ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, January 7, 2012

မလွှဲသာမရှောင်သာ

>

သီသီ့ကို သိဂီ င်္တို့ လင်မယား ဒီရပ်ကွက်ထဲ ပြောင်းလာပြီး ၃နှစ်လောက်နေမှ သိခဲ့ရတာပါ။

သိဂီ င်္တို့အိမ်မှာက လင်ကိုယ်မယားနှစ်ယောက်နဲ့ သိဂီ င်္ရဲ့ယောကျာ်း ကိုသီဟရဲ့ အမေနဲ့ပါမှ မိသားစု သုံးယောက်ထဲရှိတာပါ။ လင်မယား နှစ်ယောက်လုံး အလုပ်သွားချိန်ဆို အိမ်မှာ အမေ့ကိုထားခဲ့ရတာမျိုးပါ။ ကိုသီဟက ဆရာဝန်ပေါက်စ တစ်ဦးဖြစ်ပြီး သိဂီ င်္ကတော့ ကုမ္မဏီတစ်ခုက စာရင်းကိုင်တစ်ဦးမို့ မိသားစု ချောင်ချောင်လည်လည်ရှိပါတယ်။ လင်မယားနှစ်ယောက် မနက်အိမ်ကထွက်၊ ညနေမှ အိမ်ပြန်နဲ့ ကြာလာတော့ ညည်းငွေ့လာပြီး သူတို့အိမ်အတွက် ဆည်းလည်းလေးတစ်လုံး လိုချင်လာခဲ့ပါတယ်။ ဒီလိုနဲ့ သိဂီ င်္တို့လင်မယား အိမ်ထောင်သက်၂နှစ်မှာ သားသမီးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သီဂီ င်္ကိုယ်ဝန်ဆောင်ချိန်မှာ လင်မယားနှစ်ယောက်လုံး ကလေးအတွက် အရူးအမူး ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သမီးဦးလေး မွေးဖွားပြီးချိန်မှာ ကိုသီဟက သိဂီ င်္ကို အလုပ်ထွက်စေချင်ပြီး အိမ်မှာပဲ သမီးလေးကို စောင့်ရှောက်စေချင်လာပါတယ်။ ဒါပေမယ့် လုပ်သက်တွေ နှမြောတာက တစ်ကြောင်း၊
သိဂီ င်္ရဲ့ စာရင်းကိုင်လစာကလည်း အိမ်ကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးနေတာကြောင့် တစ်ကြောင်း၊ သမီးရဲ့နောင်ရေးအတွက် ငွေစုချင်တာနဲ့ နောက်ဆုံးအလုပ်မထွက်ဖို့ ဆုံးဖြတ်လိုက်မိပါတော့တယ်။

မီးဖွားခွင့်ပြည့်ပြီး ရုံးပြန်တက်ချိန်မှာ နုနယ်တဲ့ သမီးလေးကို အိမ်မှာ ကိုသီဟရဲ့အမေနဲ့ တစ်ယောက်ထဲ ထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အမေက ထိမ်းနိုင်တယ်ထားဦး၊ ကလေးရဲ့ ဝေရာဝိစ္စတွေ စုံစီနဖာတွေကို အမေတစ်ယောက်ထဲ ကလေးအငယ်လေးတစ်ဖက်နဲ့ လုပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါနဲ့ တစ်လမ်းထဲနေ ဒေါ်ခင်မေရဲ့ အကျိုးတော်ဆောင်မှုနဲ့ သိဂီ င်္တို့ မျက်စောင်းထိုး ၀န်ထမ်းအိမ်ရာထဲမှာနေတဲ့ သီသီကို အိမ်အတွက် ခေါ်ယူသုံးခဲ့ရပါတယ်။

သီသီကလည်း သမီးတစ်ယောက်အမေ အိမ်ထောင်နဲ့ပါ။ သူ့ယောကျာ်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်က လက်သမား ခေါင်းဆောင်တစ်ဦးလို့ သိရပြီး နယ်က လုပ်ငန်းခွင်တွေမှာပဲ သွားအလုပ်လုပ်ရတာများပြီး ရံဖန်ရံခါမှသာ ရန်ကုန်ကို ဆင်းလာတာလို့ သိရပါတယ်။ သီသီ့အဖေက အခုနေထိုင်ရာ အလုပ်မှာ အရင်က ညစောင့်ဝန်ထမ်းဟောင်းတစ်ဦးပါ။ ပင်စင်စား ဖြစ်သွားပေမယ့် နားလည်မှုနဲ့ ၀န်ထမ်းအိမ်ရာရဲ့ အစွန်ဆောက်အဦကို တစ်ဖက်ရပ်တဲ ဓနိမိုးသုံးပင်ကာ အိမ်ကလေးတစ်လုံးထိုးလို့ နေခွင့်ရထားပါတယ်။ သီသီ့မှာ အဖေက နေသိပ်မကောင်းပေမယ့် သီသီ့အမေကတော့ ကျန်းမာပါတယ်။ သီသီ့ကို သဘောကျတာတစ်ခုက သူက သေစာရှင်စာသာ တတ်ပေမယ့် သမီးဖြစ်သူကိုတော့ ပညာရအောင် သင်ပေးတာက ချီးကျူးစရာပါ။ ဆင်းရဲနွမ်းပါးပေမယ့် သုတို့မိသားစုကို ကြည့်လိုက်ရင် ကလေးကအစ၊ သူ့အလယ်၊ မိဘနှစ်ပါးအဆုံး မရှိရှိတာလေးဝတ်ပြီး သပ်ရပ်စွာ နေထိုင်တတ်တာကိုပါဘဲ။ သီသီ့တို့သားအမိဆိုရင် ဘယ်အချိန်ကြည့်ကြည့် တစ်ပတ်နွမ်းအိကျီ င်္အသန့်လေးနဲ့ မျက်နှာမှာ သနပ်ခါး အဖွေးသားနဲ့ပါ။

သီသီ့ကို သိဂီ င်္က သမီးအတွက် အိမ်မှာအကူခေါ်ခိုင်းဖို့ ဆွေးနွေးလေတော့ သူက သူ..အိမ်အလုပ် လုပ်မယ်၊ ကလေးကိုဂရုစိုက်မယ်။ ဒါပေမယ့် ညမအိပ်ဘူး၊ ထမင်းမစားဘူး၊ သိဂီ င်္ရုံးက ပြန်လာရင် သူ့ကို အိမ်ပြန်ခွင့်ပြုရမယ်လို့ တောင်းဆိုလာပါတယ်။ သူ့အိမ်က မျက်စောင်းထိုးလမ်းပေါ်က အိမ်ရာထဲမှာတင်နေတာဆိုတော့ သိဂီ င့်္တို့ လင်မယားဆွေးနွေးပြီးတော့ လစာသတ်မှတ်ပြီး အလုပ်စဆင်းဖို့ သဘောတူလိုက်ပါတယ်။

သီသီက စကားနည်းနည်း၊အသားညိုညို မျက်နှာဝိုင်းဝိုင်း နှာတံလုံးလုံးနဲ့ အရပ်ရှည်သူ၊ ပြောရရင် ရိုးသားတဲ့ မြန်မာစစ်စစ်တစ်ယောက် ရုပ်မျိုးပါ။ လုပ်ရည်ကိုင်ရည်ကတော့ အညံ့ကြီးမဟုတ်သလို၊ အတော်ကြီးလည်း မဟုတ်ပါဘူး။ မှန်တန်းပါဘဲ။ လာဘ်မမြင်ဘူးလို့တောင် ပြောရင်ရပါတယ်။ သူ့ကိုဘယ်လို ထမင်းကျွေးကျွေး မစားပါဘူး။ ဇွတ်အတင်း အိမ်ကိုယူသွားဆို ထည့်ပေးရင်တော့ ယူသွားတတ်ပါတယ်။ သူ့မှာ သိဂီ င်္ တို့ တစ်အိမ်လုံး ချီးမွမ်းရဆုံးအချက်ကတော့ သိဂီ င်္တို့ရဲ့ သမီးလေးကို ဂရုစိုက်ယုယလွန်းတာပါဘဲ။ သိဂီ င်္တို့ကလည်း သမီးလေးအတွက် ဦးစားပေး ခေါ်ခဲ့တာ ဆိုတော့ ကျန်တဲ့ကိစ္စတွေအတွက် သီသီ့ရဲ့ အားနည်းချက်တွေကို ခွင့်လွှတ်နိုင်ခဲ့ပါတယ်။

သမီးလေးဟာ လေးဘက်သွားကနေ အခါလည်ကျော်လာလို့ စကားတွေတီတီတာတာနဲ့ ပြောတတ်လာခဲ့ပါတယ်။ သမီးလေးနဲ့ပတ်သက်သမျှဟာ သီသီ့လက်၊ သီသီခြေဖြစ်ခဲ့ရပါပြီ။ သီသီကလည်း သမီးလေးအပေါ် သံယောဇဉ်တွယ်လာခဲ့ပြီး သမီးလေးကလည်း “သီ ” “သီ” နဲ့ အပျောက်မခံချင်တော့ပါဘူး။ သီသီတို့မိသားစုနဲ့ သိဂီ င်္တို့ မိသားစုရဲ့ကြားမှာ ရင်းနှီးမှုကလည်း ထုထည်နဲ့ရှိလာပါတယ်။ သီသီဟာ သိဂီ င်္တို့ရဲ့ မိသားစုဝင်တစ်ပိုင်းလို့တောင် ပြောလို့ရတဲ့ အခြေအနေအထိ ယုံကြည်မှု၊ စိတ်ချမှုတွေ ရှိလာခဲ့ရပါပြီ။ သီသီ့မှာ သိဂီ င်္တို့ မိသားစုအတွက် အလုပ်ချိန်ဆိုတာ မရှိတော့ပါဘူး။ သိဂီ င်္တို့ဘက်ကလည်း သီသီ့သမီးလေးကို ကျောင်းစရိတ်ကအစ တာဝန်ယူပေးတဲ့အထိ စောင့်ရှောက်ခဲ့ပါတယ်။ ကိုသီဟ မေမေ တရားရိပ်သာဝင်တဲ့ အချိန်မျိုးမှာ သီသီ့ကို အိမ်သော့တစ်ချောင်းနဲ့ ထားခဲ့လို့ရတဲ့အထိ ယုံကြည်မှုတွေ ရလာခဲ့ရပါတယ်။ ဒီလိုရင်းနှီးမှုတွေ နှစ်ရှည်လများ ကြာလာရပေမယ့် သီသီက စည်းကမ်းရှိတယ်။ အိမ်မှာ ထမင်းကျွေးလို့မရသေး။ အ၀တ်လျှော်ရင်း အိတ်ကပ်ထဲက ပိုက်ဆံတွေ တွေ့ရင်ပေးမြဲ။ သူကလွဲလို့ သူ့မိသားစုကို ဘယ်သူမှ သိဂီ င်္တို့ အိမ်ပေါ်မခေါ်ခဲ့။ သိဂီ င်္တို့ လင်မယားကတော့ သီသီလို အိမ်မြဲ တစ်ယောက်ရတာ ၀မ်းသာလို့မဆုံး။

