ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 25, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**အိန္ဒိ ယဘောလိဝုဒ်ရုပ်ရှင်မင်းသားကြီး ဆန်ဂျေးဒတ် ၂၀၁၃ ခုနှစ်အတွက် ရုံတင်ပြသနိုင်မည့် ဇာတ်ကားသစ်များရိုက်ကူးနေ**
(နယူးဒေလီ၊ ဧပြီ ၂၂)
အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ရုပ်ရှင်မင်းသားကြီး ဆန်ဂျေးဒတ်သည် ယင်းဇာတ်ကားကိုပူးတွဲ ထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်မည်ဖြစ်သည်။ ထို့အပြင် ဆန်ဂျေးဒတ်၏ဘ၀ဖြစ်စဉ်ကို ရိုက်ကူးထားသည့် Deadly Dutt ဇာတ်ကားကိုလည်း ရိုက်ကူးရန် စီစဉ်လျက်ရှိသည်။ မိမိသည် ရှပ်ရှင်မင်းသားကြီး အမီတာဘချန်းနှင့် ရုပ်ရှင်ကားသစ် တစ်ကားရိုက်ကူးရန် စီစဉ်ထားကြောင်း ၄င်းကထုတ်ဖော်ပြောကြားသည်။ ရုပ်ရှင်မင်းသား ဆန်ဂျေးဒတ်၏ Race-2 ဇာတ်ကားမှာလည်း လာမည့်နိုဝင်ဘာလ ၁၂ ရက်တွင် ရုံတင်ပြသရန်စီစဉ်ထားသည်။ ရုပ်ရှင်မင်းသားဆန်ဂျေးဒတ်၏သားများဖြစ်သည့် ဆန်နေးလ်ဒတ်နှင့် နာဂစ်ဒတ်တို့မှာလည်း ရုပ်ရှင်သရုပ်ဆောင်များဖြစ်ရာ မိသားစုပိုင်ရုပ်ရှင်ကားတစ်ကားကို ရိုက်ကူးထုတ်လုပ်ရန်လည်း စီစဉ်လျက်ရှိသည်။ ထို့အတူ Power အမည်ရှိ ရုပ်ရှင်ကားကိုလည်း ယခုနှစ်အတွင်း ရုံတင်ပြသနိုင်ရန် စီစဉ်နေပြီး ၂၀၁၂ ခုနှစ်အတွင်း ရုပ်ရှင်မင်းသားကြီး ဆန်ဂျေးဒတ်၏ ဇာတ်ကားပေါင်း ၁၂ ကား ရုံတင်ပြသနိုင်၇န် ကြိုးစားလျက်ရှိသည်။ (အင်တာနက်)
**ဟောလိဝုဒ်လူငယ်ရုပ်ရှင်မင်းသမီး အမ်မာရောဘတ်စ် Virginia အမည်ရှိ ဇာတ်ကားသစ်၌ သရုပ်ဆောင်နေ** 
 (လော့စ်အိန်ဂျလိစ်၊ ဧပြီ ၂၂) ဟောလိဝုဒ်ရဲ့ လူငယ်အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အမ်မာရောဘတ်စ်ဟာ Virginia အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကို ရိုက်ကူးနေတာ ပြီးစီးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မွေးရပ်မြေကို ချစ်မြတ်နိုးတဲ့ မိန်းကလေးတစ်ဦးအပြင် အချစ်ကိုဦးစားပေးတဲ့သူအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အမ်မာရောဘတ်စ်စာ အသက် ၂၁ နှစ်အရွယ်သာရှိပေမယ့် သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်နဲ့ နောက်ခံစကားပြော တင်ဆက်သူအဖြစ်လည်း ဆောင်ရွက်နေသူဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား အီရစ်ရောဘတ်စ်နဲ့ ရုပ်ရှင်မင်းသမီးဂျူလီယာရောဘတ်စ်တို့ရဲ့ သမီးဖြစ်တာမို့ အနုပညာမျိုးရိုးက ဆင်းသက်လာသူဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Biglove အမည်ရှိတဲ့ ရုပ်ရှင်ကားမှာ စတင်ပါဝင်သရုပ်ဆောင်ခဲ့ရာက နာမည်ကြီးခဲ့သဖြစ်ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ကားတွေဆက်တိုက် ရိုက်ကူးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ A dult world ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။ အဲဒီဇာတ်ကားနှစ်ကားစလုံးဟာ ၂၀၁၂ ခုနှစ်လယ်မှာ ရုံတင်ပြသနိုင်အောင် စီစဉ်နေပြီဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး အမ်မာရောဘတ်စ်ဟာ ရုပ်ရှင်မင်းသား အိုဗာစတစ်နဲ့ တွဲနေပြီး မကြာမီ သူမရဲ့ တေးသီချင၉်း အယ်လ်ဘမ်ထွက်ရှိဖို့ ကြိုးစားနေတဲ့ အနုပညာအလုပ်တွေလုပ်ကိုင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ (အင်တာနက်)  

**လူတစ်ဦးကဲ့သို့ ဆောင်ရွက်နိုင်သည့် အိမ်တွင်းသန့်ရှင်းရေးရုပ်ထုတ်လုပ်**
 (တိုကျို၊ ဧပြီ ၂၂) ပိုလာရစ်ဟု အမည်ပေးထားသော ၄င်းသန့်ရှင်းရေးစက်ရုပ်တွင် ဘီးလေးဘီးပါရှိပြီး ကလေးငယ်များဆော့ကစားသည့် မော်တော်ယာဉ်အသေးစားပုံ ဒီဇိုင်းပုံစံဖြစ်သည်။ နေအိမ်၊အဆောက်အအုံနှင့် ရုံးခန်းများတွင် သန်းရှင်းရေးလုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်နိုင်သည်။ သန့်ရှင်းရေးလုပ်ရန် လိုအပ်သောအခန်းအတွင်း ၄င်းပိုလာရစ်စက်ရုပ်ကိုထားရှိပါက အချိန်တိုအတွင်း အလိုအလျောက်ရွေးလျားသွားလာကာ အမှိုက်နှင့်ဖုန်များကို သန့်ရှင်းသွားစေရန် ဆောက်ရွက်နိုသည်။ ထိုသို့ သန့်ရှင်းရေးလုပ်ရာတွင် အခန်းအတွင်းရှိ အခြားပစ္စည်းများကို ထိခိုက်မှုမရှိအောင် ပြုလုပ်နိုင်သည်။ ပိုလာရစ်စက်ရုပ်တစ်ခုကို အမေရိကန်ဒေါ်လာ ၁၉၄၄ ဒေါ်လာဖြင့် စေးကွက်၌ ရောင်းချရန် စီစဉ်ထားကြောင်း၊ အဆင့်မြင့်နည်းပညာများ ထည့်သွင်းတပ်ဆင်ထားကြောင်း သတင်း၌ ဖော်ပြသည်။ (အင်တာနက်) 
 **ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ရုပ်တောင်ကိုရီးယားနိုင်ငံ၌ ထုတ်လုပ်** 
(ဆိုးလ်၊ ဧပြီ ၂၂) တောင်ကိုးရီးယားနိုင်ငံရှိ စက်ရုံကုမ္ပဏီတစ်ခုမှ နာဗီအမည်ရှိ စွယ်စုံအသုံးပြုနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးတစ်ရုပ်တစ်မျိုးကို ထီထွင်ထုတ်လုပ်လိုက်ကြောင်း ယင်းကုမ္ပဏီက ဧပြီ ၂၂ ရက်၌ သတင်းထုတ်ပြန်သည်။ အဆိုပါ စက်ရုပ်သည် အမြင့်၂၂ ပေရှိပြီး