ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 6, 2012

ဘကြီးအောင် ညာတယ်

>
အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ဝါး ..
ဟု အားရပါးရ ဆူညံစွာ အော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။

၎င်းတို့ ကျောင်းဘက် တင်းချလယ်တစ်ခွက်လောက်အကွာတွင် ချည်လုံချည်ကို ပြာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့် တစ်လှမ်းချင်းလှမ်းလာနေသော မောင်ချစ်သည် ဧဝံမေသုတံ ဧကံ သမယံ ဟု တတွတ်တွတ် ရွတ်လျက်ရှိ၏။
ဆေးတစ်အိုးကျွမ်းလောက်အကြာတွင် အရှေ့သို့လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာကနေဖျင်းထဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေသည်။ မိမိသည်လည်း အကြောင်းကိုသိလိုသောကြောင့် ပြေးလွှားတိုးဝင်ကြည့်ရှုလေ၏။

ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက်ရှိသည်။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ
နွဲ့နှောင်းဖြူဖွေး ချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဖိုးစ၊ ဖိုးလှ တို့တစ်စု ထပြန်သွားလေ၏။
မောင်ချစ်ကား မြေကြီးပေါ်တွင်ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသားကြည့်လျက်ပင် ရှိသေး၏။

“ ဘကြီးအောင်၊ ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲဟင်” ဟု မျက်စိကလေး ပေကလပ်လုပ်၍ မေးလေ၏။ ဆောက်ပုံးနှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်ကိုစမ်းနေသော ဦးအောင်ချာက ‘‘ ငါ့တူလိုချင်လို့လား၊ ငွေတစ်ကျပ်ယူခဲ့ရင် ဘကြီးပေးမယ်၊ သိလား ” ဟု အမှတ်မဲ့ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်း ခေါင်းကုတ်လျက် ‘‘ ငွေတစ်ကျပ်ဆိုတာ ဘယ်နှပြားလဲ ဘကြီးအောင်ရဲ့ ” ဟုမေးပြန်လေ၏။ ပန်းပုဆရာကြီးလည်း ဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကို ထောင်ပြလျက် ‘‘ ဆယ်ပြား၊ ဆယ်ပြား၊ ခြောက်ခါ၊ နောက်ပြီးတော့ လေးပြားထည့်၊ ပေါင်းခြောက်ဆယ့်နဲ့လေးပြား။ အဲသည့်လောက်ကို တစ်ကျပ်ခေါ်တယ်၊ ကြားလား ” ဟု ကလေးသူငယ်များကို ချစ်ခင်သောဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။ ‘‘ ၆၄ ပြားပေးရင် ကျွန်တော်ဒီအရုပ်ကလေးကို တကယ်ပဲရမလား။ နောက်တော့မညာနဲ့နော် ဘကြီးအောင် ” ဟုပြောရင်း ယောင်ဆံမြိတ်ကလေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။
မောင်ချစ်သည် နေ့လယ်ချိန်ကျောင်းတွင် မုန့်ဝယ်စားဖို့ မိခင်ကပေးလိုက်သော တစ်ပြား၊ တစ်ပြားသောအသပြာကို မသုံးရက် မစွဲရက်ပဲ အင်္ကျီသင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တစ်ထွာမျှကျယ်သော မိမိဝမ်းခေါင်းသမုဒ္ဒရာအတွက်မူကား နေ့ဆွမ်းစားကုလားတက်ခေါက်တွင် ဘုန်းတော်ကြီးဦးခေမာဝေသော ငှက်ပျောသီးတစ်လုံးနှင့် ကျေနပ်ဖူလုံလျက်ရှိသည်။

ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တစ်ခြား သားနားကြော့ရှင်း၍လာ၏။ သွားကလေးများ ပြုံးလိုက်ရန် ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသောညအချိန်တွင်ပင်လည်း မောင်ချစ်၏ မျက်လုံးတွင်းမှမထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ်ပွားလေဖြစ်ရကား တစ်နေ့မှ တစ်ပြားတစ်ပြား စုရသည်ကို အလွန်ဖင့်လေး ကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုသ်နေ့များကိုပင် စာသင်ရက်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်းက ဘယ်နည်းနှင့် ပိုက်ဆံရအောင် ကြိုးစားရပါမည်နည်းဟု ကြံစည်ပြန်၏။

ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။ မောင်ချစ်သည် အကိုကြီးကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှယူ၍ ညဉ့်နက်သန်းခေါင်မရှောင်၊ မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီးဖိုးတေက အနိုင်ကျင့်၍ မပေးပဲထားခဲ့သော အကြွေးတစ်ပြားအတွက် တွေးမိတိုင်း ဆွေးမိ၏။

တစ်ဆယ့်နှစ်ပြားမျှ ရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆန့်ပြီဖြစ်၍ နှစ်ဖက်ပိတ် ကြသောင်းဝါးတစ်ဆစ်တွင် ထိပ်ကအပေါက်ဖောက်ကာ ဝေလခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်း စသော တံဆိပ်အမျိုးမျိုးခတ်နှိပ်ထားသည့် ကြေးပြား ၁၂ ပြားတိတိကို သွင်းလှောင်သိုမှီးထားလေ၏။ နှစ်ဆန်းတစ်ရက်နေ့တွင် ဒွေးလေးညို ချစ်စနိုး၍ပေးသော၊ သူငယ်ဖော်မောင်ထွေးကအလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ် မလဲရက်ပဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့် ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်အတွင်းသို့ သွတ်သွင်းလိုက်လေသည်။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကျောတွင် စူးဖြင့်ခြစ်၍ မှတ်ထားလေ၏။ ပဲဟင်းချက်တဲ့နေ့ကတစ်ပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေ့က တစ်ပြား စသဖြင့် လက်ချောင်းကလေးများကို ချိုးကာချိုးကာ ပိုက်ဆံစာရင်းတွက်ရစစ်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်တွင် ဝှက်ထားရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဗူးနေရာ ကျိတ်ပြောင်းရသည်မှာလည်း အမောပင်ဖြစ်၏။ အရုပ်ကလေးကို ရလာလျှင် ထည့်ထားဖို့ရာ ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင်မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။
ဈေးသည်ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့တထောင်းထောင်းနှင့် ကောက်ဦးငချိတ်ပေါင်းကို မြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ဝယ်မှရသော သွားရည်စာတို့ကို သပိတ်မှောက်လေ၏။
သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘာဝ အများနည်းတူ ကစားလိုပါသော်လည်း မိမိတွင်ရှိရင်းစွဲ စည်ပတ်သံခွေအဟောင်းကြီးကို ကျောက်ဝိုင်းပတ်လည်တွင် လှည့်ပတ်လျက် တစ်ယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။ သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျက် စုဆောင်းလာခဲ့ရာ ၃၄ ပြား စုမိသောနေ့သို့ ရောက်လာလေသတည်း။

ညနေလေးနာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏နှလုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး “အာမ” .. ဆိုမိလျှင်ပင်… “ဘန္တေ” ကိုမစောင့်နိုင်ပဲ ထ၍ပြေးလေရာ အစောင့်ကိုရင်ကြီးတစ်ပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ၊ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသော်လည်း နာရမှန်းမသိ၊ ဦးအောင်ချာကနဖျင်းနားရောက်သောအခါ အတင်းတိုးဝင်သွားလေ၏။ ဖော့ဦးထုပ်ကိုဆောင်း၊ ဘောင်းဘီအပြာကိုဝတ်လျက် ကွပ်ပျစ်ထက်တွင် အခံ့သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ်ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတစ်ယောက်ကို မြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသော စကားကို ကြားမိလေတော့၏။

‘‘ ဘယ့်နဲ့လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့ အဖိုးနဲ့ ပေးလိုက်မယ်မဟုတ်လား။ ခင်ဗျားတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့ တန်တဲ့အိမ် တစ်အိမ်မှ မရှိပါဘူး၊ ဝယ်နိုင်မယ့်လူလည်း ရှိမှာ မဟုတ်ဘူး”

‘‘ မှန်ပါ၊ ဝန်ထောက်မင်းတို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသပ်အမွှန်းတင်ဖို့ လေးငါးရက်လောက်ဆိုင်းစေချင်ပါတယ်။ ပြီးလျှင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကို လာပြီးပို့ပါ့မယ်”
မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ ကျောခိုင်းနေသော ဆင်စွယ်ဒေဝီကလေးအား နောက်ဆုံးကြည့်ကြည့်လျက် ထွက်လာလေ၏။ လမ်းကြားငယ်တစ်ခုအတွင်းမှ ‘‘ဟိုကောင်ကလေး ညိုတိုတို၊ တို့ကိုကြိုက်လို့ငို၊ နင်ငိုပေမယ့် အလကား၊ တို့အမေက မပေးစား” ဟုထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအား နှလုံးပွားဖွယ်ပင်ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓားနှင့် မြွှင်းလိုက်လေတော့သတည်း။
၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင် တစ်ဘက်ကိုယ်စီတင်ထားသော မိန်းမကြီးတစ်စုနှင့် ယောက်ျားကြီးတစ်ယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သော ခြံကလေးအတွင်းသို့ ဝင်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့က ခွေးကတက်ကို တက်မိလျှင်ပင် ထိုင်ဖုံနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့်ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏ ခြေစုံကို ပြေးဖက်လျက် ‘‘အမယ်လေး ကိုရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပုံတွေ မြင်ဝံ့သေးရဲ့လားရှင့်၊ မောင်ချစ်ရေ၊ အမေ့သားကြီးရဲ့၊ အမေလိုက်ခဲ့မယ်ကွဲ့နော်၊ ဟီးဟီး” ဟု ဟစ်အော်ပြောဆို ငိုကြွေးမြည်တမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက်ထိုင်နေသော မောင်ချစ်၏ဖခင်အား ‘‘ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့၊ ကိုရင်လည်းမြို့တက်သွားတာ ၁၄-၅ ရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခုပြန်ရောက်ရောက်ချင်းပဲ အိမ်မှာထိုင်တောင် မထိုင်ခဲ့ဘဲ ပြေးလာခဲ့တာပဲကွဲ့” ဟုပြောလေ၏။ “ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လည်း မပြောတတ်ပါဘူး။ တမှိုင်မှိုင်တတွေတွေနဲ့ ထမင်းမစား ဟင်းမစား၊ တစ်ခါတစ်လေ သူ့အမေကျွေးလို့ ဆံပြုတ်ကလေးတစ်ဇွန်းလောက် ဝင်သွားပေမဲ့ ချက်ချင်း အန်ပစ်လိုက်တာပဲ။
ထိုမျှကိုကြားရလျှင်ပင် မောင်ချစ်၏ အသဲနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ် ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ဝန်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ဝံ့ရဲပါအံ့နည်း။ ခါးကြားကခြောက်လုံးပြူးသေနတ်သည်လည်း ပယောဂဆိုလို့ ဆရာသြ ခေါ်ပြတာလဲ ဘာမှမထူးခြားပါဘူး။ ကလေးကို ညှဉ်းဆဲသလိုသာ ဖြစ်နေတာပဲ၊ မေးလို့လည်း မပြောဘူး၊ မနေ့ညကတော့ သူ့အမေကိုခေါ်ပြီး သူစုထားတဲ့ ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်အား လှူလိုက်ပါလို့ မှာပြီး ကိုရင်အောင့်ကို မေးတော့တာပဲ။ မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမှမပြောဘဲမောနေပြီး၊ ဘကြီးအောင်ညာတယ် လို့ မပီတပီပြောရင်း အသက်ပျောက်သွားတာပဲ” ဟုပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းကိုရိပ်မိသောအခါ မျက်နှာညှိုးငယ်သွားလေတော့သတည်း။

ယခုအခါတွင်ကား ရွာကလေးအနောက်ဖက် နွားစားကျက်အနီး ထိန်ပင်ကြီးတောင်ယွန်းယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးတည်းသော အုတ်ဂူကလေးတစ်ခုကို တွေ့နိုင်ပါသည်။ အချစ်ဂူဟူ၍၄င်း၊ မောင်ချစ်ဂူဟူ၍၄င်း အမည်နှစ်မျိုးဖြင့်ခေါ်ကြရာ မည်သည်ကို အမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာလိုဏ်ပေါက်ကလေးထဲတွင် ကျွဲကျောင်းသား နွားကျောင်းသားတို့၏လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝအင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ဘိုးအေအား မေးမြန်းကြည့်ရာ လွန်ခဲ့သောသုံးနှစ်လောက်က ပျံတော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာ သိရပါသတည်း။

**မင်းသုဝဏ်**
တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်း
ဖေဖော်ဝါရီ ၁၉၃၂။

--
Posted By လူဗိုလ်..

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)