ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 30, 2012

>
-လာမပြောနဲ့ဟေ့ … ငါ့ သဘောနဲ့ ငါ … အပျိုကြီး-

မိကျောင်း နှင့် တူသော ယောကျာ်းများ ကျွန်တော် ခုလိုရေးလိုက်တော့ ဆရာက သူ့စိတ်နဲ့နှိုင်းပြီး ယောကျာ်းတိုင်းကို သစ္စာမရှိဘူးလို့ သတ်မှတ်နေတယ်လို့ အချို့သော သူများ တွေးကောင်းတွေးနိုင်ပါတယ်။ အမျိုးသားတွေရဲ့ သဘာဝနဲ့ အမျိုးသမီးတွေရဲ့ သဘာဝ မတူညီပါ။ အမျိုးသားတွေအဖို့ သူယူလိုက်တဲ့ဇနီးမယားကို အသည်းစွဲအောင် ချစ်ပါစေဦး။ ကလေးသုံးလေးယောက် မွေးပြီး ဗိုက် ကလေး ပူချင်ချင်…၊ စူအစ်အစ်…၊ အခေါက်လေးတွေ အရစ်ရစ် ထချင်ချင်ဖြစ်နေတဲ့ ချစ်ဇနီးရှုမ၀ကို….ငုံထားမတတ် ချစ်သည်ဖြစ်ပါစေဦး … ၊ ကယုကယင် တီတီတာတာနဲ့ … ခေတ်ကာလ ယမင်းပျိုလေးများ…မိမိရှေ့မှာ လမ်းသလား သွားတာ မြင်ရင် … ၊ တွေ့ရင် …၊ မကြည့်ချင် မြင်လျက်သားမို့ ငေးသလိုလို ၊ အင်း … လှတော့ အလှလေးဟ ဆိုတဲ့ အတွေးမျိုးလေးလောက် …ဝေ့ကနဲ တွေးမိသွားသလိုလို ဖြစ်လာတတ်ပါတယ်။ ဒါ တော်တော်တည်ကြည်တဲ့ ယောကျာ်းတစ်ယောက်မှာ ဖြစ်သွားတတ်တဲ့ စိတ်အခြေအနေပါ။ အဲ…အစကတည်းက ခပ်ကဲကဲ ယောကျာ်းမျိုးကြတော့… ၊ ဟား…မိတယ်ကွာ…ရေလည်မိုက်တယ်…အိမ်က ဗိုက်ပူမနဲ့တော့ ကွာပ ဆိုတာ မျိုး တွေးလာတတ်ပါတယ်။ အဲသလို ဗိုက်ပူမဖြစ်လာတာ နင့်ကြောင့်လေအကောင်ရဲ့လို့ အပြောမခံရအောင် ကွယ်ရာ မှာရေရွတ်ပြီး….ကဲချင် သဲချင် ၊ အချစ် ဒီပလိုမာလေးများ တဖန် ပြန်တက်ချင်စိတ် ပေါ်လာတတ်ပါတယ်။ ပြောရရင်တော့ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီး ရပြီး ပိုင်ဆိုင်ပြီးသွားခဲ့ပြီဆိုရင်….တိုက်တာ အိုးအိမ် တစ်လုံး ဆောက်ပြီးသွားသလိုပါပဲ။ ဒါ..ငါ့ဟာကြီး ၊ ငါပိုင်ဆိုင်ပြီဖြစ်သော အချစ် ပိရမစ်ကြီး ဆိုတဲ့ ဖီလင်မျိုး ၀င်လာတတ်ပါတယ်။ တနည်းအားဖြင့် မရခင် ချစ်သူဘ၀တုန်းက ဖလမ်း ဖလမ်း ထခဲ့သမျှ အချစ်မှော်တွေ အားလုံး၊ ရပြီးပြီဆိုတာနဲ့ … ငြိမ်ဝပ်သွားပါတယ်။ အဲ…အကောင်းငြိမ် .. ငြိမ်သွားတာတော့ မဟုတ်လောက်ပါ။ အစာဝလို့ လတာပြင်မှာ နေပူစာလှုံရင်း စားမြုံ့ပြန်နေတဲ့ မိချောင်းကြီးတွေလို ငြိမ်သွားတာပါ နောက်တခါ မကိုက်ခင် မခဲခင် အထိဆိုပါတော့။ အဲ အစာကလည်း ကြေချင်ချင်ဖြစ်လာတဲ့အချိန် အစာသစ်ကလေးကလည်း(စားချင်သပဆို စားပါမောင်ရေ ကိုက်သာ ကိုက်ပါ…ခဲပါ မောင်ရေ) ဆိုတာမျိုးကြုံလာတဲ့ အချိန်မှာတော့ တော်တော် ထိမ်းတဲ့ကြားက သွားယားလာတတ်ပုံများ သွားပေါက်ကာစ ကလေးများလိုပါပဲ။ ဟင်း ဟင်းးးးးးးးးးး ဟင်း ဟင်းးးးးးးးးး ကိုက်မိတော့မယ်နော် ခဲမိတော့မယ်နော် ဆိုတဲ့စိတ်ကို .. မိသားစု သံယောဇဉ်တွေ ငဲ့ငဲ့ပြီး မနဲထိမ်းထားရတတ်ပါတယ်။ တစ်ချို့ယောကျာ်းတွေကျတော့လည်း သင်းကွဲ နယ်ကျော် မိကျောင်းဆိုးတွေလိုပါပဲ…တွေ့ကရာရှစ်သောင်း(မဲမဲမြင် ဆွဲဆွဲပင် ခဲလေသည်) ဆိုတာမျိုးပါ။ ရောက်လေရာ ဆွဲဆွဲကိုက်သွားပုံများ မြစ်ကြောင်းတစ်လျှောက်လုံး သူ့သွားရာ ချည်းပဲဆိုတာမျိုး စည်းမဲ့ကမ်းမဲ့ ယောကျာ်းတစ်ချို့လည်းရှိပါတယ်။ ဒါဖြင့် ဆရာဖုန်းကကော ဘယ်လိုမိချောင်းမျိုးလဲ ဗျ လို့ မေးခဲ့ရင်တော့ ……………. အိမ်မြောင်သာသာရယ်ပါဗျာလို့ ပြောရုံပါပဲ။ အစွမ်းအစနဲသူမို့…မှန်းဆမရဲပါဘူးလို့ ဖြေရပါမယ်။ အထက်က ပြောခဲ့တဲ့ အချိုးစကေးကို ပြန်ကောက်ရရင်တော့ နောက်ဆုံးကျန်တဲ့ နှစ်ယောက်မျိုးထဲမှာ ပါပါလိမ့်မယ်။ (မှတ်ချက် ။ ။ ဘုန်းသိင်္ဂါနဲ့ ပခန်းကတော့ … ကဲလွန်းလို့ နတ်မိချောင်းတွေတောင် ဖြစ်နေပြီလို့ ကြားရပါတယ်။) အသစ်ကလေးရယ်တဲ့ လိုချင်သည် …. လူတွေဟာ အတွေ့အကြုံသစ်ကို လိုလားမက်မောကြပါတယ်။ ဒါကြောင့်လည်း ကျောက်ခေတ်ကနေ…ယနေ့ အိုင်တီ ခေတ်အထိ တိုးတက်ပြောင်းလဲလာတယ်လို့ ဆိုနိုင်ပါတယ်။ အသစ်အဆန်းမှန်သမျှကို သာမန်လူတွေထက် ပိုပြီး ငမ်း ငမ်းထိုး လိုချင်မက်မောတတ်သူ အချို့လည်း ရှိကြပါတယ်။ ဒီနေရာမှာ ဗဟုသုတအနေနဲ့ လက်ဆန်းဗေဒင်ပညာရှုထောင့်အရ ပြောပြရရင်…နာမည် အဖျား စာလုံးကို … အင်္ဂါနံ (စ၊ဆ၊ဇ၊ဈ၊ည) ဖြင့်မှည့်ခေါ်ထားသောသူတွေဟာ…စူးစမ်းစိတ် အလွန်ထက်သန်ကြတဲ့အတွက် အသစ်အဆန်းတွေနဲ့ ပတ်သက်မှု ပိုမိုများပြားကြတာကို တွေ့ရပါတယ်။ အဲဒီ့လိုပါပဲ ကမ္မကာရက အမည်ရှင်တွေဟာ မူလသဘာဝအရကိုပဲ အသစ်မှန်သမျှကို လိုလားစိတ်ရှိနေကြတာကို တွေ့ရပြီး အထက်ပါ အချက်နှစ်ရပ်စလုံးနဲ့ ညီညွတ်နေတဲ့ နာမည်အဖျားစာလုံးကလည်း အင်္ဂါနံဖြစ်ပြီး ကမ္မကာရက အမည်မျိုးလည်း ဖြစ်နေတဲ့…သောကြာနံအစ + အင်္ဂါနံအဆုံး နာမည်မျိုး ဖြစ်သော…ဥပမာအားဖြင့်…သန်းသန်းစိုး ၊ သိန်းဆွေ ၊ သန်းစိန် ၊ ဟန်မင်းဆက် ၊ ဟိန်းမိုးဇင် ၊ သီဟဇော် ၊ သီတာဆွေ ၊ သွယ်သွယ်ညွန့် စသည်ဖြင့်သော ... အမည်ရှင်တွေဟာ ........... အသစ်အဆန်းမှန်သမျှကို ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် စူးစမ်းလိုစိတ်ထက်သန်ကြတာကြောင့်…အသစ်အသစ်တွေနဲ့ တည့်တည့်တိုးမိတတ်ကြသော အမည်ရှင်များလို့ဆိုရပါမယ်။ သူတို့ရဲ့ အဓိကအားနဲချက်ကလည်း ရိုးအီမှုဒဏ်ကို မခံ နိုင်ကြခြင်းပါဘဲ။ အခြား တစ်ခုကတော့ .. ဘယ်နေ့ သားသမီးမျိုးပဲ ဖြစ်ပါစေ နာမည်အဖျားစာလုံး အဓိပတိမှာ ရပ်တည်ခဲ့ရင် ဖြစ်စေ နာမည်အဖျားစာလုံးကို ကမ္မကာရကဂြိုဟ်နဲ့ မှည့်ခေါ်ထားခဲ့ရင်ဖြစ်စေ အသစ်အဆန်းမက်မောစိတ် သာမန်ထက်ပိုမို လာပါတယ်။ အဲဒီ့လိုပါပဲ လူတစ်ယောက်ရဲ့ ဘ၀ဖြတ်သန်းချိန်အရ…ဆိုင်ရာ ကမ္မကာရကဂြိုဟ်ရဲ့ ဒသာအစိတ်အပိုင်း ကျရောက်လာတဲ့ အချိန်ကာလများမှာ အကြောင်းအရာအသစ်တွေ ပေါ်ပေါက်ကြုံတွေ့လာကြရပါတယ်။ အထက်ပါ ဖော်ပြချက်အားလုံးဟာ အသစ်အဆန်းလိုလားမှုနဲ့ဆိုင်တဲ့ တင်ပြချက်များသာ ဖြစ်ပါသေးတယ်။ အချစ် သစ်ရှာခြင်း မရှာခြင်းနဲ့ မသက်ဆိုင်သေးပါ။ သို့သော် တစ်စုံတစ်ရာအပေါ်မှာ ရိုးအီငြီးငွေ့လာပြီးတဲ့နောက် အတွေ့ အကြုံ အသစ်အဆန်းတွေကို ရှာဖွေဖို့ အတွက်တော့ အထက်ပါအချက်တွေက လှုံ့ ဆော်မှု ပြုပေးတာအမှန်ပါပဲ။ ရိုးသားတဲ့ ဖိုးခွား … ကျွန်တော်ရဲ့ အစ်မ၀မ်းကွဲတစ်ဦးနဲ့ သူ့ခင်ပွန်းဖြစ်သူဟာ ကျွန်တော်ငယ်စဉ်ကတည်းက ကျွန်တော်တို့မိသားစုခြံထဲမှာ လာရောက် မှီတင်းနေထိုင်ခဲ့ပါတယ်။ သူ့ခင်ပွန်းဖြစ်သူဟာ အင်မတန် ရိုးသားသူပါ ... အရက်မသောက် ၊ မိန်းမမရှုပ် ၊ လာဘ်မစား ၊ အနေအထားမှန်မှန် တစ်သက်လုံးနီးနီးနေလာခဲ့သူ မြေတိုင်းစာရေးကြီးတစ်ဦးပါ ..... အသက်ကလည်း ကျွန်တော်နဲ့ဆို တော်တော်လေးကွာတာမို့ သူဟာ ကျွန်တော်တို့ လေးစားခဲ့ရသူ တစ်ဦးပါပဲ။ ကျွန်တော့်အသက် ၂၅နှစ် ၀န်းကျင်မှာ အဆိုပါ အစ်မ၀မ်းကွဲဟာ နာတာရှည်ဝေဒနာပေါင်းစုံ စွဲကပ်လာပါတယ်။ အဲဒီ့ မှာပဲ တစ်သက်လုံး ရိုးရိုးမှန်မှန် တည်တည်တံ့တံ့ နေလာခဲ့တဲ့ မြေတိုင်းစာရေးကြီး မိန်းမရွယ်တစ်ယောက်နဲ့ ငြိစွန်းပါ တော့တယ် ကြားစကတော့လုံးဝမယုံပါ မလိုသူတွေပြောစကားပဲ မှတ်ထင်ခဲ့ပါတယ်။ တစ်ဖက်က မိန်းမရွယ်ကလည်း ကလေးနှစ်ယောက် မိခင်ဖြစ်နေတော့ မဖြစ်နိုင်ဘူးလို့ပဲ ထင်ခဲ့မိတယ်။ အမှန်ကို ဖြစ်နေမှန်းသိရချိန်မှာ ဖိုသတ္တ၀ါတို့ရဲ့ ငုပ်လျှိုးနေသော ဗီဇစိတ်ကို ကျွန်တော် ဆင်ခြင်တွေးမိစရာ ဖြစ်ခဲ့ပါတယ်။ ဖိုနဲ့မ ကြားမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိသလောက်ကို ရှားပါးလှပါတယ်။ သံလိုက်နဲ့ သံကို အတူတူ ထားမိသလို ၊ ဆွဲငင်နိုင်စွမ်း ရှိကြတာမို့ သတိချပ်စရာပါပဲ။ ငါ့ယောကျာ်း အေးလှ ၊ ရိုးလှချည်ရဲ့ဆိုပြီး စိတ်ချလက်ချ မိန်းမရွယ်တို့နဲ့ လွှတ်ထားတာမျိုးဟာ အင်မတန် အန္တရယ်များလှပါတယ်။ အတွေ့တစ်ချက်ဆောင်ရင် မွေ့ဖက်လို့လောင်စေနိုင်သော ကိလေသာ မကုန်စင်ကြသေးသူများမို့ လောင်ကာမှ လောင်ပဟဲ့ မြည်တမ်းနေလို့မဖြစ်ပါ။ တစ်သက်လုံး ငြိမ်ဝပ်လာ တဲ့ ကိလေသာမီးကို မရှိုလို့ မလောင်တာ မမှတ်လိုက်ကြပါနဲ့။ လောင်စာနဲ့ မီး တွေ့ခွင့်မရသေးလို့ မလောင်သေးတာ လည်း ဖြစ်နေတတ်တာကို သတိပြုနိုင်ကြပါစေ။ အတွင်းကြိတ်ပါလို့ … သင်းစိတ်က … နှောက်လှသည် အပျိုကြီး..လူပျိုကြီးများရဲ့ အိပ်မက်ဆိုးတစ်ခုကတော့ လိင်ဆန္ဒမပြည့်ဝမှုကို တာရှည်ရင်ဆိုင်ရခြင်းပဲ ဖြစ်ပါလိမ့်မယ်။ တစ်ကယ့် တစ်ကယ် တွေးကြည့်တော့လည်း သူတို့မှာက တစ်ခြား ပျိုရွယ်သူတွေလို ၊ သို့တည်းမဟုတ် အိမ်ထောင် သည်တွေလို…အခွင့်အလမ်းက နဲပါးလှပါတယ်။ အဆိုပါ စိတ်မျိုး ခန္ဓာကိုယ်မှာ လောင်မြိုက်လာချိန်မှာ..