ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 1, 2011

လူထုကျန်းမာရေး (နီကိုတင်းငွေ့ကြောင့် ဗြူတီငွေ့ပျောက်ဆုံးခြင်း)

>

**Public Health**

ဆေးလိပ်သောက်ခြင်းဟာ ဘေးဥပါဒ် များစွာကို ဖိတ်ခေါ်စေတဲ့ အကျင့်ဆိုးဖြစ်ပြီး ဆေးလိပ်သောက်နေတဲ့ ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးဖြစ်စေတဲ့ အရာဖြစ်ပါတယ်။ ပျိုမေတို့အတွက် ဆေးလိပ်မသောက်ငြား ဆေးလိပ်သောက်တဲ့ ပတ်ဝန်းကျင်ကြားထဲ ရောက်နေမယ်ဆိုရင် ပျိုမေတို့ ရှူရှိုက်မိတဲ့ ဆေးလိပ်အငွေ့အသက်ကြောင့် ဆိုးကျိုးဖြစ် လာစေနိုင်ပါတယ်။
အထူးသဖြင့် အသားအရေအတွက် ကောင်းကျိုးများစွာပြုတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ အေနဲ့ တခြားဓာတ်တွေကို ပျောက်ဆုံးဖျက်စီးစေတာမို့ အလှတွေဟာ လျော့ပါး လာတတ်ပါတယ်။ အလွယ်တကူ အလျင်အမြန် အရေးအကြောင်းတွေ ပေါ်လာ တတ်ပါတယ်။ အကြောင်းရင်း ရှာမရတဲ့အချက်တွေထဲမှာ ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း၊ ဆေးလိပ်သောက်ခြင်းတို့လည်း အပါအဝင် ဖြစ်ပါတယ်။
ဆေးလိပ်ငွေ့တွေဟာ အသားအရေရဲ့ တင်းရင်းမှု၊ ချောမွေ့မှုတို့ကို ပျောက်ဆုံး စေပါတယ်။ စိုးရွှန်းတောက်ပမှုကိုလည်း လျော့ပါးစေပါတယ်။ ဒါတွေဟာ မိတ်ကပ် ဘယ်လောက်ကောင်းကောင်း၊ နေရောင်ကာ ခရင်မ်ဘယ်လောက်သုံးသုံး အငွေ့တစ်ချက် ရှူမိ၊ ရှိုက်မိလို့ ဖြစ်ရတဲ့ ဆိုးကျိုးတွေဖြစ်တာမို့ ဆေးလိပ်ငွေ့နဲ့ပတ်သက်ပြီး ဖော်ပြလိုက် ရပါတယ်။

**ဆေးလိပ်ဆိုးကျိုးများ **
အခုလက်ရှိ ကမ္ဘာ့အနှံ့ အပြားမှာ ဆေးလိပ်သောက်တဲ့သူ အရေအတွက်ဟာ ၁.၁ ဘီလျံ ရှိနေပြီး ဆက်လက်ပြီး တိုးပွားမယ့် အလားအလာရှိနေပါတယ်။ ကမ္ဘာ့အနှံ့အပြားမှာ ကလေး ၁၃-၁၅ ကြားငါးယောက်မှာ တစ်ယောက်ဟာ စီးကရက်သောက်နေကြပါတယ်။ ဆေးလိပ်သောက်တာဟာ သြစတြေးလျမှာ အသေအပျောက်နဲ့ ရောဂါအဖြစ်ဆုံး အကြောင်းရင်း တစ်ခုပါ။ နှစ်စဉ်လူပေါင်း တစ်သောင်းကိုးထောင် လောက်ဟာ ဆေးလိပ်ကြောင့် သြစတြေးလျမှာ သေဆုံးနေကြရပါတယ်။
ဆေးလိပ်မှာ ဓာတုပစ္စည်းပေါင်း လေးထောင်ကျော်ပါဝင်ပါတယ်။ အများစုဟာ အရမ်း အဆိပ်ပြင်းပြီး အမျိုး ၄၀ ဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဆေးလိပ် သောက်သူဟာ အဆုတ်ကင်ဆာဖြစ်ဖို့ ၁၀ ဆ ပိုပြီး အဖြစ်လွယ်ပါတယ်။ အသောက်ကြမ်းတဲ့ သူတွေအနေနဲ့ ၁၅-၂၅ ဆ ပိုပြီး ကင်ဆာအဖြစ်လွယ်ပါတယ်။

အမျိုးသား ၈၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၇၇ ရာခိုင်နှုန်းတို့ဟာ ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ ရနေကြပါတယ်။ ဆေးလိပ်ဟာ လူ့သက်တမ်းကို ငါးမိနစ်စာ တိုစေတယ်လို့ တချို့က ဟာသထုတ် ပြောကြပါတယ်။ အမှန်မှာတော့ ဆေးလိပ်ဟာ လူ့သက်တမ်းကို ၇-၈ နှစ်အထိ တိုသွားစေပါတယ်။