ဒီလိုနဲ့ သမီးလေး မူကြိုတက်တဲ့ အရွယ်တောင်ရောက်လာခဲ့ပါပြီင်္။ သီသီ့သမီးဝါ၀ါနဲ့ သိဂီ င့်္သမီးလေး တောင် အတူတူ ကစားလို့ရနေပြီ။ သီသီ့အိမ်ထောင်ရေး အဆင်မပြေဘူးကြားလာရတယ်။ နယ်က သူကယောကျာ်းက နောက်အိမ်ထောင်ထူတယ်ပြောလာတယ်။ သူ့ဆီအရင်လို ငွေမပို့တော့လို့ ငွေပိုလေးများရအောင် သမီးလေး မူကြိုသွားချိန် တခြားအိမ်တွေမှာ အ၀တ်လျှော်ခွင့်တောင်းလို့ အိမ်ကအလုပ်တွေမထိခိုက်ရင် လုပ်ချေဆို ခွင့်ပြုပေးခဲ့ပါတယ်။ တစ်ခါ တစ်ပါတ်လောက် ခွင့်ပေးပါပြောပြီး ယောကျာ်းနောက်လိုက်သွားလေတယ်။ တစ်လ ကြာသွားတယ်။ ပြန်လာတော့ ယောကျာ်းပါပါလာတယ်။ သိပ်မကြာပါဘူး။ ယောကျာ်းနဲ့ ကွာရှင်းလိုက်ပြီ ပြောလာပါတယ်။ အိမ်ထောင်ရေး အဆင်မပြေတော့ သူ့လည်း တစ်ခါတစ်ခါ စိတ်နဲ့လူ မကပ်ရှာပါဘူး။ ဒီကြားထဲ သူ့အဖေကြီးက မမာဘူးဆိုပြန်တော့ သီသီ့ခမျာ ဒေါင်ချာဆိုင်းနေရှာတာပါဘဲ။ လစာငွေတွေလည်း ကြိုထုတ်ထားတာ တော်တော်များနေပါပြီ။ ဒါပေမယ့် သိဂီ င်္ တို့ ကလည်း စာနာစိတ်နဲ့ သီသီ့ကို တတ်နိုင်သလောက် ဖျောင်းဖျ ကူညီခဲ့ပါတယ်။

တစ်နေ့မှာ……။

ကိုသီဟက ပြုမြဲအတိုင်း အလုပ်မသွားခင် ဘုရားခန်းဝင် ၀တ်ပြုလေတယ်။ ကိုသီဟ ၀တ်ပြုပြီးတော့ သိဂီ င့်္ကို ခေါ်မေးလေတယ်။

“ သိဂီ င်္… ကိုယ်..ဘုရားစင်ဘေးက စိတ်ပုတီးတွေထည့်ထားတဲ့ ကြိမ်ခြင်းတောင်းလေးရဲ့ အောက်မှာ သိမ်းထားတဲ့ တစ်ထောင်တန် အသစ်လေးသုံးရွက်တွေ့မိလား။ ယူသိမ်းမိသေးလား ”

“ မတွေ့ဘူး..။ သိမ်းလည်းမသိမ်းဘူး။ ဘာဖြစ်လို့လဲ ”

“ ကိုယ်က ဘုရားပန်းဝယ်ရင် သုံးရအောင်လို့ ပိုက်ဆံအသစ်လေးတွေ ရှားရှားပါးပါးရလာလို့ မှတ်မှတ်ရရ မနေ့က အဲ့ဒီအောက်မှာ ထားထားတာ။ ဒီမနက်ကြည့်တော့ မတွေ့တော့လို့ ”

အဲ့ဒီအချိန်က ကိုသီဟရဲ့ အမေက တရားရိပ်သာဝင်နေချိန်ဆိုတော့ ဒီငွေသုံးထောင်ကို သူရော၊ သိဂီ င်္ရော မယူရင် ဘယ်လိုပျောက်သွားလည်းလို့ နှစ်ယောက်လုံး စဉ်းစားနေမိကြပြီ။ သိဂီ င်္က..

“ သီသီ ဈေးခနသွားတယ်။ သူများယူလားမသိဘူးနော်။ သူက ဒါမျိုးယူလေ့လည်း မရှိပါဘူး။ သူလာရင် ယူသလားမေးကြည့်လိုက်မယ်လေ ”

“ အဲဒီလိုမေးလိုက်လို့ ကောင်းပါ့မလား။ သူမယူဘူးဆို အားနာစရာနော် ”

“ အင်းနော်..။ သူသာမယူခဲ့ရင် အဲ့လိုမေးလိုက်တာ သူများစိတ်ထိခိုက်သွားမလား။ စွတ်စွဲသလို ဖြစ်သွားရင်လည်း မကောင်းဘူးနော်။ မနေ့ကတော့ ဘုရားပန်းတွေ သူလဲနေသေးတာလေ။ ဘုရားစင်သူရှင်းတာ။ သူတွေ့တော့ တွေ့မယ်ထင်တယ်နော်”

“ ငွေသုံးထောင်လေးနဲ့ ထားလိုက်ပါတော့ကွာ။ လုပ်မနေနဲ့တော့။ အလကား နှစ်ဦးနှစ်ဘက် စိတ်မကောင်းစရာတွေ ဖြစ်နေရလိမ့်မယ် ”

ဒါပေမယ့် စာရင်းသမားတစ်ယောက်ဖြစ်တဲ့ သိဂီ င်္က ဒီလို အလဟဿ ပျောက်သွားတာမျိုးကိုလည်း လက်မခံချင်ပါဘူး။ တစ်ဖက်ကလည်း သီသီကို မထင်ရက်ပြန်ဘူး။ သီသီရဲ့ ရိုးသားမှုကို နှစ်ရှည်လများသိလာတော့ မသေချာပဲ၊ မျက်မြင် ဒိတ္ထမတွေ့ရပဲနဲ့ မရိုးစွတ်ချင်ဘူး။ ဒါနဲ့ ကိုသီဟကို ဒီငွေဘယ်လိုပျောက်တယ်၊ သီသီ တကယ် ယူမယူဆိုတာကို သီသီလည်း မသိအောင် ဖော်နိုင်တဲ့ နည်းလမ်းတစ်ခုကို သီဂီ င်္က ပြောပြတယ်။

ဒါနဲ့ သီသီမနက်ဈေးက ပြန်လာလို့မီးဖိုထဲ ချက်ပြုတ်ဖို့ အလုပ်များနေတုန်း။ သိဂီ င်္က မီးဖိုချောင်နဲ့ကပ်လျှက်က မှန်တင်ခုံမှာ သနပ်ခါးသွေးလို့။ ကိုသီဟက မျက်နှာသုတ်ပုဝါလည်ပင်း ချိတ်ရင်း ရေချိုးခန်းဝင်ကာနီးမှာ …

“ သိဂီ င်္ရေ.. ကိုယ်..ဘုရားစင်ပေါ်က စိတ်ပုတီးခြင်းရဲ့ အောက်မှာ ထားထားတဲ့ ပိုက်ဆံသုံးထောင် မသိမ်းလိုက်နဲ့နော်။ ထီထိုးဖို့ အဓိဋ္ဌာန်ထားတဲ့ ပိုက်ဆံ.. သိလား။ ကိုယ်... သဘက်ခါ ထီထိုးရမယ်။ ဒါကြောင့် ကြိုပြောထားတာ”

“ အင်းပါ.. သိဂီ င်္တွေ့ပါတယ်။ ဘုရားစင်ပေါ်မှာ ပိုက်ဆံတွေတွေ့ထဲက ကို.. တစ်ခုခုလုပ်မယ် ထင်သားဘဲ..”

ကိုသီဟနဲ့ သိဂီ င်္က အတိုင်အဖောက်ညီညီနဲ့ မီးဖိုထဲအထိကြားရအောင် ပြောနေတယ်။ သီသီကလည်း မီးဖိုထဲမှာ သူလုပ်စရာတွေကို ဇယ်ဆက်မတတ် ပုံမှန်အတိုင်း လုပ်နေတာပါဘဲ။ ထုံးစံအတိုင်း အလုပ်သွားဖို့ သီသီ့ကို အိမ်မှာထားလို့ လင်မယားနှစ်ယောက် အိမ်ကနေ ထွက်လာခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ စိတ်ထဲမှာ အစောဆုံး ဒီညနေတော့ တစ်ခုခု ထူးခြားလိမ့်မယ်လို့ တွက်ထားလိုက်တယ်။ တစ်ချိန်ထဲမှာပဲ ဒီငွေယူတာ ဘယ်သူလည်းဆိုတာ သိလာခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်ကလည်း နှစ်ယောက်လုံးရင်ထဲ တပြိုင်နက်ထဲ ရှိနေကြတယ်။