မကျေနပ်မှု တွေက ကမ္ဘာမကြေ ဆိုရမလို ဖြစ်လာ တတ်ပါတယ်။ သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့ ဒီစိတ်ကတော့ တစ်ချိန်မဟုတ်တစ်ချိန် ထိုးနှက်တိုက်ခိုက်လာတတ်တာ အမှန်ပါ။ အထူး သဖြင့် အခြားဖိုနဲ့မတို့ ချစ်တင်းနှောချစ်ခြင်းဖွဲ့နေကြတာမျိုးကို ပြင်ပမှာဖြစ်စေ ရုပ်ရှင် စာပေ တစ်စုံတစ်ရာအရဖြစ်စေ မြင်မိ ကြည့်မိ ခံစားမိကြတဲ့အခါမျိုးမှာ တစ်ကိုယ်တော် ပေါက်ကွဲရပါတော့တယ်။ ဒီနေရာမှာ လူပျိုကြီးအများစု အဖို့ ထွက်ပေါက်ရှာလို့ ရကောင်းရနိုင်စရာ ရှိပါတယ်။ ယောကျာ်းသားတွေကိုးးးးး ။ စိတ်ဖြေစရာ ထွက်ပေါက်ကလေးတွေ လိုက်ရှာပြီး ဖြေသိမ့်ဖို့လွယ်ကူစရာ ရှိနိုင်ပါတယ်။ သို့ပေမယ့် အမျိုးသမီးတွေဖြစ်တဲ့ အပျိုကြီးတွေမှာတော့ လှိမ့်ပိမ့်ပြီး သာ မကျေနပ်ခြင်း ကမ္ဘာထဲမှာ လူးလိမ့်နေရပါတော့တယ်။
အဲဒီ့နောက်တော့ လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုတွေ ပြင်ပဆက်ဆံရေးမှာ အဆင်မချောမှုလေးတွေဖြစ်လာပါတယ်။ အရိုက်ကြမ်းတဲ့ ကျောင်းဆရာမအပျိုကြီးအချို့မှာ အဆိုပါစိတ်ရဲ့ထိုးနှက်မှုဒဏ်ကြောင့် ကလေးတွေကိုရိုက်တဲ့ အကျင့် ဆိုး တစ်ခုအဖြစ် စွဲကပ်နေကြတာကို တွေ့ရပါတယ် .. သာမန်အားဖြင့် ကလေးတွေအပေါ် ဆုပေး ဒဏ်ပေး ကျင့်သုံး ရတာမျိုးထက် ပိုမိုတဲ့ စိတ်အဆာဖြေမှုအဖြစ် တွေ့ရှိရပါတယ်။ ဒီစိတ်ကို ထိမ်းနိုင်ဖို့ကလည်း ခက်ပါတယ်။ ဇွတ်ကျိတ်ပြီး ခံစားမျိုသိပ်နေရုံနဲ့လည်း ပျောက်မသွားတတ်ပါ။ အစားထိုး ဖြေသိမ့်ခြင်းများနဲ့သာ သက်သာရာရစေနိုင်ပါတယ် သိပ်ပြီး ပူလာ ဆူလာတဲအခါ သစ်ပင် စိမ်းစိမ်းစိုစို ရှိရာနေရာလေး များမှာ လေကောင်းလေသန့်ရှုရှိုက် ကိုယ်လက်လှုပ်ရှားလုပ် စသည်ဖြင့်ဖြစ်စေ မိမိကိုယ်ကိုယ် နှစ်သိမ့်မှုတစ်စုံတစ်ရာ ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ .. အဆိုပါ စိတ်ရဲ့ တိုက်ခိုက်ထိုးနှက်မှုကို ကုစားယူရပါတယ်။ စာရေးသူရဲ့ မိတ်ဆွေ လူပျိုကြီးတစ်ယောက်ရှိပါတယ်။ အဆိုပါ စိတ်မျိုးဖြစ်လာတိုင်း သူ့ခမြာ ကယောင်ခြောက်ခြား တွေဖြစ်လာပါတယ်။ ဘုရားစင်ရှေ့အိပ်နေကြကနေ လိပ်ပြာမသန့် အိပ်မပျော် ဖြစ်လာသလိုလို မကောင်းမှုကြီး တ- ခုခုကို ကျူးလွန်မိထားသလိုလို စိတ်ဓါတ်ကျဆင်းလာသလိုလို အမှန်ပဲသနားဖို့ကောင်းလှပါတယ်။ မိမိကိုယ်ကိုယ် .. နှစ်သိမ့်မှု ပြုမိပြန်တော့လည်း မဟာအမှားကြီးတစ်ခု ကျူးလွန်မိသလိုလို ဖြစ်နေတတ်သူပါ..