**သန့်ရှင်းတယ်**
လူတစ်ယောက် တန်ဖိုးကြီးကိတ်များရောင်းချသောဆိုင်သို့သွား၍ ကိတ်ဝယ်သည်။
ကောင်တာသို့သွား၍ ဒိုးနပ် မှာရာ
အရောင်းစာရေးက ပြောင်လက်တောက်ပနေသော ညှပ်ဖြင့် ဒိုးနပ်ကိုညှပ်၍ထည့်ပေးသည်။
ဈေးဝယ်သူက တော်တော် သဘောကျသွားသည်။
“ညှပ်ကိုသုံးတာ တော်တော်သန့်ရှင်းတာပဲဗျ နော့်”
“ဟုတ်ပါတယ် ကျွန်တော်တို့က သန့်ရှင်းမှုကို အဓိကထားပါတယ်”
“ဒါဆို ချောကလက် အီကလဲယားလဲထပ်ယူမယ်ဗျာ”
ယခင်တစ်ခေါက်အတိုင်းပင် အရောင်းစာရေးက အီကလဲယားကို ညှပ်ဖြင့်ထည့်ပေးသည်။
ထိုစဉ် ဈေးဝယ်သူက အရောင်းစာရေး၏ ဘောင်းဘီတွင် တွဲလောင်းကျနေသော
ကြိုးတစ်ချောင်းကို သတိထားမိသွားသည်။
“ဒီကြိုးက ဘာလုပ်တာလဲ”
“အော် ကျွန်တော်တို့က သန့်ရှင်းမှုကို အဓိကဆိုတော့ အပေါ့သွားချင်ရင်
ဒီကြိုးနဲ့ ဆွဲထုတ်ရတယ်၊ လက်နဲ့မထိရဘူး”
“ဒါဖြင့် ပြန်သွင်းတော့ရောဗျ”
“ညှပ်နဲ့ ပြန်သွင်းတယ်လေ”
**lion lady**

No comments:
Post a Comment