ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 25, 2012

>
**ဒိုင်လူကြီး ဆုံးဖြတ်ချက် ပြင်းထန်လွန်းတဲ့ပွဲ၊ ပယ်နယ်တီမ၀င်တဲ့ မက်ဆီ၊ ၁၁ ယောက် ၁၀ ယောက်ကစားရပေမယ့် ရုံးရတဲ့ ဘာစီ၊ ဇွဲနဲ့ ရုန်းရင်အရှုံးကနေအနိုင်ဖြစ်တယ်ဆိုတဲ့ ချဲလ်ဆီး** 
 ..........
25-4-2012 *ဒီနေ့ရလဒ်………(ဘာစီလိုနာ ၂ဂိုး - ချဲလ်ဆီး၂ဂိုး) *၂ပွဲပေါင်းရလဒ်…ချဲလ်ဆီး ၃ဂိုး - ဘာစီလိုနာ ၂ဂိုး .........................................................................................
အမေလေးလေး… အိပ်ရေးပျက်ရကျိုးနပ်ပါဘိ။ ထိုင်းနိုင်ငံမှာဆိုတော့ကာ ဒီနေ့မနက်စောစော (၁း၃၀) နာရီမှာ အိပ်ရာကနေ ချန်ပီယံလိဂ်ထကြည့်ရတာပေါ့ဗျာ။ နိုးစက်ပေးထားပေမယ့် ပထမအကျော့ ချဲလ်ဆီးကွင်းမှာတုန်းက ချဲလ်ဆီးက ဘာစီလိုနာကို (၁-၀) ဂိုးနဲ့ ရလဒ်ကောင်းရထားတာ မဟုတ်လား။ ဒါပေမယ့် ဒီအဖြေက ၁ ဂိုးထဲနဲ့ အနိုင်ဆိုတော့ အခုဒုတိယအကျော့ ဘာစီလိုနာအိမ်ကွင်းမှာ (၃-၁)၊ (၂-၀) စသဖြင့် အဖြေထွက်ရင် ဘာစီက နိုင်ပြီလေ။ ဘာစီကို မနိုင်စေချင်လို့ အခုလိုတွက်ဆနေတာမဟုတ်ပါဘူး။ ဘာစီက လောင်းကြေးမှာကိုက “အပေါ်ကြေး” လေ။ အခု ဒုတိယအကျော့ ဆီမီးဖိုင်နယ်မှာက ဘာစီက အိမ်ကွင်းအားသာချက်နဲ့ အပြတ်တွယ်မယ်လို့ပဲ ထင်မှတ်ထားကြတာ မဆန်းပါဘူးလေ။ ဟော…ဒီနေ့ မနက်စောစော (ဥရောပစံချိန်ဆိုရင်တော့ မနေ့ကည မှတ်တယ်) တကယ်တမ်း ကစားကြတဲ့အခါမှာတော့ ချဲလ်ဆီးယာယီနည်းပြ ဒီမက်တီယိုက ခံစစ်ကို သေချာအထိုင်ချပြီး ကစားလေတော့ ဘောလုံးပိုင်ဆိုင်မှုမှာ ဘာစီက(၇၅%)၊ ချဲလ်ဆီးက (၂၅%) အထိ ရှိနေတာသာကြည့်ရော့။ ဘာစီလိုနာက ဘယ်လောက်အထိ ဂိုးသွင်းချင်နေသလဲဆိုရင် ပူယိုးလို ဗဟိုခံစစ်မှူးကတောင် ရှေ့ကိုတက်၊ တက်လာပြီးသူရဲ့ မူလဘူတ တာဝန်ကြီးကိုတောင် မေ့နေလေရဲ့။ ဒီလိုနဲ့ ဘာစီက ၁ဂိုးစရတယ်။ ဆာဂျီယိုက သွင်းယူလိုက်တာပါ။ အဲ…မကြာပါဘူး။ ချဲလ်ဆီးကလည်း ချေပဂိုး ၁ ဂိုးပြန်သွင်းတယ်။ ရာမီရက်စ်က အဖိုးတန်ချေပဂိုးသွင်းလိုက်တာပဲ။ ပထမပိုင်း မိနစ် ၃၀ လောက်မှာ ချဲလ်ဆီးအသင်းပျားတုတ်ပြီး ဒုက္ခရောက်ပြီထင်လိုက်ကြရဲ့။ အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို