(China's 1st space lab module blasts off )
**တီအင်ဂွန် - ၁ ဂြိုဟ်တု တရုတ်နိုင်ငံလွှတ်တင်မည်**
(ကျူကျွမ်၊ စက်တင်ဘာ ၂၈)
တရုတ်နိုင်ငံ၏ ပထမဆုံးအာကာသဓာတ်ခွဲခန်း အစိတ်အပိုင်းတစ်ခုဖြစ်သည့် တီအင်ဂွန် - ၁ ဂြိုဟ်တုကို စက်တင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၁၆ မိနစ်နှင့် ၉ နာရီ ၃၁ မိနစ်အကြားလွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ၏ အာကာသယာဉ်ပျံသန်းရေးစီမံကိန်းမှ တာဝန်ရှိများက စက်တင်ဘာ ၂၈ ရက် ၌ ပြောကြားသည်။ လူလိုက်ပါခြင်းမရှိသည့် ၄င်းဂြိုဟ်တုလွှတ်တင်ပြီးနောက် ကမ္ဘာပတ်လမ်းကြောင်းအတွင်းရောက်ရှိသည့်အခါ အခြားဂြိုဟ်တုများနှင့် ချိတ်ဆက်ပြီး အာကာသအတွင်း လေ့လာသုတေသနပြုမှုများပြုလုပ်သွားမည် ဖြစ်သည်ဟု ၄င်းတို့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)

(Storm set to worsen Thailand flood as death toll climbs to 166)
** ထိုင်းနိုင်ငံ၌ ရေကြီး၊ ရေလွှမ်းမှုကြောင့် သေဆုံးသူဦးရေမြင့်တက်**
ထိုင်းနိုင်ငံမြာက်ပိုင်းတွင် ဇူလိုင် ၂၅ ရက်ကတည်းက ရေကြီးပြီး ရေလွှမ်းမှုများကြောင့် သေဆုံးသူ စုစုပေါင်း ၁၆၆ ဦးရှိပြီး သုံးဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်နှင့် ကယ်ဆယ်ရေးအရာရှိများက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။ အဆိုပါ ရေကြီးမှုများသည် ပြည်နယ် ၂၃ ပြည်နယ်ရှိ လူဦးရေ နှစ်သန်းကျော်အား ထိခိုက်ခဲ့ကြောင်း နိုင်ငံအတွင်းရှိုသဘာဝဘေးအန္တရာယ်ကာကွယ်တားဆီး ရေးနှင့် သက်သာလျော့ပါးရေးဌာနမှ အရာရှိများက ပြောကြားခဲ့သည်။ (အင်တာနက်)
**လင်းနို့မှတစ်ဆင့် ကူးစက်သောဗိုင်းရပ်စ်ပိုးများကြောင့် အာဖရိကတိုက်သားများ ကျန်းမာရေး ဘေးဒုက္ခကြုံနေရ**
(လန်ဒန်၊ စက်တင်ဘာ ၂၈)
အာဖရိကတိုက် အနောက်ပိုင်းနေ ပြည်သူများသည် လင်းနို့သတ္တ၀ါများက သယ်ဆောင်လာသော ဗိုင်းရပ်စ်ပိုးမွှားများကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးရွာသည့် အကျိုးဆက်များနှင့် ရင်ဆိုင်တွေ့ကြုံနေရကြောင်း စက်တင်ဘာ ၂၆ သတင်းများတွင် ဖော်ပြသည်။ တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးစက်တက်သော အီဘိုလာအဖျားရောဂါ (Ebola hemorrhagic) နှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည့် ဆားစ်(SARS) ရောဂါကဲ့သို့ ရောဂါဆိုးများ၏ အဓိကလက်သည် ဖြစ်သည့် ဗိုင်းရပ်စ်ပိုးများသည် လင်းနို့များတွင် စွဲကပ်နေကြောင်း သုတေသနပညာရှင်များက ယူဆထားကြသည်။ သို့ရာတွင် လင်းနို့များသည် ကမ္ဘာ့ဒေသအများစု၏ ဂေဟဗေဒစနစ်အတွက် မရှိမဖြစ် အရေးပါသော သတ္တ၀ါများဖြစ်ကြရာ ၄င်းတို့အားရှင်းလင်းသုတ်သင် ခြင်းမပြုဘဲ ရောဂါဆိုးများပြန့်ပွားမှုကို ကာကွယ်နိုင်မည့် နည်းလမ်းများအား သိပ္ပံပညာရှင်များက အဖြေရှာနေရကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
**ဟက်ကာနီအကြမ်းဖက်ကွန်ရက်ကို ဖန်တီးခဲ့သူမှာ စီအိုင်အေအဖွဲ့ဖြစ်....ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရာမန်မာလစ်ခ်ပြစ်တင်ပြောကြား**
(အစ္စလာမ္မာဘတ်၊ စက်တင်ဘာ ၂၈)
ဟက်ကာနီကွန်ရက်အမည်ရှိ အကြမ်းဖက်အဖွဲ့အစည်းအား ဖန်တီးခဲ့သည့် လက်သည်အစစ်မှ ပါကစ္စတန်နိုင်ငံ မဟုတ်ဘဲ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)အဖွဲ့သာဖြစ်ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရာမန်မာလစ်ခ်၏ အဆိုကို ကိုးကား၍ စက်တင်ဘာ ၂၆ ရက် သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
**ကိုလံဘီယာနိုင်ငံတွင်မြေပြို၊ ခြောက်ဦးသေဆုံး**
(ဘိုဂိုတာ၊ စက်တင်ဘာ ၂၈)
ကိုလံဘီယာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်တီရိုကွီရာပြည်နယ် အလယ်ပိုင်းတွင် စက်တင်ဘာ ၂၈၊ ရက်က မြေပြိုမှုဖြစ်ပွားရာ လူခြောက်ဦးသေဆုံးခဲ့ကြောင်း ကိုလံဘီယာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ဖြစ်ပွားမှုမှာ အင်ဂိုစတိုရာစီရင်စုတွင် ဖြစ်ပြီး မြေပြိုမှုကြောင့် ဖခင်၊ မိခင်နှင့်ကလေး လေးဦးတို့သေဆုံးခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့မျး အမြန်သွားရောက်ပြီး မြေကြီးများအောက်၌ ပိတ်မိနေသူများအား ကယ်ဆယ်ခဲ့ရသည်။ ကိုလံဘီယာနိုင်ငံတွင် ယခုအစောပိုငးကာလက မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment