** (၆၃) ကြိမ်မြောက် Emmy ရုပ်ရှင်ဆုချီးမြှင့်ပွဲ ကိတ်ဝင်းစလက် အကောင်းဆုံးသရုပ်ဆောင်ဆုရရှိ**
(လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၉)
(၆၃) ကြိမ်မြောက် အမ်မီရုပ်ရှင်ဆုချီးမြှင့်ပွဲကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ စက်တင်ဘာ ၁၈ ရက်ကုကျင်းပတဲ့အခါ Modern Family ဇာတ်ကားမှ အကောင်းဆုံးဆု အတော်များများကို ဆွတ်ခူးရရှိသွားပါတယ်။ အဲဒီဇာတ်ကားမှာ ကိတ်ဝင်းစလက်ဟာ အိမ်ထောင် ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ စားသောက်ဆိုင်ဖွင့်ပြီး ဘ၀ကို ရုန်းကန်ဖြတ်သန်းနေရသူတစ်ဦးအဖြစ် သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။ ဆုလက်ခံအပြီး ကိတ်ဝင်းစလက်က မိမိဟာရုပ်ရှင် အနုပညာလုပ်ငန်းကို တက်တက်ကြွကြွနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြောကြားသွားပါတယ်။ (၆၃) ကြိမ်မြောက် Emmy Awards ဆုချီးမြှင့်ပွဲမှာတော့ Modern Family ဇာတ်ကားနဲ့ Men ဇာတ်ကားတွေက အောင်ပွဲခံနိုင်ခဲ့ပြီး အကောင်းဆုံးဆုတွေ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ (အင်တာနက်)

**ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ စပိန်နှင့် အာဂျင်တီးနား ဗိုလ်လုမည်**
(ကော်ဒိုဘာ(စပိန်)၊ စက်တင်ဘာ ၁၉)
ကမ္ဘာအဆင့်(၂) တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ်သည် စပိန်နိုင်ငံ၌ ကျင်းပသည့် ဒေးဗစ်ဖလားတင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပြင်သစ်နာမည်ကြီး တင်းနစ်ကစားသမား တီဆွန်ဂါအား ၄ ပွဲ - ၁ ပွဲဖြင့် နိုင်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ ဆားဘီးယားမှ ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်သည် အာဂျင်တီးနားမှ မာတင်ဒယ်ပိုထရိုအား သုံးပွဲ - တစ်ပွဲဖြင့် ရုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ အမေရိကန်အိုးပင်းချန်ပီယံ ဂျိုကိုဗစ်သည် ယင်းပြိုင်ပွဲတွင် ကျောဒဏ်ရာရခဲ့သဖြင့် ပြိုင်ပွဲတွင် ရှုံးနိမ့်ကာ ထွက်ခဲ့ရခြင်းဖြစ်သည်။ (အင်တာနက်)
**အင်္ဂလန် ဂေါက်သီးကစားသမား ရို့စ် BMW Championship ဖလားဆွတ်ခူး**
(အတ္တလန္တာ၊ စက်တင်ဘာ ၁၉)
အင်္ဂလန်ဂေါက်သီးကစားသမားဂျူစတင်ရို့စ်သည် အမေရိကန်နိုင်ငံ အတ္တလန္တမြို့၌ ကျင်းပသည့် BMW Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် သတ်မှတ်၇ိုက်ချက်ထက် ၁၃ ချက် လျှော့ရိုက်ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိသွားသည်။ အသက် ၃၁ နှစ်အရွယ်ရှိ ဂျူစတင်ရို့စ်သည် စက်တင်ဘာ ၁၉ ရက်က ချီကာဂိုမြို့အနီးကော့တ်ဟေးလ်ဂေါက်ကလပ်၌ ကျင်းပသည့် အဆိုတော် ဂေါက်သီးအားကစားသမား ပြိုင်ပွဲတွင် ကျင်းအမှတ် ၁၉ ၁၇ ၌ ဘာဒီရပြီး ဆုဖလားဆွတ်ခူးသွားခြင်းဖြစ်သည်။ ဂျူစတင်ရို့စ်သည် နောက်ဆုံးနေ့က ရ၁ ချက်သာရိုက်ခဲ့သည်။ အခြားကစားသမားများထက် နှစ်ချက်အသာရခဲ့သည်။ ယင်းဆုဖလားမှာ ၄င်း၏ တတိယမြောက် PGA Tour ဆုဖလားဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment