ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 8, 2012

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**မက္ကဆီကိုနိုင်ငံ၌ ကမ္ဘာ့အမြင့်ဆုံးတံတား ဖွင့်ပွဲကျင်းပ**
(မက္ကဆီကိုစီးတီး၊ ဇန်န၀ါရီ ၆)
မက္ကဆီကိုနိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံးတံတားဖွင့်ပွဲကို ဇန်န၀ါရီ ၅ ရက်ကကျင်းပရာ မက္ကဆီကိုသမ္မတ ဖိလစ်ကဲလ်ဒါရွန်က ဖွင့်လှစ်ပေးခဲ့သည်။ မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းရှိ စီရာမာဒီရီအနောက်တောင်တန်းတောင်ကုန်းများအရပ်၌ရှိသော လျှိုမြောင်ချောက်ကြီးတစ်ခုကို တံတားခင်းတည်ဆောင်ထားသည့် ကမ္ဘာ့အမြင့်ဆုံး ဘာလူအတ်တီတံတားကြီး၏ အမြင့်သည် ၁၃၂၂ ပေရှိသည်။ (အင်တာနက်)

**တိုင်တန်းနစ်သင်္ဘောမှ ပစ္စည်းများ လေလံတင်ရောင်းချမည်**
(နယူးယောက်၊ ဇန်န၀ါရီ ၆)
၁၉၁၂ ခုနှစ်က ပင်လယ်အောက်နစ်မြုပ်ခဲ့သော ကမ္ဘာကျော်တိုင်တန်းနစ်သင်္ဘောမှ ပစ္စည်းအမျိုးအစားပေါင် ၅၅၀၀ ကျော်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ လာမည့်ဧပြီလတွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း လေလံတင်ရောင်းချရေးအဖွဲ့က ဇန်န၀ါရီ ၆ ရက်၌ သတင်းထုတ်ပြန်သည်။ တိုင်တန်းနစ်သင်္ဘောမှ ပစ္စည်းများမှ စိန်များစီခြယ်ထားသော လည်ဆွဲကဲ့သို့ လက်ဝတ်ရတာနာပစ္စည်များ၊ နာရီများနှင့် သံလိုက်အိမ်မြှောင်များ၊ တိုင်တန်းနစ်သင်္ဘောပျက်မှ ကိုယ်ထည်အစိတ်အပိုင်းများ အခြားအနုပညာလက်ရာပစ္စည်းများ စသည်တို့ပါဝင်သည်။ တိုင်တန်းနစ်သင်္ဘောပျက်မှရရှိသာ ပစ္စည်းများကို ၂၀၀၇ ခုနှစ်က ပထမဦးဆုံးအကြိမ် လေလံတင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၁၈၉ သန်းရရှိခဲ့သည်ဟု ဂွီရာဆေးလေလံတင်ရောင်းချရေးအဖွဲ့က ပြောကြားသည်။ (အင်တာနက်)

**စင်ကာပူနိုင်ငံရှိ အကြီးဆုံးစူပါမားကတ်တွင် ငါးမန်းတောင်များရောင်းချမှု ပိတ်ပင်**
(စင်ကာပူ၊ ဇန်န၀ါရီ ၆)
စင်ကာပူနိုင်ငံရှိ အကြီးဆုံးစူပါမားကတ်ဖြစ်သည့် ဖဲယားပရိုက်တွင် ငါးမန်းတောင် ရောင်းချမှုကို ပိတ်ပင်မည်ဖြစ်ကြောင်း၊ ထိုသို့ပိတ်ပင်မှုကို လာမည့်ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း ဇန်န၀ါရီ ၆ ရက်၌ သတင်းထုတ်ပြန်သည်။ ထိုသို့မရောင်းချခြင်းမှာ ငါးမန်းများဖမ်းဆီးရောင်းဝယ်မှုကို တိုက်ဖျက်သည့်အနေဖြင့် ငါးမန်းထုတ်ကုန်ပစ္စည်းအမျိုးအစားပေါင်း ၂၃၀ ကျော်ကို စူပါမားကတ်ကြီး၌ ရောင်းချခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းစူပါမားကတ်ပိုင်ရှင်စီကန်ပန်က ပြောကြားသည်။ ငါးမန်းတောင်များ ရောင်းချမှု မပြုလုပ်ခြင်းကြောင့် စူပါမားကတ်၏ ရောင်းဝယ်မှုနှင့် အကျိုးအမြတ်ကို မည်သို့မျှ ထိခိုက်စေမည်မဟုတ်ကြောင်း၊ စူပါမားကတ်ဝန်ထမ်းများကိုလည်း အသိပေးထားပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ (အင်တာနက်)

