ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 25, 2012

>
--ပြောမထွက်တဲ့ စကား...
မနက် ရ နာရီခွဲကျော်ကျော်ဘဲ၇ှိသေးသည် ကိုစံရိုးတို့အိမ်မှာ ရန်ဖြစ်နေကြပြီ။ ကိုစံရိုးက အရက်မူးပြီး အိမ်ကိုပြန်လာသည်။ တညလုံးမူးနေတာ ဘယ်နေရာမှာမူးတာလဲတော့ မသိဘူး။ မနက်အစောကြီးမှ အိမ်ကိုပြန်ေ၇ာက်တော့သည်။ တအိမ်လုံးက ကိုစံရိုးကို မကြည်ဖြူကြ။ ကိုစံရိုးမှာ သားသမီး ၃ယောက်ရှိသည်။ အကြီးဆုံးသားသည် ကုမ္မဏီမှ ၀န်ထမ်း။ အလတ်မနှင့် အငယ်မက တက္ကသိုလ်ကျောင်းသူကြီးတွေ။ ကိုစံ၇ိုးက ဓါတ်ဆီတိုင်မှာ ပန့်ကိုင်တဲ့ အလုပ်လုပ်သည်။ ဓါတ်ဆီ ဆိုင်တွေကို ပု၈္ဂလိက လွဲလိုက်တော့ ကိုစံရိုး အလုပ်ပြုတ်တော့သည်။ အလုပ်လက်မဲ့ ဖြစ်နေတာ ၂လလောက်ရှိပြီ။ ၀င်ငွေမရှိတဲ့ ဖခင်ဆိုတော့ အိမ်နှင့် သိပ်ပြီ အဆင်မပြေ။ အရက်သောက်တဲံ အကျင့်ကလည်း ပျောက်လို့မ၇။ ``အဖေ...ခင်ဗျားဗျာ...အရက်သောက်၇င်အိမ်ပြန်မလာနဲ့´´ ``အဖေနော်... သမီးတို့က ၇ှက်တယ်။ အဖေအရက်သောက်နေရင် သမီးတိုနဲ့ မနေနဲ့´´ ``ကိုစံရိုး..ရှင့်မျက်နှာ ကျမ မကြည့်ချင်ဘူး ရှင်က အလုပ်လည်းမရှိ။ ၀င်ငွေလည်းမ၇ှိ။ အရက်ကလည်း သောက်လိုက်သေးတယ်။ ကျမတို့ မိသားစု ကို ဒုက္ခ္ခ္ခ မပေးပါနဲ့´´ ကိုစံရိုးက နာမည်နှင့်လိုက်အောင် ရိုးသည်။ အေးသည်။ ရတဲ့ ၀င်ငွေနှင့် မိသားစုကို လုပ်ကိုင်ကျွေးမွေးသူဖြစ်သည်။ ဒါပေမယ့် အခုတော့ အလုပ်လက်မဲ့ဖြစ်နေပြီ။ သူ့လုပ်အားနှင့် သူ့ချွေးနှင့် သူ့မိသားစုကို ချစ်နေသူဖြစ်သည်။ ခုတော့ တအိမ်လုံးက သူ့ကို မကြည်ဖြူကြ။ မနေ့က ည ကိုစံရိုး ကျနော့အိမ်ကိုေ၇ာက်လာသည်။ ``ကိုစံ၇ိုး...အရက်တွေသောက်နေတယ်ဆို´´ ``ဟုတ်တယ်´´ ``ဘာဖြစ်လို့လဲဗျာ... မနက် မနက်ဆိုရင် ခင်ဗျားတို့ အိမ်က ကျက်သေ၇မရှိဘူး။ အော်ကြ ဟစ်ကြ ငိုကြ ယိုကြနဲ့။´´ ``ကျုပ်က သောက်ချင်လို့ သောက်တာမဟုတ်ဘူး ကျုပ်ကို ကျုပ်သားသမီး တွေက နားမလည်လို့ ကျုပ်မိန်းမက ကျုပ်ကို ကိုယ်ချင်းစာစိတ်မရှိလို့ စိတ်ညစ်ပြီး သောက်တာ အလုပ်ကလည်း ရှာလို့မရဘူး´´ ``ဒီနေ့တော့ ခင်ဗျား မသောက်ပါလားဗျ။´´ ``ဟုတ်တယ် ကျုပ် ခင်ဗျားနဲ့ စကားပြောချင်လို့ မသောက်ဘဲလာခဲ့တာ။ အရက်သောက်ထားတဲ့ ပါးစပ်နဲ့ ပြောရင် ကျုပ်စကားတွေ တန်ဖိုးမဲ့ မှာစိုးလို့ပါ´´ ဒီလိုနှင့် အိမ်ေ၇ှ့က စိန်ပန်းပင်ကြီးအောက်မှာ စကားတွေပြောဖြစ်ကြတော့သည်။ ´´ကျုပ်တို့ ဖခင်တွေက သားသမီးတွေကို ဘယ်တော့မှ ပြောမထွက်တဲ့ စကားရှိတယ်။ ကျုပ်ပြောပြမယ်´´ ကိုစံရိုးပြောတဲ့ စကားတွေက သားသမီးတွေအတွက် မှတ်သားထိုက်သည်။ သူ့ရင်ဘတ်ကြီးနှင့် ရင်းရ်ျ ပြောသည့် စကားများဖြစ်သည်။ သူသည် ၈တန်း မျှသာ ကျောင်းနေဖူးသူဖြစ်သည်။ သို့သော် ဖခင်တယောက်ဋ္ဌ် ခံစားချက်နှင့် မေတ္တာတရားသည် အားလုံးတူတူ ပင်ဖြစ်မည်ဟု ကျနော်ထင်သည်။ သူ့စကားများ ကျနော်ရင်နှင့်အမျှ ခံစားခဲ့ရသည်။ သူပြောတာတွေကို ကျနော် ကတဆင့်ဖောက်သည်ချပြသူသာဖြစ်သည်။ ``သားသမီးတွေအိမ်ပြန်လာတိုင်း ကျုပ်က ဧည့်ခန်းထဲမှာထိုင်နေတယ်။ သူ့အမေကို မမြင်တော့ အမေေ၇ာလို့ မေးကြတယ်။ သူ့အမေငုတ်တုတ်ထိုင်နေတဲ့ အခါကျတော့ အဖေေ၇ာလို့ မမေးကြဘူး ကျုပ်ခံစားရတယ်ဗျာ´´ xxx xxx xxx xxx xxxx ``မတွေးမိကြလို့ပါ။ သားသမီးတွေကကျောင်းလိုက်ပို့ပေးတဲ့ သူတို့အမေကိုတော့ ချစ်လိုက်ကြတာ။ ကျုပ်ကကျောင်းကိုလိုက်မပို့ပေးနိုင်ဘူး...ဒီတော့ သူတို့ကို မချစ်ဘူးလို့ထင်နေကြေ၇ားး ကျုပ်ကလည်း အလုပ်ကို အစောကြီးသွားရတယ်လေ။ ဘယ်လိုလုပ်ပြီး ပို့ချိန်ရမှာလဲ။ ဒီတော့ ကျုပ်ပြောချင်တယ် ။ ဒီမယ်....သားတို့ သမီးတို့ မင်းတို့ကျောင်းသွားဖို့စီးနေတဲ့ စက်ဘီးက ဒီကောင်ကြီး ၀ယ်ပေးတာပါ။ ခက်တယ်ဗျာ။ မကြည့်တတ် မမြင်တတ်တဲ့သူတွေကို ကြည့်တတ်မြင်တတ်အောင်ပြောရတာ ကိုယ်ရည်သွေးသလိုဖြစ်ဖြစ်နေတယ် သူတို့ကို မပြောချင်ဘူးဗျာ။ ´´ xxx xxx xxx xxx xxx ``ဒီမယ် သေချာစဉ်းစားကြည့်ကြစမ်းပါ။ သားသမီးတွေရဲ့ ပါးစပ်ထဲကို ထမ်းခွံ့ကျွေးတဲ့ အမေ။ ထမင်းပန်ကန်ထဲကို ထမ်းခူးပေးတဲ့ အမေ။ မီးဖိုချောင်ထဲက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ အမေ။ သူတို့အမေကိုတော့ သူတို့ချစ်လိုက်ကြတာ။ ချစ်ကြမှာပေါ့ သူတို့အမေ အလုပ်လုပ်နေတာကို မြင်ရတာကိုး။ အဲဒီထမင်းတွေဖြစ်လာဖို့ ကျုပ်တို့ဘယ်လောက်ထိသူတို့ ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့မတွေးမိဘူးဗျ။ ကျုပ်တို့ ဖခင်တွေက ယောကျားသားတွေပါ။ မာနရှိတယ်။ သတ္တိရှိတယ်။ မဟုတ်ရင်မ ခံဘူးဒါပေမယ့် သားကျွေးမှု မယားကျွေးမှု အတွက် ကျုပ်တို့ရဲ့ အလုပ်ရှင်က ကျုပ်တို့အပေါ်မှာ ဘယ်လိုဆက်ဆံ ဆက်ဆံ ဘယ်လို ဗိုလ်ကျကျ သားသမီးတွေရဲ့ မျက်နှာကို ငဲ့ပြီး ယောက်ျားမာနကို ချိုးနှိမ်ခဲ့တယ်။ ယောကျာ်းသတ္တိ ကိုမျိုချထားရတယ်ဗျ။ ကျုပ်လည်း ကျုပ်သားသမီးတွေကို ချစ်တာပေါ့။ သူတို့အမေချစ်တာထက် မလျော့ဘူး ပိုရင်သာပိုမယ်။ ဒါပေမယ့် ကျုပ်တို့လို အဖေတွေရဲ့ အချစ်ကို ဘယ်သားသမီးကမှ မခံစားတတ်ပါဘူးဗျာ´´ xxx xxx xxx xxx xxx ``သားသမီးဆိုတာ ရေချိုးပေးတဲ့ အမေကို သာချစ်တတ်ကြတာပါဗျာ။ စဥ့်အိုးထဲ ရေအပြည့်ထည့်ထမ်းပေးထားတဲ့ ကျုပ်တို့ဖခင်တွေကိုတော့ ချစ်ရကောင်းမှန်းမသိကြပါဘူး။ သူတို့ အမေကလည<်း သင်မပေးဘူးဗျ၊။´´ xxx xxx xxx xxx xxx ``ဒီလိုဘဲ သရက်သီးခူးကျွေးတဲ့သူတို့အမေကိုတော့ ကျေးဇူးတင်လိုက်ကြတာ။ ချစ်လိုက်ကြတာ။ ဒီသရက်ပင်ကို မိုးထဲလေထဲ ရွံ့ထဲ ဗါက်ထဲမှာ အအေးမိခံပြီး စိုက်ပျိုးပေးခဲ့တဲ့ ကျုပ်တို့လို ဖခင်တွေရဲ့ နှလုံးသားကိုတော့ နားမလည်ကြဘူး မမြင်ကြဘူး မြင်တတ်အောင် အမေကလည်း မပြောကြဘူး´´ xxx xxx xxx xxx xxx `` သားသမီးဆိုတာ သူတို့ အမေရဲ့ နို့ဖိုးကိုသာမြင်လွယ်ကြတာပါဗျာ။ ကျုပ်...ချွေးဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ တသက်လုံးစို့နေတဲ့ ချွေးကို နို့လောက်မချိုမြိန်ဘူးလို့ ထင်တတ်ကြတယ်ဗျာ။´´ xxx xxx xxx xxx xxx ``ထီးမိုးပေးတဲ့ အမေ့ရဲ့မေတ္တာကိုတော့ ချက်ချင်းသိတတ်လိုက်ကြတာ။ လုံခြုံနွေးထွေးတဲ့ ဘ၀ကို ဖန်တီးပေးနေတဲ့ ဖခင်တစ်ယောက်၇ဲ့ ချစ်ခြင်းနဲ့ မေတ္တာကိုတော့ မသိကြ၊ မမြင်ကြဘူး။ ၀မ်းနည်းတယ်ဗျာ...