ကွင်းလယ်ဒိုင်လူကြီးက ကစားတာကြမ်းတယ်ဆိုပြီး တိုက်ရိုက် အနီကတ်ပြ ထုတ်လိုက်တယ်လေ။ (အင်မတန် အာဏာရှင်ဆန်တဲ့ ဒိုင်လူကြီးနော် ပထမသတိပေးချက်ဖြစ်တဲ့ အ၀ါကတ် တောင်မပြပဲ တိုက်ရိုက်အနီကတ်ပြခဲ့တာဗျ။ ကိုင်း…ဒိုင်လူကြီး ဆုံးဖြတ်ချက်က ပြင်းမထန်နေဘူးလား။ ဒီလိုညစ်ပတ်စုတ်ပြတ်နေတဲ့ အာဏာရှင်ဒိုင်လူကြီးတွေရဲ့ အမှားတွေကိုကျတော့ ဘယ်လိုအရေးယူကြမလဲ။ ဒီလိုနဲ့ ဘာစီက ၁၁ ယောက်၊ ချဲလ်ဆီူးက ၁၀ ယောက်နဲ့ ပွဲဟာကြည့်မကောင်းတော့ဘူး၊ တဖက်သတ်ကြီးလို့ ပွဲကြည့်ပရိသတ်က မှတ်လိုက်ကြတယ်။ ကဲ…ဂျွန်တယ်ရီတစ်ယောက်လျော့ ၁၀ ယောက်ထဲနဲ့ ဘာစီ ၁၁ ယောက်ကို ကြံ့ကြံ့ခံခုခံကာကွယ် ကြတာတွေ့ရတယ်။ အဲ့ဒီမြင်ကွင်းက ဘာစီကိုသိပ်ကြိုက်တဲ့ (၀ါ) ဒီနှစ် ချန်ပီယံလိဂ်လည်း အနည်းဆုံး ဒုတိယတော့ရမှာပဲလို့ ယူဆထားတဲ့စာရေးသူ (မိမိ) တို့တောင် ဘာစီကိုအားမပေးကြတော့ဘူး။ ဒိုင်လူကြီးကလည်း အာဏာရှင်စတိုင်နဲ့မဟုတ်လား။ ဒရော့ဘာလိုရှေ့တန်းတိုက်စစ်မှူးစစ်စစ်ကတောင် ပီတာဆက်ခ်ျကာကွယ်နေတဲ့ ဂိုးပေါက် နားကနေရှေ့ကိုမတက်ဘဲ အသည်းအသန်ကာကွယ်နေတာကို မြင်ရတော့မကြာခင်စာချုပ် သက်တမ်းကုန်ဆုံးလို့ ချဲလ်ဆီးကနေလမ်းခွဲရတော့မယ့် ဒရော့ဘာကို ၂၀၁၂ (အခု) နှစ် ချန်ပီယံလိဂ်ဖလားကြီးပိုက်ပြီး တရုတ်ပြည်ရှန်ဟဲကလပ်အသင်းကို သွားနိုင်ပါစေလို့ကြည့်နေ ရင်း မိမိ၊ ဆရာဇော်၊ ကျောင်းသားမောင်အေးမင်းတို့ သုံးဦးသားဆုတောင်းပေးမိကြပါရဲ့။ ဟော…ဘာစီကမက်ဆီပိန္နဲသီးတစ်လုံးအပိုင်ရသွားပြီ။ တစ်ဂိုးတစ်ဂိုးကနေ နှစ်ဂိုးတစ်ဂိုး ဖြစ်မယ်လို့ ရင်တမမစောင့်ကြည့်နေကြရဲ့။ အမေလေးလေး…မက်ဆီရယ်။ ကမ္ဘာကျော် ဘောလုံးစတားတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း အပေါ်တန်းကိုထိပြီးပိန္နဲသီးမရဘူးပေါ့။ ဒီလိုနဲ့ ပထမပိုင်းမှာတင် ဘာစီကွင်းလယ်လူအင်နီယေစတာက တစ်ဂိုးသွင်းတယ်။ အဲမကြာပါဘူး။ ချဲလ်ဆီးရ ရာမီရက်စ်က ချေပဂိုးတစ်ဂိုးပြန်သွင်းပြီး မကြာမီမှာ ပထမပိုင်းပြီးသွားတယ်။ ဒုတိယပိုင်းပြန်စတော့ ချဲလ်ဆီးကရော၊ ဘာစီကပါ လူအပြောင်းအလဲအချို့လုပ်ကြတယ်။ ဂွါဒီယိုလာရော၊ ဒီမက်တီယိုကော စိတ်လှုပ်ရှားနေတဲ့ကြားထဲက