**ဘရာဇီးနိုင်ငံ၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကာတာတစ်ခု ပြိုကျပျက်စီး**
(ရီယိုဒီဂျနေရိုး၊ ဇန်န၀ါရီ ၆)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်ပြီးမိုးသည်းထန်မှုကြောင့် ရေကာတာတစ်ခုပြိုကျခဲ့ရာ အနီးဝန်းကျင်တွင် နေထိုင်သော ဒေသခံ ၄၀၀၀ တို့ နေအိမ်များပျက်စီးခဲ့ရကြောင်း ဇန်န၀ါရီ ၆ ရက်၌ သတင်းထုတ်ပြန်သည်။ တမ်ပို့စ်အမည်ရှိရေကာတာမှာ မူရီအီမြစ်ရေကိုထိန်းသိမ်းရန် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း မိုးသည်းထန်ပြီးရေလွှမ်းမှုနှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုကျခဲ့ခြင်းဖြစ်သည်။ ရေကာတာပြိုကျမှုကြောင့် အနီးဝန်းကျင်ဒေသ၌ ရေလွှမ်းမှုဖြစ်ပေါ်လျက်ရှိရာ ဒေသခံများအား ဘရာဇီးစစ်ဘက်မှ မော်တော်ယာဉ်များဖြင့် တင်ဆောင်ကာ ဘေးကင်းရာသို့ အမြန်ရွှေ့ပြောင်းပေးလျက်ရှိသည်။ ရေလွှမ်းမှုမှာ အမြင်ဆုံးသုံးပေခွဲအထိ မြင့်တက်လျက်ရှိရာ ရီယိုဒီဂျနေရိုးပြည်နယ်ရှိ မြို့ခြောက်မြို့အား ရေလွှမ်းနိုင်မှုသတိပေးချက်ထုတ်ပြန်ထားသည်။ ထို့အတူယင်းပြည်နယ်၏ မြူနီစပါယ်ဒေသ ၇၁ ခုရရှိဒေသခံ ၉၀၀၀ တို့၏ နေအိမ်များလည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့ရကြောင်း မီနက်စ်ဂီရစ်မြို့တွင် သေဆုံးသူ ရှစ်ဦးအထိရှိလာပြီဖြစ်ကြောင်း သတင်း၌ဖော်ပြသည်။ (အင်တာနက်)

**တရုတ်နိုင်ငံရှိ အလုပ်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်၊ သုံးဦးသေဆုံး**
တရုတ်နိုင်ငံ ကျိကျန်းပြည်နယ်တွင် ဇန်န၀ါရီ ၄ ရက်ညပိုင်းးက အလုပ်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားရာ သုံးဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။ အဆိုပါမတော်တဆဖြစ်မှုသည် ယင်းနေ့ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၅၀ ခန့်က နန်ဟူးခရိုင် ဂျာကျင်းမြို့အတွင်းရှိဓာတုစက်ရုံတစ်ရုံးမီးလောင်မှုစတင်ဖြစ်ပေါ်ရာမှ ရေနွေးအိုးတန်ပြန်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့ရှိ မီးသတ်သမားများက ပြောကြားသည်။ (အင်တာနက်)

**ရှေ့အကျဆုံး ဂရိဒင်္ဂါးများ လေလံတင်ရောင်းချ**
ဂရိနိုင်ငံရှေးဟောင်းပစ္စည်း စုဆောင်းထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့က ရှားပါးသော ရှေ့အကျဆုံးဂရိဒင်္ဂါးများကို နယူးယောက်မြို့တွင် ဇန်န၀ါရီ ၁၁ ရက်၌ ပြုလုပ်မည့် လေလံတင်ရောင်းချပွဲတွင် ရောင်းချမည်ဖြစ်ရာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဇန်န၀ါရီ ၆ ရက်က အင်တာနက်သတင်းတစ်ရပ်၌က ဖော်ပြသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - တင်မောင်လွင်၊ မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)