ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 29, 2012

>
--တူတာတွေ တွဲလုပ်ပြီး ၊ မတူတာကို အချိန်ယူ ညှိနှိုင်းဆောင်ရွက်ကြဖို့ --

တိုင်းပြည်တစ်ပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးးတက်မှုကို ကုန်ထုတ်လုပ်မှုပမာဏနှင့် တိုင်းတာ၍ ရနိုင်သလို လူထုဘ၀၏ လူနေမှုအဆင့်အတန်းကို ပညာရေး ၊ ကျန်းမားရေး ၊ လူမှုရေးစသော ဘက်ပေါင်းစုံမှ မှန်မှန်ကန်ကန် သုံးသပ်လျှင် မြန်မာပြည်သည် ကမ္ဘာ၏အောက်ဆုံးအဆင့်အတန်းတွင် ကျရောက်နေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည် ။ တိုင်းပြည်သည် ရေရှည် ပြည်တွင်းစစ်မီးလောင်နေပြီး တိုင်းရင်းသားဒေသများတွင် အပစ်အခတ်ရပ်စဲရေး အပါအ၀င် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးသည် အခိုင်အမာ တည်ဆောက်ရန် အထူးတလည် လိုအပ်နေပေသည် ။ တောင်သူလယ်သမား ၊ အလုပ်သမား ၊ ကျောင်းသား လူတန်းစားပေါင်းစုံ၏ ဆုံးရှုံးနစ်နာနေမှုများ ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့်များ ၊ ဖြေရှင်းရဦးမည့်အနာဂတ် ပြဿနာ ကိစ္စအထွေထွေသည် အတိတ်ကလို လက်နက်အားကိုးပြီး ဖြေရှင်းမရပဲ ကျနော်တို့ကို ပညာရှိဆန်ဆန် ဖြေရှင်းရန် စောင့်ကြိုနေပေသည် ။ သို့သော် ကျနော်တို့သည် တခါတရံတွင် မိမိ၏ အတ္တအကျိုးစီးပွားအတွက် မဟုတ်ပဲ တိုင်းပြည်၏အကျိုးစီးပွားကို အခြေခံကာ ပြောဆိုသုံးသပ် ဆွေးနွေးကြသည့်အခါ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလိုက်ရသည့် အခါများ ကြုံတွေ့ ရတတ်ပါသည် ။ ထိုအခါ အလျော့အတင်း အတိုးအလျော့ များကို မျှမျှတတ ဘက်ပေါင်းစုံမှ ရှုမြင်နိုင်ရမည် ဖြစ်သလို အမှန်အမှားအား အကျိုးသင့် အကြာင်းသင့် အချိန်ယူဖြေရှင်းရသည့် အခါများလည်းရှိပါသည် ။ ယင်းအချိန်တွင် လတ်တလော ဖိနှိပ်ခံလူထု ရင်ဆိုင် ကြုံတွေ့နေရသော ဆင်းရဲမွဲတေမှုပြဿနာများ၊ အထွေထွေ ဒုက္ခပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရမည့် စီးပွားရေးအကြပ်အတည်းများကို တူတာတွဲလုပ်ပြီး ၊ မတူတာကို အချိန်ယူ ညှိနှိုင်းဆောင်ရွက်ကြဖို့ လက်ရှိအစိုးရနှင့် အတိုက်အခံပါတီ NLD ကို လူထုကိုယ်စား တိုက်တွန်းပြောကြားလိုပါသည် ။ ကာကွယ်စောင့်ရှောက်၍လည်းမရ ၊ လေးစားလိုက်နာလို့လဲ မဖြစ်နိုင်သော အကျင့်ပျက်ခြစားမှုများ အင်အားကြီး ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံ၏ စီးပွားရေးကို တိုးတက်ရန်အားထုတ်ရင်း အပြိုင်အဆိုင်ရင်းနှီးမြုပ်နှံမှုကို နိုင်ငံတကာတွင် လုပ်ဆောင်နေကြပေသည် ။ တခြားတဖက်တွင်လည်း ပထ၀ီ နိုင်ငံရေးအပါအ၀င် စစ်ရေး ၊ စီးပွားရေးကို လက်ဦးမှုရယူရန် ဆောင်ရွက်နေကြပေသည် ။ ထိုနိုင်ငံအသီးသီးသည် နိုင်ငံရေးတည်ငြိမ်မှုရှိပြီး အနာဂတ် အလားလားအလာ ကောင်းသော တိုင်းပြည်မှာ ရင်းနှီးမြုပ်နှံလိုသည်မှာ သဘာဝကျပါသည် ။ မြန်မာပြည်တွင်မူ ဆက်လက်ရှင်သန်နေသေးသော လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ အားနည်းချိနဲ့နေသေးသော စီးပွားရေး ၊ နိုင်ငံရေး ဆိုင်ရာ တရားစီရင်ရေးများတွင် ကာကွယ်စောင့်ရှောက်၍လည်းမရ ၊ လေးစားလိုက်နာလို့လဲ မဖြစ်နိုင်သော အကျင့်ပျက်ခြစားမှုများရှိနေပေသည် ။ စီးပွားရေးလုပ်ပိုင်ခွင့်ကို လက်တဆုပ်စာလူတစုကချယ်လှယ်ပြီး မတရားစီးပွားရေး ဥပဒေသများကို ပြဌာန်းကာ လူထုကို ဖီနှိပ်မှုများရှိနေပေသည် ၊ အထက်လူကြီးက များများ လာဘ်စားပြီး အောက်ခြေအစိုးရ၀န်ထမ်းအပါအ၀င် လူထုအတွင်း၌ အကျင့်ပျက် ခြစားမှုများလည်း ပြောင်ပြောင်းတင်းတင်း ဖြစ်နေသော စနစ်ဟောင်း အမွေဆိုးကလည်း အမြစ်တွယ်နေပေသည် ။ ပကတိအခြေအနေတွင် တိုင်းပြည်သည် ဆင်းရဲတွင်းနက်ထဲ၌ အကြွေးများ တပုံတခေါင်းရှိနေယုံမက လူထုဘ၀သည်လည်း ကုန်းကောက်စရာမရှိအောင် မွဲတေနေပေသည် ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မတရားရေးဆွဲအတည်ပြု ပြဌာန်းထားပေရာ ပြုပြင်စရာများ ပြည့်နှက်နေပြီး တဆင့်ပြီးတဆင့် ပြုပြင်ပြောင်းလဲရပေမည် ။ တချိန်ချိန်တွင် ရွေးကောက်ပွဲမှ တက်လာ သော အမတ်များသည် လူထုကိုယ်စား လူထုအသံကို ယူဆောင်ပြီး လွှတ်တော်ထဲတွင် တိုင်းပြု ပြည်ပြုလုပ်ငန်းများကို လုပ်ဆောင်ကြမည်ကို လည်း ယုံကြည်မိပါသည် ။အစိုးရ နှင့် အတိုက်အခံ နှစ်ဖက်လုံးမှ အခုရေတွင်းတူးပြီး အခုရေကြည်သောက်လိုသော စိတ်ခံစားမှုကို လျော့ချပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသော မူဝါဒကို ဆုပ်ကိုင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားစေချင်ပါသည် ။ ၂၀၁၄တွင် အာဆီယံ ဥက္ကဌ ရာထူးကို ရယူမည်ဟု ဆုံးဖြတ်ထားပါက တိုင်းပြည်သည် နိုင်ငံရေးတည်ငြိမ်မှုအပါအ၀င် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အိမ်နီးချင်း