
မိတ်ဆွေ
သဘောထားကွဲလွဲမှု့ဟာ
တခါတရံ နှစ်လိုဖွယ်ရာပါ
အမြဲ စစ်မက်ပြုစရာ မလိုအပ်ပါဘူး . . .
မိတ်ဆွေ
သင့်ရဲ့အတွေးအခေါ်တွေ
ရှင်သန် ထက်မြက်နေစေဖို့
ဆန့်ကျင်ဘက်အမြင် ရှိသူထံ
အနာခံသွေးရတာတွေ လဲရှိတယ် . . .
မိတ်ဆွေ
ဒီလောက မှာ ငြိမ်းချမ်းရေး ချိုးငှက်
မပျံ သန်းနိုင်တော့မှ
မျှတခြင်း ဓါးကို ထုတ်ပါ . . .
မိတ်ဆွေ
တိုက်ခိုက်ခြင်း ပညာကိုလဲ
ရှေ့တန်းတင် လက်ကိုင်မထားနဲ့
ခန္တီစ တရားကိုလဲ
အမြဲ ရင်ဝယ်ပိုက်မထားနဲ့ . . .
မိတ်ဆွေ
ဓါးဆိုတာ
ညှဉ်းပန်း သတ်ဖြတ်ခြင်းမှာလဲ သုံးနိုင်သလို
ခွဲစိတ် အသက်ကယ်ခြင်းမှာလဲ သုံးနိုင်ပါတယ် . . .
မိတ်ဆွေ
အမိကမ္ဘာမြေ ကိုယ်တိုင်က
မီးစတဖက် ရေမှုတ်တဖက်
မိုးချုပ်ပြီး နေထွက်တယ် မဟုတ်လား . . .
**မာဃလုလင်**
--
မိတ်ဆွေ
သဘောထားကွဲလွဲမှု့ဟာ
တခါတရံ နှစ်လိုဖွယ်ရာပါ
အမြဲ စစ်မက်ပြုစရာ မလိုအပ်ပါဘူး . . .
မိတ်ဆွေ
သင့်ရဲ့အတွေးအခေါ်တွေ
ရှင်သန် ထက်မြက်နေစေဖို့
ဆန့်ကျင်ဘက်အမြင် ရှိသူထံ
အနာခံသွေးရတာတွေ လဲရှိတယ် . . .
မိတ်ဆွေ
ဒီလောက မှာ ငြိမ်းချမ်းရေး ချိုးငှက်
မပျံ သန်းနိုင်တော့မှ
မျှတခြင်း ဓါးကို ထုတ်ပါ . . .
မိတ်ဆွေ
တိုက်ခိုက်ခြင်း ပညာကိုလဲ
ရှေ့တန်းတင် လက်ကိုင်မထားနဲ့
ခန္တီစ တရားကိုလဲ
အမြဲ ရင်ဝယ်ပိုက်မထားနဲ့ . . .
မိတ်ဆွေ
ဓါးဆိုတာ
ညှဉ်းပန်း သတ်ဖြတ်ခြင်းမှာလဲ သုံးနိုင်သလို
ခွဲစိတ် အသက်ကယ်ခြင်းမှာလဲ သုံးနိုင်ပါတယ် . . .
မိတ်ဆွေ
အမိကမ္ဘာမြေ ကိုယ်တိုင်က
မီးစတဖက် ရေမှုတ်တဖက်
မိုးချုပ်ပြီး နေထွက်တယ် မဟုတ်လား . . .
**မာဃလုလင်**
--
No comments:
Post a Comment