။ ဆေးပညာစာပေတွေ ဖတ်ဖို့ သူ့ကို တိုက်တွန်းပေးခဲ့ရသလို ဘာသာရေးဆိုင်ရာ ရှုထောင့်ကနေလည်း မကြာမကြာ ပြောပြခဲ့ရပါတယ်....။ တစ်ရက်ကြီးကတော့ သူ ကယောင်ခြောက်ခြားနဲ့ ကျွန်တော့်ဆီ ပြေးလာပါတယ်။ စိုးမိုးရေ .. ငါတော့ အတော်မှားသွားပြီလို့ ပြောပါတယ်။ သူ..အပျော်မယ် တစ်ဦးနဲ့အတူ နေခဲ့မိကြောင်း ၊ ဘုရားစင် ရှေ့မှာ ဘယ်လိုမှ အိပ်မရတော့ကြောင်း တစ်ကိုယ်လုံး ယားယံနေကြောင်း ပုတီးစိတ်နေကြအတိုင်း ပုတီးစိတ်တော့ လည်း တစ်စုံတစ်ယောက်က တားနေသလိုခံစားရကြောင်း စသဖြင့် အများအပြားလာပြောပြပါတယ်။ အဲဒီ့မှာ ကျွန်တော် သူ့ကို ဥပမာလေးတစ်ခု ပြောပြရပါတယ်။ အခါတစ်ပါးမှာ ၀ိသာခါကျောင်းအစ်မကြီးက သားမြေးအဖြာဖြာနဲ့ တစ်ကြောင်း ခင်ပွန်းလင်သားနဲ့ လောကီမှုတွေ ကြောင့် တစ်ကြောင်း မြတ်ဘုရားရှင်ရဲ့ တရားတော်ကို ဘယ်အချိန်မျိုးမှာ အားထုတ်သင့်သလဲဆိုတာ ဝေခွဲမရဖြစ် ရပါကြောင်း . မြတ်စွာဘုရားရှင်ထံမှာ လျှောက်ထားခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ချစ်သမီး ငါ ဘုရား၏ တရားတော်ကို ... သံဝါသပြုနေစဉ် ကာလမှာပင် ဖြစ်လင့်ကစား နှလုံးသွင်းဆင်ခြင် ပွားများနိုင်ရာ၏ လို့ ဖြေတော်မူပါတယ်။ ဒီ အကြောင်းအရာလေး ပြောပြလိုက်ပါမှပဲ လူပျိုကြီးခမြာ ကယောင်ခြောက်ခြား မှောက်မှား တွေးထင်နေမှုတွေ အကုန်အစင် လွင့်စင်သွားပြီးငြိမ်သက်သွားပါတော့တယ်..။ တစ်ကယ်တော့ ကျွန်တော်လည်း သိနားလည်ထား သလို သူ့ ရင်က အပူကို ဖြေလျော့သက်သာအောင် ငြိမ်းအေးပေးလိုက်ရတာပါ...။ လိင်ကိစ္စနဲ့ စိတ်ပညာတွေကို တတ်မြောက် ကျွမ်းကျင် နားလည်နေသူတော့ မဟုတ်ပါ။ အကြောင်းအကျိုးဆက်စပ်မှုအရသာ စဉ်းစားပြီး ကုစား ပေးလိုက်ရတယ် ဆိုပါစို့။ ဆိုတော့ ကျွန်တော့်အယူအဆအရ ဖြေမှဖြစ်မယ့် အချိန်ရောက်လာမှတော့ ကိုယ့်ကိုယ်ကို ဖြေသိမ့်တာဟာ မမှား ဘူးလို့ဘဲ ပြောရပါမယ်..