**ချီလီနိုင်ငံတွင် တောမီးလောင်၊ မီးသတ်သမား ခြောက်ဦးသေဆုံး**
ချီလီနိုင်ငံတောင်ပိုင်း ကော့တင်ပြည်နယ်တွင် တောမီးလောင်မှုအကြီးအကျယ်ဖြစ်ပွားရာ မီးသတ်သမားခြောက်ဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိသွားကြောင်း ဒေသဆိုင်ရာအရာရှိများက ဇန်န၀ါရီ ၆ ရက်တွင်ပြော့ားသည်။ ဖြစ်ပွားမှုမှာ ဇန်န၀ါရီ ၅ ရက်က မီနီကိုသစ်ထုတ်လုပ်ရေးကုမ္ပဏီမှ မီးသတ်သမား ၁၀ ဦးသည် အရော်ကာနီးယားဒေသတောင်တန်းတစ်တောအတွင်း မီးလောင်သည်ကို မီးငြှိမ်းသတ်နေစဉ် ရုတ်တရတ်လေပြင်းများတိုက်ခတ်လာသည့်အတွက် နောက်ဆုံးတွင် မီးသတ်သမားများ မီးဝိုင်းခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းပြည်နယ်အုပ်ချုပ်ရေးမှူး မီဂွါမီလာဒိုက ပြောကြားသည်။ ဒဏ်ရာရသူလေးဦးကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ရကြောင်း မီဂွါမီလာဒိုက ဆက်လက်ပြောကြားသည်။ (အင်တာနက်)

**နယူးဇီလန်နိုင်ငံ၌ မိုးပျံပူဖောင်းပျက်ကျ၊ ၁၁ ဦးသေဆုံး**
(၀ယ်လ်တင်တန်၊ ဇန်န၀ါရီ ၇)
ရဲတပ်ဖွဲ့၏ ပြောကြားချက်အ၇ ယင်းအပျော်စီးမိုးပျံပူဖောင်းပေးတွင်လူ ၁၁ ဦးလိုက်ပါစီးနင်းသွားကြောင်း၊ ဇန်န၀ါရီ ၇ ရက် နံနက် ရ နာရီ ၂၆ မိနစ်ခန့် ၄င်းအပျော်စီးမိုးပျံပူဖောင်းမီးလောင်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြသည်။ အပျော်စီးမိုးပျံပူဖောင်းမှာ ကာတာတန်မြို့အနီး ဝေရာရာပါမြို့မြောက်ဘက် ကလာရီဗီလ်လီ အရပ်မြေပြင်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါ အပျော်စီးပူဖောင်းကို နံနက်နေစထွက်လာပြီး မကြာမီ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ၁ နာရီခန့်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ ခရီးသည် ၁၀ ဦးနှင့် မိုးပျံပူဖောင်းထိန်းသိမ်းသူတစ်ဦးတို့ဖြစ်သည်ဟု သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
**ရုရှားနိုင်ငံ၏ အင်္ဂါဂြိုလ်လေ့လာရေးယာဉ် မကြာမီ မြေပြင်သို့ကျဆင်းမည်**
(မော်စကို၊ ဇန်န၀ါရီ)
အဆိုပါ အင်္ဂါဂြိုလ်လေ့လာရေးသည်ယာဉ်သည် မြေပြင်သို့ကျဆင်းသည့်အခါ ကိုယ်ထည်အစိတ်အပိုင်း ၂၀ မှ ၃၀ အထိ အစိတ်စိတ်ကွဲထွက်သွားမည်ဖြစ်ကြောင်း၊ ယင်းအစိတ်အပိုင်းများသည် အလေးချိန် ကီလိုဂရမ် ၂၀၀ မကျော်နိုင်ကြောင်း ၄င်းတို့က ပြောကြားသည်။ အဆိုပါ ဂြိုလ်လေ့လာရေးယာဉ် ဖိုဘော့စ်-ဂရန့်၏ အခြားအစိတ်အပိုင်းများမှာ ကမ္ဘာ့အပေါ်ယံလေထုလွှာအတွင်း မီးလောင်ပျက်စီးသွားမည်ဖြစ်သည်။ ထိုသို့ မြေပြင်သို့ကျဆင်းလာမည့် ဖိုဘော့စ်-ဂရန့်၏ အစိတ်အပိုင်းများတွင် ရေဒီယိုသတ္တိကြွများမဖြစ်ပေါ်နိုင်ကြောင်း အဆိုပါအာကာသ အေဂျင်စီက ပြောကြားသည်။ (အင်တာနက်)
**ကမ္ဘောဒီးယားနိုင်ငံ၌ AIDS ရောဂါကြောင့် ၂၀၁၁ ခုနှစ်တွင် ၂၆၀၈ ဦးသေဆုံး**
ကမ္ဘောဒီယားနိုင်ငံတွင် ၂၀၁၁ ခုနှစ် HIV၊ AIDS ရောဂါကြောင့် သေဆုံးသူ ၂၆၀၈ ဦးခန့်ရှိသည်ဟ ခန့်မှန်းထားပြီး ပြီးခဲ့သည့်နှစ်က လူပေါင်း ၂၉၄၃ ဦးမှ ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အမျိုးသား AIDS တိုက်ဖျက်ရေး အထွေထွေအတွင်းရေးမှူး ဒေါက်တာတန်ကွန်သီက ဇန်န၀ါရီ ၆ ရက်တွင် ပြောကြားသည်။ ၂၀၁၁ ခုနှစ်တွင် HIV၊ AIDS ရောဂါဖြစ်ပွားမှုကြောင့် သူဆုံးသူ ၂၆၀၈ ဦးမှာ အသက် ၁၅ နှစ်နှင့် အထက်များဖြစ်ပြီး ၁၂၄ ဦးမှာ ကလေးငယ်များဖြစ်ကြသည်။ HIV၊ AIDS ရောဂါဆန့်ကျင်တိုက်ဖျက်မှုကြောင့် ထိရောက်သည့် ရလဒ်ကောင်းများကို ကျွန်ုပ်တို့တွေ့မြင်ရပြီဖြစ်ကြောင်း၊ သို့သော်လည်း ကျေနပ်အားရမှုမရှိသေးကြောင်းနှင့် နောင်အနာဂတ်ကြောင့် ဒေါက်တာတန်ကွန်သီက ဆက်လက်ပြောကြားခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် HIV၊ AIDS ရောဂါတိုက်ဖျက်ရေးအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅၆ သန်းခန့်လိုအပ်လျက်ရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်၊ မိုးမြင့်လင်းလက်

No comments:
Post a Comment