ဒီလိုနဲ့ ညနေ သိဂီ င်္တို့လင်မယား အိမ်ပြန်ရောက်လို့ သီသီတစ်ယောက်နှုတ်ဆက်ပြီး သူ့အိမ်ကို ပြန်သွားချိန်မှာ “ မဟုတ်ပါစေနဲ့ ” လို့ စိတ်ထဲက ဆုတောင်းမိကြပြီး ဘုရားခန်းထဲကို စိတ်လှုပ်ရှားစွာ ၀င်ကြည့်လိုက်ကြတယ်။ ဘုရားစင်ပေါ်က စိတ်ပုတီးခြင်းလေးရဲ့ အောက်မှာတော့ ပျောက်ဆုံးနေတဲ့ ငွေသုံးထောင်။ ဒါပေမယ့် မူလကလို အသစ်မဟုတ်ပဲ နွမ်းဖတ် နေတဲ့၊ စုတ်ပြဲနေတဲ့ နေရာကို ဆယ်လိုတိပ်နဲ့ ကပ်ထားတဲ့ ငွေစက္ကူ တစ်ထောင်တန်အနွမ်းလေး သုံးရွက်။ သူတို့လင်မယားနှစ်ယောက် တစ်ယောက်ရဲ့ မျက်နှာကို တစ်ယောက် ၀မ်းနည်းစွာ ကြည့်နေမိတော့တယ်။ မျှော်လင့်ပြီးသားဖြစ်ပေမယ့် တကယ်တန်း သိလိုက်ရ ချိန်မှာတော့ အနှစ်နှစ်အလလ လက်တွဲခဲ့ရတဲ့ လူကောင်းတစ်ယောက် လက်လွှတ်လိုက် ရတော့မယ်လို့ နှမြောတသဖြစ်သွားမိရပါတယ်။

တကယ်တမ်းက သီသီဟာ မနက်က သိဂီ င်္တို့လင်မယားရဲ့ ပြောနေတာကို သိလို့၊ ကြားလို့ ငွေသုံးထောင်ကို အချိန်မှီ ဘုရားစင်ပေါ်မှာ ပြန်ထားလိုက်တာ မဟုတ်ရပါဘဲ ဒီငွေသုံးထောင်ကို သူ့သမီးလေး ဆေးခန်းပြဖို့ အရေးပေါ်လိုလာလို့ သိဂီ င်္တို့ ရုံးသွားနေတုန်း ကြံရာမရစိတ်နဲ့ ခဏယူသုံးတာဖြစ်ပြီး ဒီနေ့ကျမှ နေ့ပြန်တိုးနဲ့ ချေးငှါးပြီး မူလနေရာမှာ ပြန်ထားပေးထားရတာပါ။ ဒီငွေလေးကို သိဂီ င်္တို့ မသိအောင် တစ်နေ့တာ ခဏယူသုံးမိလိုက်လို့ မလုံတဲ့ လိပ်ပြာနဲ့ မနေ့ညက တစ်ညလုံး မိုးစင်စင်လင်းတဲ့အထိ သီသီတစ်ယောက် အိပ်မရခဲ့ပါဘူး။ အခုလို ငွေသုံးထောင်ကို ပြန်ထားပြီးပြီးဆိုမှ သူ့စိတ်တွေ လုံးလုံးအေးသွားရတဲ့ သီသီရဲ့ ဒီအဖြစ်တွေကို သိဂီ င်္တို့ လင်မယား သိရှိသွားခွင့် မရနိုင်တော့သလို ဒီထက် ပိုပြီး ၀မ်းနည်းစရာကောင်းတာက သိဂီ င်္တို့ လင်မယား သူ့အပေါ်မှာ ဘယ်လို ထင်မြင်သွား တယ်ဆိုတာကို သီသီတစ်ယောက်လည်း သိခွင့်မရရှာ တော့ပါ။

( နောက်ဆက်တွဲ ...)

အွန်လိုင်းပေါ်တွင်...

