
“မပြောသင့်ပေမယ့်
ပြောခွင့်ပြုပါအမေ”
- ကိုင်း….ဘယ့်နှယ်ရှိစ
*သိပြလိုက်အုန်းလေ
သိမ်းဆည်းပြလိုက်အုန်းလေ
သားတို့သမိုင်းရဲ့လျှို့ဝှက်ချက်တွေ…..*
- ကိုငှက်(ထူးအိမ်သင်)ရေ
ခင်ဗျားသာရှိနေသေးရင်
တကယ်သေချင်လေမလားမသိ
ခင်ဗျားထာဝစဉ်တန်ဖိုးကြီးစေခဲ့တဲ့
“ရာဇ၀င်ထဲကသတို့သမီး” ရဲ့
ငိုညည်းသံ…ရှိုက်သံတွေ
အမျှ… အမျှ… အမျှ… ဝေပါဦးလား….
ခင်ဗျားနဲ့ကျွန်တော်တို့အားလုံးချစ်ခဲ့တဲ့အမေလေ
မတွေဝေမရိုးသာသူတွေကြောင့်
အပေအတေသတို့သားနဲ့ပေးစားခံရတော့မယ်…..

- (Irrawaddy dolphin )
ပြည်သူတွေဆိုတာ
ကလေးတွေဆိုတော့
အားဖျော့….အားပျော့တယ်အမေ
အားဖျော့တော့အဟုတ်ခြောက်ကြတယ်
အားပျော့တော့ တရုတ်ကြောက်ရတယ်လေ….
- “ခြောက်နှစ်လောက်လုပ်လာပြီး”
အဟုတ်ကြီးအမြင်ထူးနေတဲ့
ဘ၀င်ရူးလို မပေါက်မြောက်မှတော့
ကြောက်တယ်….ကြောက်တယ်ပေါ့အမေ
- အကျိုးရှိမယ်ဆိုယင်လေ
အမျိုးတောင်ပေါင်ရောင်းမယ့်ကောင်
အယောင်ဆောင်အလွဲအမှားတွေနဲ့
အချောင်ကောင်ပွဲစားတွေကြောင့်
(ရိုးသားတဲ့အမေ့လို…….)
စကားမတတ် မနားမရပ်သူကိုမှ
နဂါးပါးစပ်ထဲထိုးထည့်လိုက်ပါပေါ့
အော့နှလုံးနာစရာလေ……
- ဒါတင်ပဲလား………
ဓါးအရောင်တစ်ပြက်….ကျည်တစ်ချက်မှ
မသိရ…..မကြားလိုက်ရပါလားအမေ…..
မြန်မာပြည်ရဲ့ ဦးခေါင်းတစ်လုံး
ပြုံးပြုံးကြီးသိမ်းပိုက်ပြသွားတာ
သွေးတစ်စက်ကျရာမရှိဘူးလေ………

- အမေ့သားတွေက မြင်းတွေပါအမေ
စီးပါ၊ နင်းပါ၊ စေပါ၊ နှင်ပါ
ဝေဒနာတော့မပေးပါနဲ့
(အခုတော့……….)
မြက်ခြောက်ကျွေးဘို့မျက်မှန်စိမ်းတပ်
ဇာတ်ပျက်ကိုရုံသွင်းပြနေမှတော့
ရင်တမမနဲ့ သားတို့ဆုတောင်း
အမေ့အလှမပျက်ပါစေကြောင်း
အမေ့ဘ၀မပျက်ပါစေကြောင်း………….။
*……………….* - ရာဇ၀င်များရဲ့သတို့သမီး
**ဧရာဝတီရောဂါသည်တစ်ဦး**
** Tin Myo Aung**

“မပြောသင့်ပေမယ့်
ပြောခွင့်ပြုပါအမေ”
- ကိုင်း….ဘယ့်နှယ်ရှိစ
*သိပြလိုက်အုန်းလေ
သိမ်းဆည်းပြလိုက်အုန်းလေ
သားတို့သမိုင်းရဲ့လျှို့ဝှက်ချက်တွေ…..*
- ကိုငှက်(ထူးအိမ်သင်)ရေ
ခင်ဗျားသာရှိနေသေးရင်
တကယ်သေချင်လေမလားမသိ
ခင်ဗျားထာဝစဉ်တန်ဖိုးကြီးစေခဲ့တဲ့
“ရာဇ၀င်ထဲကသတို့သမီး” ရဲ့
ငိုညည်းသံ…ရှိုက်သံတွေ
အမျှ… အမျှ… အမျှ… ဝေပါဦးလား….
ခင်ဗျားနဲ့ကျွန်တော်တို့အားလုံးချစ်ခဲ့တဲ့အမေလေ
မတွေဝေမရိုးသာသူတွေကြောင့်
အပေအတေသတို့သားနဲ့ပေးစားခံရတော့မယ်…..
- (Irrawaddy dolphin )
ပြည်သူတွေဆိုတာ
ကလေးတွေဆိုတော့
အားဖျော့….အားပျော့တယ်အမေ
အားဖျော့တော့အဟုတ်ခြောက်ကြတယ်
အားပျော့တော့ တရုတ်ကြောက်ရတယ်လေ….
- “ခြောက်နှစ်လောက်လုပ်လာပြီး”
အဟုတ်ကြီးအမြင်ထူးနေတဲ့
ဘ၀င်ရူးလို မပေါက်မြောက်မှတော့
ကြောက်တယ်….ကြောက်တယ်ပေါ့အမေ
- အကျိုးရှိမယ်ဆိုယင်လေ
အမျိုးတောင်ပေါင်ရောင်းမယ့်ကောင်
အယောင်ဆောင်အလွဲအမှားတွေနဲ့
အချောင်ကောင်ပွဲစားတွေကြောင့်
(ရိုးသားတဲ့အမေ့လို…….)
စကားမတတ် မနားမရပ်သူကိုမှ
နဂါးပါးစပ်ထဲထိုးထည့်လိုက်ပါပေါ့
အော့နှလုံးနာစရာလေ……
- ဒါတင်ပဲလား………
ဓါးအရောင်တစ်ပြက်….ကျည်တစ်ချက်မှ
မသိရ…..မကြားလိုက်ရပါလားအမေ…..
မြန်မာပြည်ရဲ့ ဦးခေါင်းတစ်လုံး
ပြုံးပြုံးကြီးသိမ်းပိုက်ပြသွားတာ
သွေးတစ်စက်ကျရာမရှိဘူးလေ………
- အမေ့သားတွေက မြင်းတွေပါအမေ
စီးပါ၊ နင်းပါ၊ စေပါ၊ နှင်ပါ
ဝေဒနာတော့မပေးပါနဲ့
(အခုတော့……….)
မြက်ခြောက်ကျွေးဘို့မျက်မှန်စိမ်းတပ်
ဇာတ်ပျက်ကိုရုံသွင်းပြနေမှတော့
ရင်တမမနဲ့ သားတို့ဆုတောင်း
အမေ့အလှမပျက်ပါစေကြောင်း
အမေ့ဘ၀မပျက်ပါစေကြောင်း………….။
*……………….* - ရာဇ၀င်များရဲ့သတို့သမီး
**ဧရာဝတီရောဂါသည်တစ်ဦး**
** Tin Myo Aung**
No comments:
Post a Comment