ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 11, 2011

ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်းများ အသုံးပြုဆဲ

>
ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား မြေမြှုပ်မိုင်းများ အသုံးပြုဆဲဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရ ကိုယ်အင်္ဂါချို့ယွင်းသူများ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၉ရက်နေ့ညက ကရင်နီတိုးတက်ရေးပါတီ(KNPP)မှခွဲထွက်ပြီး ငြိမ်းချမ်းရေးယူသွားသည့် ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး(ကလလတ) နယ်ခြားစောင့်တပ် အမှတ် ၁၀၀၅ မှ တပ်မှူး လှစိန်ဦး ဦးဆောင်သည့်တပ်မှ တပ်ကြပ် တာမလာဝါး ဆိုသူ မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက်ပြတ်သွားခဲ့သည်။
KNPP မှ အတွင်းရေးမှူး ၁ ခူးဦးရယ်က“မိုင်းက ဘယ်သူထောင်တာလဲတော့ မသိဘူး။ သူတို့(အစိုးရ)တပ်စခန်းနဲ့လည်းမလှမ်းမကမ်းဖြစ်တယ်ဆိုတော့ ကျနော်တို့တပ်ဖွဲ့က ထောင်တာရှိသလို သူတို့ဘာသာသူတို့ လုံခြုံရေးအရ ထောင်ထားတာတွေလည်း ရှိကောင်းရှိမှာပေါ့ဗျာ။ အဲဒီတော့မိုင်းက ဘယ်သူ့ ဟာရယ်လို့တော့ မပြောနိုင်ဘူး”ဟု ပြောသည်။
ကရင်နီပြည် နိုင်ငံရေးနှင့် စစ်ရေးတည်ငြိမ်မှုမရှိသည့်ဒေသများဖြစ်သည့် လောပိတအရှေ့ဘက်ခြမ်းနှင့် ပွန်ချောင်း အရှေ့ဘက်ခြမ်းတို့တွင် အစိုးရ ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်(ဒကစ)လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ) ၄၄၉ အခြေချသည်။

ဤနယ်မြေအတွင်း အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်(စကခ)(၇)လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ) ၂၅၀ နှင့် ခမရ ၄၂၇ တို့ လှုပ်ရှားကြောင်း ကရင်နီသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခူဒယ်နီ ယာ က ပြောသည်။
ကရင်နီတပ်မတော် အခြေစိုက်ရာ ညာမူတပ်စခန်းတွင် စစ်ဦးစီးတပ်၊ ပြောက်ကျားတပ်၊ တပ်မဟာတပ်ရင်း ၁ မှ တပ်ရင်း ၃ ရင်း အခြေစိုက်သည်ဟု ဆိုသည်။
အစိုးရပ်တပ်နှင့် ကရင်နီတပ်မတော် နှစ်ဘက်စလုံးက မိုင်းထောင်သည်ဟုလည်း ခူဒယ်နီ ယာ က ပြောသည်။
ကရင်နီပြည်နယ်အတွင်းရှိ စစ်ဖြစ်ပွားသည့် ဒေသတလျှောက် တွင် မြေမြှုပ်မိုင်း ၂ သောင်းဝန်းကျင်ခန့်ရှိပြီး ၁၉၇၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း လက်လှမ်းမှီသည့် ကရင်နီ နယ်စပ်တလျှောက်မှ စာရင်းအရ မိုင်းနင်းမိသူပေါင်း ၁၀၅ ဦးရှိကြောင်း ကရင်နီ သတင်းနှင့် ပြန်ကြားရေး၏ ၂၀၀၉ ခုနှစ် အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း ဆက်လက်အသုံးပြုနေဆဲဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်က ပြုလုပ်သည့် မိုင်းအသုံးမပြုရေး စာချုပ်ကို နိုင် ငံပေါင်း ၁၅၆ နိုင်ငံက လက်မှတ်ထိုး သဘောတူထားသော်လည်း ၃၈ နိုင်ငံက လက်မှတ် မထိုးကြောင်း၊ လက်မှတ်မထိုးသည့် နိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်ကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးကာ
ကွယ်ရေးအဖွဲ့(ICBL)က ထုတ်ပြန်ထားသည်။
အစိုးရသစ်တက်လာပြီးနောက် ယခုအချိန်ထိ ကရင်နီပြည်နယ်တွင် ကရင်နီပြည်တပ်မတော်နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲပေါင်း ၁၅ ကြိမ်ခန့် ဖြစ်ပွားပြီး ထို တိုက်ပွဲများတွင် ကရင်နီတပ်မတော် အရာရှိ ၁၄ ဦးနှင့် တပ်သား ၁၁ ဦး အသက်ဆုံးရှုံးရပြီး ၁၄ ဦး ဒဏ်ရာရရှိသည်ဟု KNPP က ပြောသည်။
ခူးဦးရယ်က KNPP သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့မဟုတ်သည့်အတွက် ဆွေးနွေးမှုနှင့် သဘောတူညီမှု မရှိသရွေ့ တိုက်ပွဲများ ဖြစ်နေဦးမည်ဟု ပြောဆိုသည်။
(ကလလတ)သည် ၁၉၇၈ ခုနှစ်တွင် KNPP မှ ခွဲထွက်ပြီး ၁၉၉၄ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရယူခဲ့သည်။ ၂၀၀၉ ခုနှစ်နိုဝင်ဘာ ၈ ရက်နေ့တွင်နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းခဲ့သည်။

သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)