အလေးချိန် တစ်တန်ရှိကာ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများနှင့် အန္တရာယ်များသော စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်သောလူသားတစ်ဦးကဲ့သို့ လုပ်ငန်းများလုပ်ကိုင်နိုင်သည်။ ထို့ပြင် လျှပ်စစ်သွယ်တန်းခြင်း ငြမ်းဆင်ခြင်းနှင့် အလုပ်သမားများကို အမြင့်ပိုင်နေရာများသို့ သယ်မ ပို့ဆောင်ပေးနိုင်သည့် စက်ရုပ်ဖြစ်သည်။ အထပ်မြင့် တိုက်တာအဆောက်အအုံများတွင် ပစ္စည်းများကို သယ်မနိုင်ခြင်းနှင့် ခက်ခဲသော နံရံအမြင့်ပိုင်းလုပ်ငန်းများတွင် လူသားများနေရာ၌ အစားထိုးအသုံးပြုနိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။ အထပ်မြင့် အဆောက်အအုံများကို လှေကားမှတစ်ဆင့် လူတစ်ဦးကဲ့သို့ တက်ရောက်နိုင်ပြီး အလှပြင်ဆင်ခြင်း၊ နံရံနှင့် မျက်နှာကြက်များ ဆေးသုတ်ခြင်း၊ စက်ရုံများတွင် စက်ပစ္စည်းကိရိယာအစိတ်အပိုင်းများ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (အင်တာနက်) 

**အီလက်ထရွန်နစ်သွားပွတ်တံ ထုတ်လုပ်** 
(တိုကျို၊ ဧပြီ ၂၂) ဂျပန်နိုင်ငံရှိ အီလက်ထရွန်နစ်ကုမ္ပဏီမှ ထုတ်လုပ်လိုက်သော အလိုအလျောက် အီလက်ထရွန်နစ် သွားတိုက် သွားပွတ်တံ တစ်မျိုးကို တိုကျိုမြို့၌ ဧပြီ ၂၂ ရက်က ခင်းကျင်းပြသထားသည်။ ၄င်းသွားပွတ်တံအမျိုးအစားကို လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကတည်းက ထုတ်လုပ်နိုင်ရေး လေ့လာသုတေသန ပြုခဲ့ကြခြင်းဖြစ်ပြီး ယခုမှ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသွားပွတ်တံသည် ကြိုးမဲ့စနစ်ဖြစ်ပြီး သွားနှင့်ခံတွင်း သန့်ရှင်းစင်ကြယ်စေရန် လျှပ်စစ်စွမ်းအင်ဖြင့် အလိုအလျောက် လုပ်ကိုင်ပေးနိုင်သည်။ မိမိသတ်မှတ်ထားသည့် အကြိမ်အရေအတွက်အတိုင်း အလိုအလျောက် ထိန်းချုပ်ရေးစနစ်ဖြင့် သွားတိုက်နိုင်ခြင်းဖြစ်သည်။ အဆိုပါ အီလက်ထရွန်နစ်သွားပွတ်တံကို သွားတိုက်လိုသည့်အခါ လူ၏လက်ဖြင့် ရှေ့နောက်လှုပ်ရှား သွားတိုက်စရာမလိုဘဲ လျှပ်စစ်အားဖြင့် သွားများ၏ အရှေ့၊ အနောက်၊ ဘေးဘက်များပါမကျန်၊ အလိုအလျောက် သွားတိုက်ပေးနိုင်သည်။ သွားတိုက်ရာတွင် နည်းစနစ်မှန်ကန်သော သွားတိုက်နည်းဖြင့် သွားနှင့်ခဲတွင်းသန့်ရှင်းအောင် တိုက်ပေးနိုင်ကြောင်း၊ ၄င်းသွားပတ်တံ၏ အရှည်မှာ ခုနှစ်လက်မ ရှိကြောင်း သတင်း၌ ဖော်ပြသည်။ (အင်တာနက်) စုစည်းဘာသာပြန် - အာကာဟိန်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)