။ ကိုယ့်ကိုယ်ကိုမှ မဖြေသိမ့်ရင်လည်း ဘယ်သူကလာပြီး ဖြေသိမ့်ပေးမတုန်း....။ မနိုင်မှ.. လွှတ်ချလိုက်မိလို့ မဖြစ်သင့်တာတွေ ဖြစ်ရတာမျိုး မကြုံရအောင် ကိုယ့်ကိုယ်ကို ကျေနပ်နိုင်ဖို့ ကြိုးစားကြပါလို့ပဲ .. တိုက်တွန်းလိုက်ရပါတော့တယ်။ လာမပြောနဲ့ဟေ့ ငါ့သဘောနဲ့ငါ အပျိုကြီး ………. အထက်ပါအတိုင်း ဒဏ်သင့်နေတဲ့ အစ်မတစ်ယောက်ကို ကြုံခဲ့ရဖူးပါတယ်။ ကျောင်းဆရာမအဖြစ် တာဝန် ထမ်း - ဆောင်နေသူတစ်ဦးပါ။ စပြီးတွေ့ကတည်းက အပြောအဆိုနဲ့ မျက်နှာကို မြင်တာနဲ့ သူမမှာ ဒီ ပြဿနာမျိုး ရှိနေပြီ ဆိုတာအလွန်သိသာလှပါတယ်။ ခက်တာက သူမကိုယ်သူမ မရိပ်မိပါ။ စာပေအသိကလည်းအားနဲရှာတော့ သနား စရာကောင်းလှပါတယ်။ တစ်ခြားလူတွေက သူမကို ဗျို့အပျိုကြီး .. အပျိုကြီးရေ .. ၊ စသည်ဖြင့် ခေါ်လိုက်တိုင်းမှာ လာမပြောနဲ့ဟေ့ ငါ့သဘောနဲ့ ငါ အပျိုကြီး … ဆိုပြီး ပြန်ကောတတ်ပါတယ်။ လိုတိုရှင်း ပြောရရင် > အညှာသိပြီး လူတစ်ကာ မျက်ခုံးမွှေးအပေါ် ကျွမ်းထိုးချင်နေတဲ့ နတ်ကတော် ကောင်လေး တစ်ယောက်နဲ့ ငြိပါတော့တယ်။ ဇာတ်လမ်း အစကတည်းက ကျွန်တော် မြင်နေခဲ့ရတာမို့  ဇာတ်သိမ်းအထိ ဘာဖြစ် တော့မယ်ဆိုတာကို ကြိုသိနေသည့်တိုင် သတိပေးကယ်တင်ဖို့ကလည်း ကျွမ်းဝင်မှုက လက်လှမ်းမမီခဲ့ပါ သူတို့ချင်း ချိန်းတွေ့တဲ့ နေရာတွေ ၊ ချောင်းကြတဲ့လူတွေရဲ့ တီးတိုးရယ်သွမ်းမှု ၊ ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်း သတင်းပလင်း မှန်သမျှကို .. ခပ်တင်းတင်း မျက်နှာနဲ့ အရွဲ့တိုက် နတ်ကတော်ကောင်လေးကို အိမ်ပေါ်အထိ ခေါ်တင်ထားလိုက်ပါ တော့တယ်။ နတ်စိမ်းတစ်ပိုင်း ယောကျာ်းရိုင်းလေးကလည်း > တစ်..လူကိုယူသည် ။ နှစ်..ငွေကိုယူသည် ။ သုံး..အတွင်း ပစ္စည်း လေးပါ မ..စ သွားပြီးသကာလ တစ်ချိုးတည်းပျောက်သွားလိုက်တာ....