ဘာစီကတိုက်စစ်ပြီးရင်း တိုက်စစ်၊ ချဲလ်ဆီးက ခံစစ်ပြီးရင်းခံစစ်နဲ့ ဘောလုံးပိုင်ဆိုင်မှုမှာဘာစီက ၈၀%၊ ချဲလ်ဆီးက ၂၀%အထိ ဖြစ်လာတယ်။ ဒီလိုနဲ့ ပွဲပြီးခါနီး မိနစ် ၂၀ လောက်အလိုမှာ လူစားဝင်လာတဲ့ ချဲလ်ဆီးမှာ ကာလအတန်ကြာ ဂိုးပေါက်ပျောက်နေသူ ဖာနန်ဒိုတောရက်စ်ဟာ ချဲလ်ဆီးရဲ့ မဟာသူရဲကောင်းဖြစ်စေတဲ့ ချေပဂိုးကိုကောင်တာဖမ်းရာကတဆင့် လွတ်ထွက်လာတဲ့ ဘောလုံးကို ဂိုးသမားဗဲလ်ဒက်စ်ကိုပါ လိမ်ခေါက်ပြီး လှလှပပ သွင်းယူခဲ့တယ်။ (ဖာနန်ဒိုတောရက်စ်ဟာ ချဲလ်ဆီးရဲ့ မဟာသူရဲကောင်းဖြစ်စေတဲ့ ချေပဂိုးသွင်းယူ..)
............................................................................... စာရှုသူတို့ရေ… တောရက်စ်ရဲ့ ချေပဂိုးဟာ ၂ဂိုး - ၂ ဂိုး အဖြေထွက်ပေမယ့် ပထမအကျော့အဖြေဖြစ်တဲ့ ၁ဂိုး - ဂိုးမရှိ ကိုပါ ထည့်ပေါင်းပြီး ချဲလ်ဆီးဟာအများအံ့အားသင့်ရလောက်အောင် တစ်ယောက်လျော့နဲ့ ကစားရပေမယ့် နှစ်ပွဲပေါင်း ၃ဂိုး - ၂ဂိုး နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို တက်လှမ်းသွားပါပြီ။ ကျနော်တို့ရဲ့ ယုံကြည်ချက်ပန်းတိုင်ရှိရာဆီကို မရောက်ရောက်အောင် လျှောက်လမ်းကြတဲ့နေရာမှာလည်း ဘာစီလိုနာပမာ အင်အားကြီးမားတဲ့ ကျနော်တို့ရဲ့ ဆန့်ကျင်ဘက်အင်အားစုကြီးနဲ့ အဖက်ဖက်ကစုစည်းရခက်ခဲနေသေးတဲ့ ချဲလ်ဆီးပမာအင်အား စုတို့ နှစ်ဖက်ရင်ဆိုင်ကြတဲ့ နေရာမှာ ကျနော်တို့က စုဖွဲ့ဇုံကောင်းကောင်းတည်ဆောက်ပြီး အဆင့်ဆင့်ဖျက်ထုတ်နိုင်ရင် (လိုအပ်ရင် လိုအပ်သလို တိုက်စစ်မှူး ဒရော့ဘာလိုလူမျိုးကတောင် ဂိုးပေါက်အနားမှာ တဖ၀ါးမှမခွါဘဲ အသေအချာခုခံကာကွယ်ပေး သေးရင်၊ ဇွဲနဲ့ ရုန်းရင်အရှုံးကနေအနိုင်ဖြစ်တယ်ဆိုတဲ့ ချဲလ်ဆီးပမာ) ကျနော်တို့ရဲ့ အားနည်းချိနဲ့နေတဲ့ အစိတ်အပိုင်းတွေမှာတောင်ခံစစ်ကောင်းကောင်း နဲ့ အားကောင်းမောင်းသန်၊ ဇွဲသန်သန် “နိုင်ကိုနိုင်ရမယ်” စိတ်ထားပြင်းပြမှုတွေနဲ့ ရန်သူ (ဆန့်ကျင်ဘက်အင်အားစု) ကို သူနိုင်ကိုယ်နိုင်အကြိတ်အနယ်ယှဉ်ပြိုင်နိုင်ပါကြောင်း မီးမောင်းထိုးပြလိုက်ပါရစေ…။

 **သောင်ရင်းနဂါး**
ထိုင်း-မြန်မာနယ်စပ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)