အာဆီယံနိုင်ငံများဖြင့် ဟန်ချက်ညီ လုပ်ဆောင်ရန် အနည်းဆုံးလိုအပ်ပေသည် ။အတိုက်အခံအင်အားစုများအနေဖြင့်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အင်တိုက်အားတိုက်အနိုင်ရပါက လွှတ်တော်တွင် လူထုကို အကျိုးမပြုသည့် ဥပဒေများကို ယခုထက်ပိုပြီးပြင်ဆင်နိုင်ပါလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည် ။ အတွေးအခေါ်ရှိသော လူထုသည် နိုင်ငံရေးကို မသိနားမလည်ကာ မျက်စိစုံမှိတ်ပြီး လူထုကိုယ်စားလှယ်များကို ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့သည်တော့မဟုတ်ပါ ၊ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး ကနေဒါနိုင်ငံလို ဒီမိုကရေစီ ပါတီစုံပုံစံကို နှစ်ရှည်ချီတက်နေသောနိုင်ငံမှ အဖြစ်အပျက်တစ်ခုကို အလျဉ်းသင့်၍ တင်ပြချင်ပါသည် ။ ကနေဒါနိုင်ငံ၏ ရွေးကောက်ပွဲတွင် ( ၃ ) ကြိမ်ဆက်တိုက်အနိုင်ရခဲ့သော ၀န်ကြီးချုပ် Joseph Jacques Jean Chrétien ဦးဆောင်သည့် လစ်ဘရယ်ပါတီသည် ၁၉၉၃ မှ ၂၀၀၆ ထိတိုင်းပြည်၏ အချုပ်အချာ အာဏာကို ရခဲ့ပေသည် ။ သို့သော် ယခုအခါတွင်မူ ပါတီ၏ မှားယွင်းသော နိုင်ငံရေး စီးပွားရေးဆိုင်ရာမူဝါဒများကြောင့် ရွေးကောက်ပွဲမှတက်လာသော အနိုင်ရ အမတ်အများစုနှင့် ဖွဲ့စည်းသော အစိုးရ အဖြစ်မှ အဆင့်လျောကာ ပါလီမန်တွင်နေရာ အနည်းစုသာရသော လူကြိုက်နည်းသည့် တတိယ အတိုက်အခံပါတီအဖြစ်သို့ လူထုက ပို့ဆောင်ခဲ့သော သာဓကများရှိပေသည် ။ ယင်းအကြောင်းအရာ တချို့ကို အောက်ပါ ၀က်ဆိုက်တွင်ကြည့်နိုင်ပါသည် ။ http://en.wikipedia.org/wiki/Liberal_Party_of_Canada အမေရိကန်နိုင်ငံတွင်လည်း တိုင်းပြည်၏ စစ်ရေးကို အဓိက လုပ်ဆောင်ပြီး လူထု စီးပွားရေးကို ပြည့်ပြည့်၀၀ ဖော်ဆောင်မပေးနိုင်ခြင်း၏ အကျိုးဆက်အဖြစ် ရီပတ်ပလေကင်ပါတီသည် သမ္မတ အိုဘားမားဦးဆောင်သော ဒီမိုကရက်တစ်ပါတီကို ရွေးကောက်ပွဲတွင် မဲရှုံးခဲ့ပေသည် ။ ဒီနေရာတွင် ကျနော်အဓိကထား ဆွေးနွေးလိုသည်မှာ ပါလီမန်ဒီမိုကရေစီ ပါတီစုံ စနစ်တွင် အစိုးရနှင့်အတိုက်အခံအမတ်များသည် ပါတီ၏ ကောင်းမွန်သော မူဝါဒ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာရမှာဖြစ်သလို လူထုဘ၀ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိပါသည် ၊ခေတ်မမီ လူထုအကျိုးမပြုသော ဖွဲ့စည်းပုံ ဥပဒေများကို