Me: ချောစုရေ.. တို့ ဒီနေ့ ပို့စ်အသစ်တက်မယ်..။

ချောစု : ရေးလှချည်လား တို့အစ်မ..။

Me: ကိုယ်တွေ့လေးလေ..။ နာမည်ကိုတော့ " မလွှဲသာမရှောင်သာ ".. လို့ပေးထားတယ်။

ချောစု : အစ်မပြောတာနဲ့ပဲ စိတ်ဝင်စားပြီး ဖတ်ချင်လာပြီ..။

Me: တွဲထည့်မယ့် ပုံရှာနေတုန်း။ လောလောဆည်ဖတ်ချင်ရင် အမြည်းပေးမယ်။ ဒီ Gtalk ကနေပဲ ဖတ်ကြည့်။

ချောစု : ဟုတ်ကဲ့..အစ်မ.. ဖတ်ပြီးပြီ..။ သူကအဲ့လို တကယ်လုပ်သွားတာလားဟင်..။

Me :အင်း..။ ဟုတ်တယ်။ သီသီ့ကို အစ်မတို့..ဘာမှမပြောခဲ့ဘူး..။ သူက အစ်မ..တို့သိသွားတာလည်း မရိပ်မိဘူး။ အစ်မလည်း သူ့လုပ်ရပ်ကြောင့် တော်တော် စိတ်မကောင်းဖြစ်သွားမိတယ်။ သူက အိမ်မှာ ၅လလောက်ဆက်လုပ်သေးတယ်..။

ချောစု : အစ်မတို့က ဆက်လက်ခံထားတာပေါ့ ။

Me : အင်း..။ သူက ကုသိုလ်လေး ကောင်းတယ် ။ သူ့မိဘကို..သူ့သမီးကို ဂရုစိုက်တာဝန်ကျေတယ် ။ ပညာမတတ်ဘာမတတ်ပေမယ့် မိဘကို စောင့်ရှောက်တော့ အဆင်ပြေတယ်လေ..။ သူက အခု မလေးရှားမှာ။

ချောစု: ဟင်.. တယ်ဟုတ်ပါလား..။

Me: ဟုတ်တယ်..။ မြန်မာတယောက်ဖွင့်ထားတဲ့ အလှပြင်ဆိုင်မှာ ဆိုင်သန့်ရှင်းရေးတာဝန်နဲ့ အလုပ်လုပ်နေတယ်လေ။ သူ့သမီးလေးကလေ အစ်မသမီးလေးနဲ့ ကစားဘက်ပေါ့ ။ သမီးလေးဆီ သီသီက မလေးရှားကနေ မကြာမကြာ ဖုန်းဆက်တယ် ။ သူ့ဓာတ်ပုံတွေ သမီးလေး ကြည့်ဖို့အတွက်ဆို ပို့ပေးတယ် ။ သမီးလေးကို သူက အရမ်း ချစ်တယ်လေ။ သူ့သမီးလေးကလည်း ယဉ်ကျေးတယ်။

ချောစု : ဟုတ်ကဲ့အစ်မ..။ အစ်မ.. ညီမသိချင်တာက သူက ပိုက်ဆံတကယ်ယူပြီး တကယ်လဲ ပြန်ထားတယ်ပေါ့..။

Me : အင်းလေ..။

ချောစု : ပြီးတော့ သူ့သမီးဆေးခန်းပြဖို့ဆိုတာ တကယ်ဟုတ်လို့လား..။ ဆေးခန်းပြဖို့ဆိုတာကို အစ်မတို့ ဘယ်လိုပြန်သိတာလဲ ? နောက်.. ပိုက်ဆံ ချေးပြီး ပြန်ထားတယ်ဆိုတာကရော..ဘယ်လိုပြန်သိလဲ..?