´´ xxx xxx xxx xxx xxx ``သားသမီးတွေက ခက်တယ်ဗျ။ သောက်ရေအိုးထဲက ရေအေးအေးကို ခပ်ပြီးတိုက်တဲ့ အမေ့ကို တော့ ချစ်ကြတယ်။ အဲဒီေုသာက်ရေအိုးကို ရေအပြည့် ဖြည့်ပေးထားတာ ကျုပ်တို့ အဖေတွေပါဗျ။ ဒီလို ပြောရမှာရှက်တယ်ဗျာ။ ဘယ်သားသမီးကိုမှ ကျုပ်တို့အဖေတွေက ဒီလိုကြီး မပြောချင်ဘူး´´ xxx xxx xxx xxx ``ပန်းပန်ပေးတဲ့ မိခင်ရဲ့ အချစ်ကို သာ ခံစားတတ်ကြတာပါ။ ပန်းပင်ကို ပျိုးပြီး ပန်းကလေးတွေ ပွင့်လာအောင်ေ၇လောင်းပေါင်းသင်းပေးနေတဲ့ ကျူပ်တို့လို ဖခင်တွေရဲ့ အချစ်ကိုတော့ သူတို့လေးတွေ မခံစားတတ်ကြပါဘူး။ သိစေချင်တယ်ဗျာ´´ xxx xxx xxx xxx ``ဘီယာတစ်ခွက် အရက်တပတ်နဲ့ ကျုပ်ရဲ့ မေတ္တာကို တန်ဖိုးမဲ့သွားအောင် ကျုပ်မိန်းမက သားသမီးတွေကို သွေးထိုးပေးတတ်တယ်ဗျ။ ကျုပ်မှာလည်း အပေါင်း နဲ့ အသင်းနဲ့။ တစ်ခါတလေလည်း အလိုက်အထိုက်ဆိုတာ ရှိတာပေါ့။ ကျုပ်ဘာဘဲလုပ်လုပ် ကျုပ်သားသမီးနဲ့ ကျုပ်မိန်းမအတွက် စဉ်းစားခဲ့တာချည်းပဲ။ သူတို့က ဒါတွေထည့်ပြီး မတွက်ကြပါဘူးဗျာ။ အိမ်ရှင်မ တွေက သူတို့ ပြောချင်တဲ့ သားသမီးတွေကို တိုက်ရိုက်မပြောဘူးဗျ။ သားသမီးတွေကို သွေးထိုးပေးတယ်။ သားသမီးတွေက တဆင့် ပြောခိုင်းတယ်။ ဒီလိုနဲံ သားသမီးတွေက ကျုပ်ကို မုန်းသွားကြေ၇ာ။ မုန်းအောင်သင်ပေးနေတာတော့မဟုတ်ဘူး။ မချစ်တတ်အောင် သင်ပေးသလိုဖြစ်နေတော့တယ် ´´ xxx xxx xxx xxx မိကောင်းဖခင် ``မိကောင်းဖခင်ဆိုတဲ့ စကားကို အိမ်က မိန်းမတွေသဘောပေါက်သင့်တယ်။ မြန်မာစကားက အဓိပ္မါယ်လေးနက်တယ်။ မိကောင်းဖခင်ဆိုတာ အမိကောင်းမှ အဖကို ခင်တယ် လို့ဆိုတယ်။ အဖကို မခင်တွယ်တဲ့ သားသမီးဖြစ်နေရှု အဲဒီသားသမီးရဲ့ မိခင် မကောင်းလို့ပဲ။ အခု ကျုပ်သားသမီးတွေက ကျုပ်ကို ချစ်ရကောင်းမှန်းမသိကြဘူး။ အမိ မကောင်းတော့ အဖကို မခင်ဘူး။ မချစ်ဘူးပေါ့ ဗျာ။ ကျုပ်လည်း ကျုပ်သားသမီးတွေရဲ့ အချစ်ကို ခံချင်တာပါပဲဗျ´´ xxx xxx xxx xxx `ကိုစံရိုး´ ပြောချင်တာ ပြောခွင့်ရလို့ ကျေနပ်သွားရှာသည်။ သူပြောတဲ့ စကားတွေဟာ ကျနော်ပြောချင်နေတဲ့ စကားတွေပါပဲ။ အိမ်ရှင်မတွေ၊ သားသမီးတွေ ဖတ်မိကြပါစေလို့သာ...

**ဦးဘုန်း(ဓါတု)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)