ပြောင်းတန်ပြောင်း ပြင်တန်ပြင်ရပေမည် ။ အာဏာရှင် စနစ်လို ဘယ်အရာကိုမှ တရားသေ ဆုပ်ကိုင်၍ မရပါ ။ အကယ်၍သာ မှားယွင်းသော မူဝါဒများအပါအ၀င် ပါတီတွင် အကျင့်ပျက်ခြစားမှုများရှိလာ ပါက ရွေးကောက်ပွဲ၌ လူထု၏ မဲမပေးပဲ ဒဏ်ခတ်ခြင်းကိုမလွဲမသွေ ခံရပေမည် ။ သူများ တလှမ်း လှမ်းရင် ကိုယ်က လေး ငါး ဆယ်လှမ်းလှမ်းကာမှ တော်ကာကျမည့် ခေတ် ကျနော်တို့ အဖြစ်က ပျံလွန်တော်မူခါနီး ဘုန်းကြီးအား အိပ်ယာထဲ ပစ်ထားပြီး ဘုန်းကြီးပျံပွဲအတွက် ဘယ်ဇာတ်အဖွဲ့ကို ငှားသင့်သည်ဟု အငြင်းပွားနေသော ဘုရားလူကြီးများအဖြစ်နှင့်တူနေပါသည် ။နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသော ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ရာချက်ကြောင့် ဘက်ပေါင်းစုံမှခြွတ်ခြုံကျနေသော လူမမာတိုင်းပြည်အား ပစ်ထားကာ ပြဿနာကို မီးခွက်ထွန်းရှာပြီးတန်ဘိုးရှိတဲ့ အချိန်များကို အလဟဿ မဖြုန်းသင့်တော့ပါ ၊ မိမိဖက်က ကြည့်လျှင် မှန်ကန်နေပေမဲ့ အုန်းသီးထဲ ဘယ်သူရေလာထည့်သွားတာလည်းဆိုသော ဒဿနလို တွေးခေါ်မှုများကို လျော့ပြီး လက်တွေ့ကျသော အရာများကို လမ်းပျောက်ထဲမှ ပြိုင်တူရုန်းထွက်ပြီး အတူတူ လမ်းဖောက်ရပေမည် ။ ယနေ့အချိန်ထိခေတ်မီနေသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲကလို အစစ အရာရာ အောက်ကျနောက်ကျဖြစ်နေသော မြန်မာပြည်သည် သူများတိုင်းပြည်တွေကို အမှီလိုက်နိုင်ရန်အတွက် သူများ တလှမ်း လှမ်းရင် ကိုယ်က လေး ငါး ဆယ်လှမ်းလှမ်းကာမှ တော်ကာကျမည့် ခေတ်ဖြစ်ပေသည် ။ ခပ်မိုက်မိုက်ပဲ ကြိုက်တဲ့ရွာနှင့် အလိုက်လွဲတဲ့ဇာတ်ပွဲ တခါက ရွာတရွာသို့အငှားလိုက်သော ဇာတ်ပွဲတပွဲ မှ ဇာတ်ဆရာသည် ညဇာတ်ပွဲမကခင် ဒီရွာကလူတွေ ဘာကြိုက်တတ်သလဲဟုသိလို၍ နေ့ခင်းတွင် ရွာရိုးကိုးပေါက်လျှောက်ပြီး ရွာလူထုကို စနည်းနာ ထွက်ခဲ့လေသည် ။ ထိုအခါ ဇာတ်ဆရာသည် ရွာထဲဖြတ်အလျောက်၌ ရွာသား ( ၂ ) ယောက် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ကြသည်မှာ မအေးရိုး မသေသေးပဲကိုး ၊ သေချင်းဆိုး မင်း ဘယ်ရောက်နေတာလည်း ဟု ရွာသားတစ်ယောက်၏ မေးသံကြားရပေသည် ၊ထိုအခါ တခြားရွာသားမှ ပြန်ဖြေကြားသည်မှာ လချီးမှပဲ မြီု့တက်နေတာ နှမပေးရဟု ပြန်ဖြေလေသည်။ ထိုအခါ ဇာတ်ဆရာ စိတ်ထဲတွင် ဒီရွာက အပြောကြမ်းမှ ကြိုက်တာဖြစ်မည် ဟု တေးမှတ်ထားလိုက်သည် ။ ဇာတ်ဆရာ ရွာရေတွင်းနားသို့ အရောက်တွင်မူ ရေခပ်နေသော လုံမပျိုတစ်သိုက်က ဒီည ကမည့်ဇာတ်ပွဲ အကြောင်းပြောသံကြားသည်မှာ ဟဲ့မိန်းမ ဒီညဇာတ်က ခပ်ကြမ်းကြမ်းဖြစ်မှ တို့ကသွားကြည့်မှာ မနှစ်ကဇာတ်လို အိပ်ပျော်နေတုန်း ဟိုလူအနှီုက်ခံရ ဒီလူအနှိုက်ခံရ အဖြစ်မခံနိုင်ဘူးဟု နားစွန်နားဖျားကြားလိုက်လေသည် ။ အမှန်တကယ် သူတို့ ပြောဆိုနေကြသည်မှာ စီးပွားရေးမပြေလည်သော အခုခေတ်တွင် အလုပ်အကိုင်လည်း ရှားပါးသည့်အပြင် လူထုကစီးပွားရေး ကြပ်တည်းသဖြင့် သူခိုး ၊ ခါးပိုက်နှိုက်များ နေရာတကာတွင် သောင်းကျန်းနေသည်ကို ပြောနေကြခြင်းဖြစ်ပေသည် ။မနှစ်ကဇာတ်ပွဲတွင် မြို့ပေါ်မှ ခါးပိုက်နှိုက်များ ရွာသူတွေကို ခါးပိုက်နှိုက်ခြင်းအကြောင်းဖြစ်ပေသည် ။ သို့သော် ရွာသူတွေပြောစကားကို နားစွန်နားဖျားကြားသော ဇာတ်ဆရာ စိတ်ထဲတွင်မူ အခိုင်အမာ ဆုံးဖြတ်လိုက်သည် မှာ ဒီရွာလူထုတွေလက်ခံနိုင်ရန် ဇာတ်ကို ခပ်ကြမ်းကြမ်းကမည်ဟု ယတိပြတ် ဆုံးဖြတ်လိုက်လေသည် ။ ကန့်လန်ကာကို ဆွဲဖွင့်ပြီး လူပြက်က မင်းသမီးကို စခေါ်လိုက်သည်မှာ....... အညာတရိုးမှာ ဖျာမိုးကာ က ပါတဲ့ ငိါုးမရေ...... ထိုအခါ....တခြား လူပြက်များ သံပြိုင်ဆိုကြရာ.... ရိုးနိုင်ကြပါစေ..ရိုးနိုင်ကြပါစေ.. ဇာတ်ဆရာစိတ်ထဲတွင် အဖွင့်မှာ ကတည်းက ခပ်ကြမ်းကြမ်းလေး ဟဲလိုက်လို့ကြိတ်ပြီးကျေနပ်နေပေသည်။ သို့ဖြင့် ခပ်ကြမ်းကြမ်းကြိုက်သော ရွာတွင် ခပ်ကြမ်းကြမ်းစကားလုံးများဖြင့် ဆက်တိုက် ကလိုက်ရာ ရွာသူရွာသားများ ဇာတ်ရုံထဲမှ အလျိုလျိုထွက်ခွာနေရာ ဇာတ်ဆရာ မိုက်ခွက်ကိုင်ပြီး ပြောလိုက် သည်မှာ ... ဒါမှ ကြမ်းတယ် မထင်သေးရင်လည်း မိုးလင်းခါနီးရင် ကျနော် ဇာတ်ဆရာ ကိုယ်တိုင် ဖင်လှန်ပြပါဦးမယ် ဟူသတည်း ။ အထက်ပါဇာတ်လမ်းထဲကလို မြန်မာပြည်သူလူထုက အစိုးရကိုကော အတိုက်အခံကိုကော ပြောကြားလိုသည်မှာ လူထုအသံကို နားစွန်နားဖျားနှင့် မဆုံးဖြတ်ပဲ နှစ် ( ၆၀ ) ရေရှည် ပြည်တွင်းစစ်၏ ဆင်းရဲမွဲတေသော ဘ၀ပျက်များကိုမြင်တွေ့ပြီး ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ဖြစ်မြောက်ရန်သာ လူထုအသံအား တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြင့် တိုက်တွန်း နှိုးဆောက်လိုက်ရ ပါသည် ။ 

**အောင်ခိုင်မြင့်**
29 April 2012

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)