မင်္ဂလာပါခင်ဗျား။ ။ ဒီကနေ့ ကျရောက်တဲ့ ထိုင်းနိုင်ငံရဲ့အစိုးရရုံးပိတ်ရက်တစ်ရက်ဖြစ်တဲ့ “ထိုင်းမိခင်များနေ့” (၀ါ) “ထိုင်းမိဖုရားသီရိခေတ်မွေးနေ့”မှာ ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက်မြို့မြောက်ဖက်က မယ့်ချရောတိုက်နယ်မှာ အထိမ်းအမှတ် သန့်ရှင်းရေး ပြုလုပ်ပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒါကတော့ “ငါတို့လမ်းသစ်ကျောင်း” ဆိုတဲ့ မူလတန်းကျောင်းက ရင်သွေးငယ် (၃၀)က သန့်ရှင်းရေးပြုလုပ်ခဲ့တာဖြစ်ပြီး နေရာကတော့ မယ့်ချရောတိုက်နယ် “ရွာဦးဘုန်းကြီးကျောင်း” မှာပါ။ အချိန်ကတော့မနက် (၈း၃၀) နာရီ မိုးဖွဲဖွဲကျနေချိန်ကစပြီး မနက်(၁၁း၃၀)နာရီထိဖြစ်ပါတယ်။
အဲဒီဘုန်းကြီးကျောင်းမှာ မြန်မာသံဃာတစ်ပါးပဲရှိပြီး ကျန်တာတွေက ထိုင်းသံဃာတွေပဲဖြစ်ပါတယ်။ မယ့်ချရောတိုက်နယ် ထိုင်းအလကကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ ဇနီးကသာကူ တိုက်ပါတယ်။ ကိုင်း - ငါတို့လမ်းသစ်ကျောင်း (Our New Road)က ကလေးတွေနဲ့ မိဘအချို့ဟာ ဘယ်လိုသန့်ရှင်းရေးပြုလုပ်ကြသလဲ၊ ဘယ်လိုသာကူသောက်ကြသလဲဆိုတာ ဟောဒီဓာတ်ပုံတွေကိုတစ်ချက်ရှုစားလိုက်ပါဦး။
**ကျောင်းသားလေးများ ဘုရားခန်းသန့်ရှင်းရေးပြုလုပ်နေစဉ်**
**ကျောင်းပရ၀ဏ်အတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ်**
**ထိုင်းအလကကျောင်းအုပ်ကြီး၏ ဇနီးမှသာကူအလှူပြုလုပ်နေစဉ်**
**သာကူကို ဒီလိုယူ - ဒီလိုသောက်ကြပုံ**
**ဒီကနေ့ သန့်ရှင်းရေးပွဲ ဆိုင်းဘုတ်ရှေ့ကစုပေါင်း အမှတ်တရပုံ**၊
သြော်… ငါတို့လမ်းသစ်ကျောင်းဆိုတာက မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ရဲ့ ၂၀၁၁ ခုနှစ်အိပ်မက်သစ်တစ်ခုလေဗျာ။
**သတင်း - မြန်မာပြည်သား **

No comments:
Post a Comment