ပေါင် ၁၂ သန်းဖြင့် ခေါ်ယူဖွယ် ရှိကြောင်း မီဒီယာများက ပြောကြားသည်။ ချန်ဘာလိန်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အသက် ၂၁ နှစ်အောက် အင်္ဂလန်အသင်း၌ ၄၁ ပွဲကစားခဲ့ရာတွင် ၁၀ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ သူသည် ဆောက်သမ်ပတန် ဘောလုံးသင်တန်းကျောင်းတွင် ဘောလုံးပညာရပ်များသင်ယူခဲ့ပြီး အသက် ၁၆ နှစ်အရွယ်တွင် ကြေးစားဘောလုံးဘောကသို့ ၀င်ရောက်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment