**မန်ယူအသင်းအား နောက်ထပ်သုံးနှစ်ထပ်မံကိုင်တွယ်လိုကြောင်း ဖာဂူဆန်ပြောကြား**
(မန်ချက်စတာ၊ ဇန်န၀ါရီ ၄)
မိမိသည် ပရီးမီးယားလိဂ်ဘောလုံးလောကတွင် အသက်အကြီးဆုံးနည်းပြအဖြစ် ရပ်တည်လိုကြောင်း၊ ယင်းကြောင့် မန်ယူအသင်းအား နောက်ထပ်သုံးနှစ် ထပ်မံကိုင်တွယ်လိုကြောင်း၊ မန်ယူအသင်းသည် မိမိ၏အိမ်ကဲ့သို့ဖြစ်ကြောင်း၊

မိမိ၏အသင်းမှကစားသမားများကိုလည်း မိမိ၏သားသမီးများကဲ့သို့သဘောထားကြောင်း၊ ၄င်းတို့ကလည်း မိမိအပေါ် လေးစားမှုရှိသည့်အတွက် ကျေးဇူးတင်ပါကြောင်း ဖာဂူဆန်က ဖွင့်ဟပြောဆိုခဲ့သည်။ (အင်တာနက်)
**ရိုးမားကွင်းလယ်လူ ဒီရော့စီအား မန်စီးတီးပစ်မှတ်ထား**
(မန်ချက်စတာ၊ ဇန်န၀ါရီ ၄)
မန်စီးတီးနည်းပြ မန်စီနီသည်အသက် (၂၈) နှစ်အရွယ် ဒီရော့စီအားခေါ်ယူရန် ယခင်ကတည်းက ပစ်မှတ်ထားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒီရော့စီ၏ လက်ရှိ ရိုးမားနှင့်ချုပ်ဆိုထားသည့် စာချုပ်မှာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်၍ မန်စီးတီးအသင်းက ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မန်စီနီက ဒီရော့စီမှာ မန်စီးတီးအသင်းနှင့် သင့်လျော်သော ကစားသမားတစ်ဦး ဖြစ်ကြောင်း၊ ၄င်းအား နိုင်ငံတကာပွဲစဉ်သွားရောက်ကစားရမည့် ယာယာတိုရေး၏ နေရာတွင် အစားထိုးရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော်လည်း မန်စီးတီးအသင်းသည် ၄င်းတို့၏တိုက်စစ်မှူး ကာလို့တိဗက်ဇ်ကို ရောင်းထုတ်ပြီးမှသာ ၄င်းအားခေါ်ယူနိုင်ဖွယ်ရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ဟိန်းထက်လင်း

No comments:
Post a Comment