ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 9, 2012

လူထုကျန်းမာရေး (သည်းခြေအိတ် ကျောက်တည် ရောဂါ ဘာကြောင့်ဖြစ် )

>
**Public Health**

သည်းခြေအိတ် ကျောက်တည် ရောဂါ (Gallstone) ဟူသော ရောဂါသည် လူအများကြားတွင် ကြားဖူး နားဝ ရှိနေကြသော ရောဂါ အမည်တစ်မျိုးပင်ဖြစ်သည်။ လူ အများလည်း ဖြစ်လေ့ရှိကာ အချို့ မှာလည်း ဆေးသောက်ကာ ပျောက်သွားလေ့ ရှိကြသော်လည်း အချို့မှာမူ ခွဲစိတ်ကုသမှုခံယူသည် အထိ ရောဂါ ပြင်းထန်ခဲ့ကြသူများ လည်း ရှိခဲ့ကြမည်ဖြစ်သည်။
သို့သော် အဆိုပါရောဂါ သည် မည်သို့သော အကြောင်းများ ကြောင့် ဖြစ်ပွား လာရသည်၊ မိမိ၏ ခန္ဓာကိုယ် အတွင်းသို့ ကျောက်များ မည်သို့သော အကြောင်းများ ကြောင့် ဝင်ရောက် လာသည်ကိုမူ သိရှိသူ နည်းပါ နေသေးကြောင်း Fame ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင် က ပြောသည်။
ကျွန်တော် ဆေးခန်းထိုင်ပါ တယ်။ကျွန်တော့်ဆေးခန်းကိုလာ ပြကြတဲ့ သည်းခြေအိတ်ကျောက် တည်ရောဂါ လူနာအများစုက ဒီ ရောဂါဘာကြောင့်ဖြစ်မှန်းမသိကြ ဘူးဟု ဒေါက်တာခင်မောင်လွင် ကပြောသည်။ သည်းခြေအိတ်တွင် ကျောက် တည်ခြင်းနှစ်မျိုးရှိသည်ဟု သိရ ပြီးတစ်မျိုးမှာ အဆီကြောင့်ဖြစ် သည့် ကိုလက်စထရော ကျောက် တည်ခြင်း (Cholesterol Stone) အခြားတစ်မျိုးမှာ စားသောက် လိုက်သည့် အစားအစာများတွင် ကြေးနီ၊ သံဓာတ်ထုံးဓာတ် အစရှိ သည့် သတ္တုဓာတ်များကြောင့်ဖြစ် သည့် Pigment Stoneတို့ဖြစ် ကြောင်း သိရသည်။
ကျောက်တည်ခြင်းနှစ်မျိုးစ လုံးသည် ခန္ဓာကိုယ်မှချေဖျက်နိုင် သည့် ပမာဏထက် ကျော်လွန် စားသုံးလိုက်မိသည့် အစားအစာ များကြောင့်ဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။ သည်းခြေ ကျောက်တည် နေတဲ့ကျောက်တွေကို ခွဲစိတ် ကြည့်လိုက်ရင် မပျော်ဝင်တဲ့အ နည်ကျကျောက်တွေနဲ့ ဖွဲ့စည်း ထားတာကို တွေ့ရလိမ့်မယ်ဟု ဒေါက်တာခင်မောင်လွင်ကပြော သည်။ သည်းခြေအိတ်ကျောက် တည်ခြင်းဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ အနောက် တိုင်းအစားအစာ(Western Diet)များစားသုံးခြင်းကြောင့်ဖြစ် သည်ဟုသိရသည်။

ကမ္ဘာပေါ်တွင် သည်းခြေ အိတ်ကျောက် တည်ရောဂါဖြစ်ပွား မှု အများဆုံးသောနိုင်ငံများမှာ အမေရိကန်၊ချီလီ၊ပီရူး စသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။ သည်းခြေအိတ် ကျောက် တည်ရောဂါသည် အစားအ သောက်ကြောင့်လည်း ဖြစ်ပွား တတ်သကဲ့သို့ မျိုးဗီဇကြောင့်လည်း ဖြစ်ပွားတတ်ကြောင်း သိရသည်။ မျိုးဗီဇကြောင့်ဖြစ်နိုင်ခြေရှိ တဲ့ကြားထဲမှာ Environmental Factor လို့ခေါ်တဲ့ အစားသောက် အနေအထိုင်ပါမဆင်ခြင်ရင် ပိုဖြစ်နိုင်တယ်ဟုဒေါက်တာခင် မောင်လွင်က ပြောသည်။