နတ်ကတော် လူလည်လေး နတ်ပြည်တောင် ရောက်သွားသလားအောက်မေ့ရပါတယ်။ အဲဒီ့အခါကျမှ စိတ်ဒုန်းဒုန်းကျလို့ အိပ်ယာပေါ်ခေါက်ကနဲခွေ ပတ်ဝန်းကျင် ကိုလည်း ရင်မဆိုင်ရဲ .. ငိုပွဲဆင်ရတော့တာပါပဲ။ ဆိုတော့ အပျိုကြီး ၊ လူပျိုကြီးဘ၀နဲ့ အရိုးထုတ်တော့မယ်လို့ ဆုံးဖြတ်ပြီးရင်လည်း…၊ မိမိဘ၀ကို မိမိကျေနပ်နိုင်ဖို့ အတွက်…လုံလောက်သော ပြင်ဆင်မှုတွေ ၊ လိုအပ်မယ့် ကုစားမှုတွေ ၊ ဖြေ့သိမ့်နိုင်မယ့် နည်းလမ်းလေးတွေ .... ဆောင်ထားသင့်တယ်လို့ ဆိုရပါမယ်။ ကံစေစားရာ ဒရွတ်တိုက်ပါပြီး မဖြစ်ချင်ဘဲ လူပျိုကြီး .. အပျိုကြီးဘ၀ ရောက် နေရုံနဲ့ အဆင်မပြေနိုင်ပါ။ ဖြစ်တဲ့အခြေအနေမှာ အကောင်းဆုံးစမတ်ဖြစ်နေနိုင်ဖို့အတွက် စိတ်ရှုထောင့်လိုအပ်ချက် ကလေးတွေကို ဖြည့်တင်းပေးနိုင်မယ့် ကဏ္ဍလေးတွေ ကိုယ်စီ စဉ်းစားထားကြဖို့တော့ လိုပါလိမ့်မယ်။ ကိလေသာကင်းစင်မှု သိုတည်းမဟုတ် ငြိမ်ဝပ်အောင် ပြုထားနိုင်မှုရနိုင်လောက်သော လောကုတ္တရာ ပွားစည်းမှု မရှိနိုင်သေးသော လူပျိုကြီး အပျိုကြီးများ အားလုံးအဖို့တော့...စိတ်တစ္ဆေကို ပရိတ်ရေနဲ့ မပက်နိုင်သည့်တိုင်….၊ ကြောက်နေလို့တော့ မပြီး ၊ ပြန်ပြီး ခုခံနိုင်ဖို့အတွက် ပြင်ဆင်မှုအချို့ ရှိသင့်သည်သာ ဖြစ်ပါကြောင်း။ ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့် + + + + + လူပျိုကြီး အပျိုကြီးများ အများဆုံး ထင်ရာစိုင်းမိစေတတ်သော အသက်ပိုင်းများ + + + + + ၃၄ နှစ် ၊ ၄၁ နှစ် ၊ ၄၈ နှစ် ၊ ၅၅ နှစ် အားလုံးပဲချမ်းမြေ့နိုင်ပါစေ။ ( မှတ်ချက် ) ခင်မင်ဆုံတွေ့ခဲ့ရသမျှသော လူပျိုကြီး အပျိုကြီး ဖြစ်နေဆဲ မိတ်ဆွေသင်္ဂဟများသို့ အမှတ်တရရေးသားအပ်ပါသည်။ ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ) သုတေသီ ဝေသာလီမောင်ဖုန်း kosoe069@gmail.com kosoemoetun13@gmail.com Phone / 01 618 469 by ဖိုးခွား ဘိတ်သားလေး http://www.mahabote.org/2011/09/blog-post.html မဖတ်ရသေးသော ကျွန်တော့်၏အစ်ကို (လူပျိုကြီး) ကျွန်တော့်၏အစ်မ (အပျိုကြီး) များနှင့် လူပျိုကြီး အပျိုကြီး လုပ်မည်ဟုရည်ရွယ်ထားသော ညီလေး ညီမလေး များ အားလုံး .......။ Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)