Me : သူ.. ဒီငွေကို ဘာအတွက်ယူသလဲဆိုတာ အခုအချိန်အထိ အစ်မ မသိခဲ့ရပါဘူး..။

ချောစု : အင်း.. သဘောပေါက်သလို ရှိလာပြီ..။

Me : အစ်မ..က သူ့ကလေး ဆေးခန်းသွားပြဖို့..၊ နောက် ပိုက်ဆံချေးပြီး ပြန်ထည့်တယ်လို့ စိတ်ကူးယဉ်ပြီး ပြင်ရေးလိုက်တာလေ..။ စိတ်ကူးယဉ် တယ်ဆိုပေမယ့် အစ်မက သူ့မှာ အဲ့ဒီလို အကြောင်းတွေများ ရှိနေနိုင်လို့ ဒီငွေကို ယူတာများလားဆို တွေးမိပြီး ရေးလိုက်တာလေ..။

ချောစု: အစ်မဟာ အစ်မ ပြင်ပြီး ဖြည့်လိုက်တာပေါ့။ အင်း..တို့အစ်မက အဲ့လို ဖြစ်စေချင်နေတာ..။ သိပြီ..။ တကယ်လို့ အဲ့ဒီလိုသာဆို ခွင့်လွှတ် နိုင်မယ်ပေါ့..။

Me : အင်း .....။

ချောစု : သူက ငွေတော့ပြန်ထားတယ်ပေါ့..။

Me : ဟုတ်တယ်..။ သူက အစ်မတို့ ကြားအောင်ပြောတာကို ကြားသွားတာ ချောစုရဲ့။ ကြားပြီး ငွေကိုပြန်ထားတာ လေ..။

ချောစု : အင်း.. သိပြီ..။ အစ်မကသူယူတယ်ဆိုတာကို ဒီလိုနည်းနဲ့ ဖော်ထုတ်ဖို့ ဘယ်လိုအကြံရသွားလဲ..။

Me : အင်း.... အစ်မလည်း အဲ့ဒါကို အမြဲတွေးမိတယ်။ ငါဘာလို့ ဒီတိုင်းမထားခဲ့ပဲ ဒီလို ဖော်ထုတ်မိတာပါလည်းလို့လေ..။ တကယ်က မသိအောင်ယူတာပဲ။ ပထမရေးတုန်းက အမှန်အတိုင်းရေးထားတာ ချောစုရ..။ ရေးရင်းနဲ့ သူ့ကို သတိရလာတယ်..။ သူ့အပေါ် အမှန်အတိုင်း မရေးရက်တော့ဘူး။ ဒါနဲ့ သူ့ကိုထွက်ပေါက်ပေးပြီး ဇာတ်ကိုချိုးချလိုက်တာ..။ ဇာတ်ကို ပြန်ပြင်လိုက်တယ်..။ ဒီပို့စ်ရေးတာ မနက် ၃နာရီထိုးရော ချောစုရေ..။ သူ့ကိုလည်း စာရေးတဲ့တလျှောက်လုံး သတိတွေရနေမိတယ်..။

ချောစု : အစ်မသူ့ကို အလုပ်ထုတ်လိုက်သလားဆိုတာ မပြောသေးဘူးနော်..။

Me : အစ်မ မထုတ်ပါဘူး..။ သူ့ဟာသူ ထွက်ပါရစေဆို ခွင့်တောင်းတာနဲ့ မတားတော့ပဲ နောက်ဆုံးတော့... လွှတ်ပေးလိုက်တာပါ..။

ချောစု : အစ်မ..ပုံရှာလို့ရရင် အမြန်တင်လိုက်တော့နော်။ ဖတ်ချင်ပြီ။

............................................................................................................................................................................................

တစ်ခါတစ်ရံမှာ ပြောစရာရှိတာတွေ၊ ပြောသင့်တာတွေကို အချိန်မဆိုင်း ဖွင့်ပြောမှဖြစ်မယ့် အခြေအနေမျိုးရှိပေမယ့်၊ တစ်ခါတစ်ခါမှာတော့ ပြောရခက်အောင် နှုတ်ဆွံ့အစေတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီအခြေအနေတွေကပဲ အဖြစ်အပျက်တွေကို တစ်မဟုတ်ချင်း ပြောင်းလဲသွားစေပြီး ရှင်းပြခွင့်၊ ဖြေရှင်းခွင့်တွေ ပါးလျှတဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်ပြန်တယ်။

**Mya Thway Ni**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)