လောင်ကျွမ်းပြီးသား ကမ္ဘာမြေကြီးကို..
ထပ်ပြီး ပြာချနေတာ ...ဘယ်သူလဲ ..။
ကိုယ့်အရှက်နဲ့ကိုယ်၊
ကိုယ့်အသက်နဲ့ကိုယ် ..
ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘူးဆိုရင်လည်း၊
သူ့ဘာသာသူနေတဲ့
ဧပရယ် နေပူပူမှာ ...
လူတွေကို ..သွေးဆူအောင် ...မလုပ်နဲ့။
အနုပညာဈေးဗန်းကြီး ချခင်းပြီး
မီးနင်းပွဲလို ခုန်ဆွခုန်ဆွနဲ့
တဏှာတွေ သားရည်ကျလာအောင် ..မမြှားနဲ့။
Inline image 1
ဒီလိုနေကြမယ်ဆုံးဖြတ်ရင် ...၊
....... နဲ့ ... အာဖရိကတိုက်ရှိတယ်။
ကျန်တာအကုန်ယူသွားလို့ရတယ်၊
အိမ်ခေါင်းရင်းက ဘုရားဆင်းတုနဲ့ နိုင်ငံသားစိစစ်ရေးကတ်တော့ .. ထားခဲ့။
နောက်ဆုံးတော့ ....
ကိုယ်ဖွထားခဲ့တဲ့ အမှိုက်က ..
မြန်မာပြည်ကို လောင်မြှိုက်စေမဲ့ ..
သည်းခြေကြိုက် .. မိုက်ဇာတ်မဖြစ်ဖို့ လိုတာပဲ ..။
ကျန်တာကတော့ ..... .......
ကိုယ်တိုင်တောင် သဂြိုဟ်ခွင့်မရရှာတဲ့၊
ကိုယ့်အပုပ်ကောင်ကြီးရဲ့ ... .....သဘော .....။ ။
နန်းအသင်္ခယာ
လောင်ကျွမ်းပြီးသား ကမ္ဘာမြေကြီးကို..
ထပ်ပြီး ပြာချနေတာ ...ဘယ်သူလဲ ..။
ကိုယ့်အရှက်နဲ့ကိုယ်၊
ကိုယ့်အသက်နဲ့ကိုယ် ..
ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘူးဆိုရင်လည်း၊
သူ့ဘာသာသူနေတဲ့
ဧပရယ် နေပူပူမှာ ...
လူတွေကို ..သွေးဆူအောင် ...မလုပ်နဲ့။
အနုပညာဈေးဗန်းကြီး ချခင်းပြီး
မီးနင်းပွဲလို ခုန်ဆွခုန်ဆွနဲ့
တဏှာတွေ သားရည်ကျလာအောင် ..မမြှားနဲ့။
Inline image 1
ဒီလိုနေကြမယ်ဆုံးဖြတ်ရင် ...၊
....... နဲ့ ... အာဖရိကတိုက်ရှိတယ်။
ကျန်တာအကုန်ယူသွားလို့ရတယ်၊
အိမ်ခေါင်းရင်းက ဘုရားဆင်းတုနဲ့ နိုင်ငံသားစိစစ်ရေးကတ်တော့ .. ထားခဲ့။
နောက်ဆုံးတော့ ....
ကိုယ်ဖွထားခဲ့တဲ့ အမှိုက်က ..
မြန်မာပြည်ကို လောင်မြှိုက်စေမဲ့ ..
သည်းခြေကြိုက် .. မိုက်ဇာတ်မဖြစ်ဖို့ လိုတာပဲ ..။
ကျန်တာကတော့ ..... .......
ကိုယ်တိုင်တောင် သဂြိုဟ်ခွင့်မရရှာတဲ့၊
ကိုယ့်အပုပ်ကောင်ကြီးရဲ့ ... .....သဘော .....။ ။
နန်းအသင်္ခယာ
No comments:
Post a Comment