မြန်မာလူမျိုးများသည် သည်းခြေအိတ် ကျောက်တည် ရောဂါဖြစ်စေတတ်သည့် မျိုးဗီဇ မပါရှိသဖြင့် မြန်မာလူမျိုးများ တွင်ဖြစ်ပွားသည့် အဆိုပါရောဂါ သည် အစားအသောက်အနေအ ထိုင်ကြောင့်သာ ဖြစ်ပွားလေ့ရှိသ ဖြင့် ကြိုတင်ကာကွယ်၍ရရှိနိုင် သောရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။
အဆိုပါရောဂါသည် အမျိုး သားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး အသက်လေး ဆယ်ကျော်သူများတွင် အဖြစ်များ လေ့ရှိကြောင်းသိရသည်။ အသက် လေးဆယ်ကျော် အမျိုးသမီးများတွင် အဆိုပါရော ဂါဖြစ်ပွားနိုင်ခြေမှာ ၂၅ ရာခိုင်နှုန်း ရှိပြီး အမျိုးသားများတွင်မူ ၈ ရာ ခိုင်နှုန်းသာရှိကြောင်းသိရသည်။ ထို့အပြင် အသက်၇၅ နှစ်ကျော် အမျိုးသမီးများတွင် နှစ်ဦး လျှင်တစ်ဦး ဖြစ်ပွားလေ့ရှိပြီး ဖြစ် ပွားနှုန်း ၅၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ သည်းခြေအိတ်တွင် ဖြစ် သည့်ရောဂါအားလုံးသည် သည်း ခြေအိတ် ကျောက်တည်ခြင်း ကြောင့် ဖြစ်ပွားသည့်ရောဂါများ ပင်ဖြစ်သည်။
သည်းခြေအိတ်ရောင်တာ ပဲဖြစ်ဖြစ်၊ ပိုးဝင်တာပဲဖြစ်ဖြစ်၊ သည်းခြေအိတ်ကြီးပိတ်သွားလို့ပဲ ဖြစ်ဖြစ်၊ သည်းခြေအိတ်ပြည် တည်ပြီး ပေါက်သွားလို့ပဲဖြစ်ဖြစ် နောက်ဆုံး ကုန်ကုန်ပြောရရင် သည်းခြေအိတ်မှာ ကင်ဆာဖြစ် တာအထိ သည်းခြေကျောက် တည်လို့ပဲဟု ဒေါက်တာခင် မောင်လွင်ကပြောသည်။ သည်းခြေအိတ်ကျောက် တည်ရောဂါသည် အမျိုးသမီးများ တွင်ဖြစ်ပွားနှုန်းပိုမိုများပြားပြီး 5Fs နှင့် အကျုံးဝင်သည့် အမျိုး သမီးများတွင် ဖြစ်ပွားနိုင်ခြေပိုမို များပြားကြောင်းသိရသည်။
5Fs ဟူသည်မှာFemale အမျိုးသမီးဖြစ်ခြင်း၊ Fat ဝခြင်း၊ Forty လေးဆယ်ကျော်ခြင်း၊ Fertile ကလေးမွေးထားဖူးခြင်းနှင့် Fair အသားအရေ လတ်ဆတ်ဖြူ ဝင်းခြင်း စသည်တို့ဖြစ်ကြောင်း ဒေါက်တာခင်မောင်လွင်ကပြော သည်။ သည်းခြေကျောက်တည် ခြင်းနှစ်မျိုးရှိသည်ဖြစ်ရာ ပထမ တစ်မျိုးဖြစ်သည့် ကိုလက်စထ ရောကျောက်တည်ခြင်း Cholesterol Stone သည် အဆီအစားများ ခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါအမျိုးအစားတွင် ဖြစ်ပွား သည့်ကျောက်မှာ အဆီကျောက် ဖြစ်သည့်အတွက် ဆေးသောက်၍ ခြေဖျက်ရနိုင်ကြောင်း သိရသည်။
အခြား တစ်မျိုးဖြစ်သည့် သ ထ္ထုဓာတ်များပါဝင်သည့်ကျောက် တည်ခြင်း Pigment Stone သည် မာကျောသည့် သတ္တုဓာတ်များဖြင့် ဖွဲ့ စည်းထားသည့် ကျောက်ဖြစ်သ ဖြင့် အများစုမှာ ခွဲစိတ်ကုသမှုခံယူ ရလေ့ရှိကြောင်း သိရသည်။ Cholesterol Stone သည် အမျိုးသမီးများတွင် အဖြစ်များ သည်။ အမျိုးသားများတွင် သည်း ခြေကျောက်တည်ခြင်း ဖြစ်ပွားပါ က Pigment Stone အဖြစ်များ ကြောင်းသိရသည်။

သည်းခြေ ကျောက်တည် ခြင်းကို ဖြစ်ပွားစေသည့် အစားအ စာများမှာ ဆီကျော်များ၊အချိုရည် များဖြစ်ကြောင်းသိရ သည်။ ထို့အပြင် အရက်သောက် ခြင်း၊အသက်လေးဆယ်ကျော် သွေးဆုံးပြီးသည့် အမျိုးသမီးများ လည်းဖြစ်ပွားတတ်ကြောင်း သိရ သည်။ ပုံမှန်လမ်းလျှောက်ပေးခြင်း၊ ပန်းသီး၊ နာနတ်သီးစားခြင်း၊ ပဲပိစပ်၊ ပဲပုပ်စားသုံးပေးခြင်း စသည့် အချက်များသည် သည်း ခြေကျောက်တည်ခြင်း အား ကာ ကွယ်နိုင်ကြောင်း သိရသည်။

Ref:7 Days News

*From-မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)