**ပျိုမေတို့ သိထားသင့်သည်များ **
ယောက်ျားလေးတွေအနေနဲ့ ဆေးလိပ်သောက်ရင် သုက်ထွက်နှုန်း နည်းပါးပြီး ထွက်တဲ့ သုက်မှာလည်း မူမမှန်တဲ့ ဖိုမျိုးစေ့တွေ ပါလာတတ်ပါတယ်။ အမျိုးသမီးများ အနေနဲ့ကတော့ ကိုယ်ဝန်ပျက်ကျတာ အဖြစ်များပါတယ်။ လေ့လာသုတေသနပြုချက် များစွာအရ ဆေးလိပ်သောက်တဲ့ အမျိုးသမီးများဟာ သားသမီးမရတတ်ဘဲ မြုံသွားတတ် ကြပါတယ်။ ဆေးလိပ်မသောက်တဲ့သူထက်ပိုပြီး ၇၂ ရာခိုင်နှုန်း မြုံသွားတတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တာကိုလည်း ရှောင်ကြဉ်ပြီး ဆေးလိပ်နံ့လည်း မခံဖို့ အလေးအနက် သတိပေးချင်ပါတယ်။
ဆေးလိပ်တစ်လိပ်သောက်နေစဉ်မှာ အသားအရေထဲက သွေးကြောတွေကို ကျုံ့သွားစေပြီး ဆေးလိပ်သောက်ပြီးလို့ မိနစ်ကိုးဆယ်ကြာအောင် သွေးကြောတွေကို ကျဉ်းသွားစေပါတယ်။ ဒီအကြောင်းတရားဟာ အောက်ဆီဂျင် ရရှိမှုကို နည်းပါးစေပြီး အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်း နည်းပါးလာစေပါတယ်။
ဒီလိုနဲ့ အရေပြားဟာ စိုရွှမ်းခြင်း၊ ချောမွေ့ခြင်း၊ တင်းရင်းခြင်းတို့ဟာ တဖြည်းဖြည်း လျော့ပါးပျောက်ဆုံး လာရပါတော့တယ်။ နောက်ပြီး ဆေးလိပ်ကြောင့် အသားအရေထဲက ဆဲလ်တွေဟာ သေဆုံးပြီး နောက်ထပ်တစ်ဖန် ပြန်လည် မွေးဖွားနိုင်ခြင်း မရှိတော့ပါဘူး။ ဆေးလိပ်သောက်နေစဉ်မှာ အက်စထရိုဂျင်ဟော်မုန်းတွေဟာ နိမ့်ကျသွားပါတယ်။ ဒါဟာ အရေပြားတင်းရင်းမှုအတွက် အများကြီး ထိခိုက်စေတဲ့ အချက်လည်းဖြစ်ပါတယ်။
အသားအရေကိုလည်း ခြောက်သွေ့စေပါတယ်။ ဆိုးရွားတဲ့နောက်ထပ် အချက်တစ်ချက်ကတော့ ပျိုမေတို့ထိခိုက်ဒဏ်ရာရတဲ့အခါမှာ ဆေးလိပ်ကြောင့် အနာပြန်လည်ကျက်ဖို့ဟာ အနှောင့်အယှက်ဖြစ်သွားပြီး ကြန့်ကြာစေပါတယ်။ ကြန့်ကြာရုံမျှမက အမာရွတ်ဖျောက်ရာမှာလည်း အခက်အခဲဖြစ်စေပါတယ်။
နောက်ထပ်အလှအပအတွက် ထိခိုက်စေတဲ့ဟာတွေကတော့ လက်သည်းကျိုးလွယ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဝက်ခြံထွက်လာခြင်းနဲ့ တခြားအရေပြား ပြဿနာတို့ ဖြစ်လာစေပါတယ်။ နောက်ထပ် တွေ့ရှိရတဲ့ အချက်တွေထဲမှာ လက်သည်းမှာ အဝါစက်တွေ ပေါ်လာတာ၊ လက်တွေ၊ သွားတွေမှာ အဝါစက်တွေ ဖြစ်လာတာ၊ အနံ့အသက်ဆိုးရွားပြီး ခံတွင်းအရသာ အပြည့်အဝ မခံစားလာနိုင်တာဟာ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။
ဒါကြောင့် ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေရုံမျှမက အလှအပအတွက်ကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ အသိပေးရခြင်းပဲဖြစ်ပါတယ်။ ဆေးလိပ်ကို နှစ်ရှည်သောက်လာခဲ့ကြတဲ့ အမျိုးသမီးများဟာ အသားအရေတွန့်လာလို့ ပလတ်စတစ်ဆာဂျရီလုပ်တဲ့အခါမှ ဆေးလိပ်သောက်ခဲ့လို့ ဆာဂျရီလုပ်တဲ့နေရာမှာ အခက်အခဲ အတားအဆီးအနှောင့်အယှက်ဖြစ်စေပါတယ်။
ဘယ်တော့မှ စိတ်တိုင်းကျတဲ့ ဆာဂျရီလုပ်လို့မရပါဘူး။ နောက်ပြီး တခြားသော အရေပြား ပြဿနာတွေကိုလည်း ထပ်ဆင့် မွေးဖွားလာစေတာမို့ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်အနံ့ ရှူရှိုက်ခြင်းဟာ ယောက်ျားများအတွက်သာမက ပျိုမေများရဲ့ အလှအပ၊ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။

Ref : 8 Days

**james bond**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)